ဉာဏ် (၇၂) ပါး

ဝီကီပီးဒီးယား မှ

ဉာဏ် (၇၃) ပါးမှာ အောက်ပါတို့ ဖြစ်သည်။

၁။ နာကြားအပ်သော တရားသဘော၌ ဖြစ်သော ပညာ သုတမယဉာဏ်။ နာကြားမှုဖြင့် ပြီးသောဉာဏ်။

၂။ နာကြားရ၍ စောင့်စည်းမှု၌ ဖြစ်သော ပညာ သီလမယဉာဏ်။ သီလဖြင့် ပြီးသောဉာဏ်။

၃။ စောင့်စည်းမှုကြောင့် တည်ကြည်မှု၌ ဖြစ်သောပညာ သမာဓိဘာဝနာမယဉာဏ်။ တည်တံ့ပွားများမှုဖြင့် ပြီးသောဉာဏ်။

၄။ အကြောင်းတရားတို့ သိမ်းဆည်းမှု၌ ဖြစ်သော ပညာ ဓမ္မဋ္ဌိတိဉာဏ်။ တရား၌ တည်သောဉာဏ်။

၅။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်နိုင်သော ပညာ သမ္မသနဉာဏ်။ သုံးသပ်သောဉာဏ်။

၆။ ပစ္စု‌ပ္ပန်တရားတို့၏ ဖောက်ပြန်ခြင်းကို ရှုမြင်နိုင်သော ပညာ ဥဒယဗ္ဗယာနုပဿနာဉာဏ်။ အဖြစ်အပျက်ကို ရှုသောဉာဏ်။

၇။ အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သော ပညာ ဝိပဿနာဉာဏ်။ အထူးရှုသောဉာဏ်။

၈။ ဘေးဟူ၍ ထင်မြင်လာသောပညာ အာဒီဝနဉာဏ်။ အပြစ်ကိုသိသော ဉာဏ်။

၉။ လွတ်မြောက်ခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သော ပညာ သင်္ခါရုပေက္ခာဉာဏ်။ သင်္ခါရကို လျစ်လျူရှုသောဉာဏ်။

၁၀။ အပ (ဖြစ်သော၏ သင်္ခါရနိမိတ်) မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သော ပညာ ဂေါတြဘူဉာဏ်။ အနွယ်ကို ဖြတ်သောဉာဏ်။

၁၁။ နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာမဂ္ဂဉာဏ်။ မဂ်ဉာဏ်။

၁၂။ လုံ့လစိုက်ရေးငြိမ်းအေးသောပညာ ဖလဉာဏ်။ ဖိုလ်ဉာဏ်။

၁၃။ သံသရာလမ်းစဉ်ပြတ်မှုကို ရှုမြင်သောပညာ ဝိမုတ္တိဉာဏ်။ လွတ်မြောက်သောဉာဏ်။

၁၄။ ထိုထို မဂ်ဖိုလ်အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုသောပညာ ပစ္စဝေက္ခာဉာဏ်။ ဆင်ခြင်သောဉာဏ်။

၁၅။ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ ဝတ္ထုနာနတ္တဉာဏ်။ အရာဝတ္ထုအထူးထူးကို သိသောဉာဏ်။

၁၆။ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော တရားတို့ကို ပိုင်းခြားမှတ်သားခြင်းဖြင့် (ဖြစ်သော) ပညာ ဂေါစရာနာနတ္တဉာဏ်။ အာရုံအထူးထူးကို သိသောဉာဏ်။

၁၇။ စရိယာတို့ကို ပိုင်းခြားမှတ်သားခြင်းဖြင့် (ဖြစ်သော) ပညာ စရိယာနာနတ္တဉာဏ်။ ဖြစ်ပုံအထူးထူးကို သိသောဉာဏ်။

၁၈။ လေးမျိုးသော တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ ဓမ္မနာနတ္တဉာဏ်။ တရားအထူးထူးကို သိသောဉာဏ်။

၁၉။ ကိုးမျိုးသော တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ ဘူမိနာနတ္တိဉာဏ်။ ဘုံအထူးထူးကို သိသောဉာဏ်။

၂၀။ ထူးခြား၍ သိသောပညာ ဉာတဋ္ဌဉာဏ်။ သဘောပိုင်းခြားသော ဉာဏ်။

၂၁။ ပိုင်းခြားသတ်မှတ်၍ သိသောပညာ တီရဏဋ္ဌဉာဏ်။ ပိုင်းခြား၍ သိသောဉာဏ်။

၂၂။ ပယ်စွန့်ခြင်း၌ ဖြစ်သောပညာ ပရိစ္စာဂဋ္ဌဉာဏ်။ ပယ်စွန့်သောဉာဏ်။

၂၃။ ပွားများခြင်း၌ ဖြစ်သော ပညာ ဧကရသဋ္ဌဉာဏ်။ ကိစ္စထူးကို သိသောဉာဏ်။

၂၄။ မျက်မှောက်ပြုခြင်း၌ ဖြစ်သော ပညာ ဖုသနဋ္ဌဉာဏ်။ သဘောကိုတွေ့သောဉာဏ်။

၂၅။ အနက်အကျိုးအထူးထူး၌ ဖြစ်သော ပညာ အတ္ထပဋိသမ္ဘိဒါဉာဏ်။ အနက်အကျိုးကို ခွဲခြား၍ သိသောဉာဏ်။

၂၆။ ပါဠိအကြောင်းအထူးထူး၌ ဖြစ်သော ပညာ ဓမ္မပဋိသမ္ဘိဒါဉာဏ်။ ပါဠိအကြောင်းကို ခွဲခြား၍ သိသောဉာဏ်။

၂၇။ သဒ္ဒါအထူးထူး၌ ဖြစ်သော ပညာ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်။ သဒ္ဒါကို ခွဲခြား၍ သိသောဉာဏ်။

၂၈။ ထင်မြင်ဉာဏ်အထူးထူး၌ ဖြစ်သော ပညာ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ ပဋိဘာန်ခွဲခြား၍ သိသောဉာဏ်။

၂၉။ နေထိုင်ခြင်းအထူးထူး၌ ဖြစ်သော ပညာ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ ပဋိဘာန်ခွဲခြား၍ သိသောဉာဏ်။

၃၀။ သမာပတ်ဝင်စားခြင်း အထူးထူး၌ ဖြစ်သော ပညာ သသမာပတ္တဋ္ဌဉာဏ်။ ဝင်စားရေးသဘောဉာဏ်။

၃၁။ နေထိုင်ခြင်း၊ ဝင်စားခြင်း အထူးထူး၌ (နှစ်ပါးစုံ၌ ဖြစ်သော) ပညာ ဝိဟာရသမပတ္တဋ္ဌဉာဏ်။ နေထိုင်ရေး၊ ဝင်စားရေးသဘောဉာဏ်။

၃၂။ တည်တံ့ရေး သမာဓိ စင်ကြယ်သည်ဖြစ်၍ အာသဝေါတရား ဖြတ်ခြင်း၌ (ဖြစ်သော) ပညာ အနန္တရိကသမာဓိဉာဏ်။ အခြားမဲ့တည်တံ့ရေးဉာဏ်။

၃၃။ ဝိပဿနာဉာဏ်လျှင် အကြီးအမှူးရှိသော ဝိပဿနာပညာ၊ ငြိမ်သက်သော ဝိဟာရသို့ရောက်သည့် အရဟတ္တဖလသမာပတ္တိပညာ၊ မြတ်သော ဖလသမာပတ်၌ ညွတ်သော ပုဗ္ဗဘာဂပညာ အရဏဝိဟာရဉာဏ်။ ကိလေသာ ကင်းလျက် နေထိုင်ရေးဉာဏ်။

၃၄။ အားနှစ်မျိုးတို့နှင့် ပြည့်စုံခြင်း၊ သင်္ခါရသုံးမျိုးတို့၏ ငြိမ်းခြင်းတို့ကြောင့် တစ်ဆယ့်ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်း၊ ကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့ဖြင့် လေ့ကျင့်ပွားထုံသောပညာ နိရောဓသမာပတ္တိဉာဏ်။ ချုပ်ငြိမ်းမှု ဝင်စားသောဉာဏ်။

၃၅။ ဆင်ခြင်ဉာဏ် ဖြစ်စဉ်ကို ရုပ်သိမ်းခြင်း၌ ဖြစ်သော ပညာ ပရိနိဗ္ဗာနဉာဏ်။ ကိလေသာခန္ဓာ ငြိမ်းအေးသောဉာဏ်။

၃၆။ တရားအားလုံးတို့ကို ကောင်းစွာ ဖြတ်ရာ ချုပ်ရာ၌ တဖန် မဖြစ်သောပညာ သမသီသဋ္ဌဉာဏ်။ အဦးမူ၍ ငြိမ်းအေးသောဉာဏ်။

၃၇။ သီးခြားဖြစ်သောတရား၊ အထူးထူးသော တရားတို့၏ တန်ခိုးကို ကုန်စေရာ၌ ဖြစ်သော ပညာ ဝီရိယာရမ္ဘဉာဏ်။ လုံ့လစိုက်ရေးဉာဏ်။

၃၈။ မဆုတ်နစ်သောစိတ်၊ နိဗ္ဗာန်သို့ စေလွှတ်သောစိတ်တို့ကို အားပေး ထောက်ပံ့ခြင်း၌ ဖြစ်သော ပညာ ဝီရိယာရမ္ဘဉာဏ်။ လုံ့လစိုက်ရေးဉာဏ်။

၃၉။ အထူးထူးသော တရားတို့ကို ပေါ်လွင်အောင် ဖော်ပြသောပညာ အတ္ထသန္ဒဿနဉာဏ်။ အနက်ဖော်ဉာဏ်။

၄၀။ တရားအားလုံးတို့ကို တခုတည်း သိမ်းကျုံးရေတွက်အပ်သည့် အဖြစ်ဟူသော ပညာ။ ထူးခြားသောသဘော တူသောသဘောကို ထိုးထွင်း၍ သိသောပညာ ဒဿနဝိသုဒ္ဓိဉာဏ်။ အမြင် စင်ကြယ်ရေးဉာဏ်။

၄၁။ သိသည်၏ အဖြစ်ကြောင့် ဖြစ်သော ပညာ ခန္တိဉာဏ်။ နှစ်သက်ဉာဏ်။

၄၂။ ဉာဏ်ဖြင့် တွေ့ထိသောကြောင့် ဖြစ်သော ပညာ ပရိယောဂါဟဏဉာဏ်။ သက်ဝင်ဉာဏ်။

၄၃။ စုပေါင်းစည်းလုံးခြင်း၌ ဖြစ်သော ပညာ ပဒေသဝိဟာရဉာဏ်။ စုပေါင်းစည်းလုံးရေးဉာဏ်။

၄၄။ ကြီးမှူးအုပ်စိုးသည်၏ အဖြစ်ဖြင့်ဖြစ်သော ပညာ သညာဝိဝဋ္ဋဉာဏ်။ သညာကြောင့် ကင်းပြတ်သောဉာဏ်။

၄၅။ အထူးထူး၌ ဖြစ်သောပညာ စေတောဝိဝဋ္ဋဉာဏ်။ စေတနာကြောင့် ကင်းပြတ်သောဉာဏ်။

၄၆။ တည်တံ့စေခြင်း၌ ဖြစ်သော စိတ္တဝိဝဋ္ဋဉာဏ်။ စိတ်ကြောင့် ကင်းပြတ်သောဉာဏ်။

၄၇။ ဆိတ်သုဉ်းခြင်း၌ ဖြစ်သော ပညာ ဉာဏဝိဝဋ္ဋဉာဏ်။ ဉာဏ်ကြောင့် ကင်းပြတ်သောဉာဏ်။

၄၈။ စွန့်လွှတ်ခြင်း၌ ဖြစ်သော ပညာ ဝိမောက္ခဝိဝဋ္ဋဉာဏ်။ ဝိမောက္ခကြောင့် ကင်းပြတ်သောဉာဏ်။

၄၉။ မှန်ကန်သော သဘော၌ ဖြစ်သော ပညာ သစ္စဝိဝဋ္ဋဉာဏ်။ သစ္စာကြောင့် ကင်းပြတ်သောဉာဏ်။

၅၀။ ကိုယ်နှင့်စိတ်ကို တခုတည်း ပိုင်းခြားခြင်း၊ ချမ်းသာရေးအမှတ် ပေါ့ပါးလျင်မြန်ရေးအမှတ်ကို ဆောက်တည်သည်၏ အစွမ်းအားဖြင့် ပြည့်စုံခြင်း၌ ဖြစ်သော ပညာ ဣဒ္ဓိဝိဓဉာဏ်။ တန်ခိုး ဖန်ဆင်းသော ဉာဏ်။

၅၁။ ကြံစည်မှု ပျံ့နှံ့သည်၏ အစွမ်းဖြင့် ထူးခြားခြင်းနှင့် တူမျှခြင်းဖြစ်သည့် အသံနိမိတ်တို့ကို သက်ဝင်၍ (သိတတ်သော) သောတဓာတုဝိသုဒ္ဓိဉာဏ်။ နားကြားဓာတ် စင်ကြယ်ရေးဉာဏ်။

၅၂။ စိတ်သုံးပါးတို့၏ ပျံ့နှံ့မှုကြောင့် ဣန္ဒြေ (ပသာဒရုပ်) တို့ ကြည်လင်သည်၏ အစွမ်းဖြင့် ထူးခြားသော သဘော၊ တူမျှသော သဘောရှိသော ဝိညာဉ်၏ ဖြစ်ခြင်းသို့ သက်ဝင်၍ (သိသော) ပညာ စေတောပရိယဉာဏ်။ စိတ်ကြံသိသောဉာဏ်။

၅၃။ အကြောင်းကြောင့် ဖြစ်သော အကျိုးတရားတို့၏ ထူးခြားမှု တူညီမှု ကံပျံ့နှံ့သည်၏ အစွမ်းအားဖြင့် ဖြစ်သော ပညာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ ရှေးဖြစ် အောက်မေ့နိုင်ရေးဉာဏ်။

၅၄။ အရောင်အလင်း၏ အစွမ်းအားဖြင့် ထူးခြားသော တူမျှသော ရူပနိမိတ် ရှုမြင်ခြင်း၌ (ဖြစ်သော) ပညာ ဒိဗ္ဗစက္ခုဉာဏ်။ နတ်မျက်စိနှင့်တူသောဉာဏ်။

၅၅။ ခြောက်ဆယ့်လေးမျိုးသော အခြင်းအရာတို့ဖြင့် ဣန္ဒြေသုံးပါးတို့၏ လေ့လာသည်၏ အဖြစ်ဟု ဆိုအပ်သော ပညာ အာသဝက္ခယဉာဏ်။ အာသဝေါကုန်ရေးဉာဏ်။

၅၆။ ပိုင်းခြား၍ သိခြင်း၌ ဖြစ်သော ပညာ ဒုက္ခဉာဏ်။ ဆင်းရဲကို သိသောဉာဏ်။

၅၇။ ပယ်စွန့်ခြင်း၌ ဖြစ်သော ပညာ သမုဒယဉာဏ်။ တဏှာကို သိသောဉာဏ်။

၅၈။ မျက်မှောက်ပြုခြင်း၌ ဖြစ်သော ပညာ နိရောဓဉာဏ်။ နိဗ္ဗာန်ကို သိသောဉာဏ်။

၅၉။ ပွားများခြင်း၌ ဖြစ်သော ပညာ မဂ္ဂဉာဏ်။ မဂ္ဂင်ကို သိသောဉာဏ်။

၆၀။ ဒုက္ခကို သိသောဉာဏ်။

၆၁။ ဒုက္ခ၏ အကြောင်းကို သိသော ဒုက္ခသမုဒယဉာဏ်။

၆၂။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိသော ဒုက္ခနိရောဓဉာဏ်။

၆၃။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကိုသိသော ဒုက္ခနိရောဓဂါမိနီပဋိပဒါဉာဏ်။

၆၄။ အနက်ကို သိသော အတ္ထပဋိသမ္ဘိဒါဉာဏ်။

၆၅။ ပါဠိကို သိသော ဓမ္မပဋိသမ္ဘိဒါဉာဏ်။

၆၆။ သဒ္ဒါကို သိသော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်။

၆၇။ ပညာကို သိသော ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။

၆၈။ ဣန္ဒြိယပရောပရိယတ္တကို သိသောဉာဏ်။

၆၉။ သတ္တဝါတို့၏ အလိုဆန္ဒနှင့် အနုသယကို သိသော အာသယာနုသယဉာဏ်။

၇၀။ ယမကပါဋိဟီရကို သိသောဉာဏ်။

၇၁။ မဟာကရုဏာသမာပတ္တိကို သိသောဉာဏ်။

၇၂။ သဗ္ဗညုတဉာဏ်။ ၇၃။အနာဝရဏဉာဏ်။

အထက်ပါ (၇၃) ပါးသော ဉာဏ်တို့တွင် (၆၆) ပါးသည် သာဝကတို့နှင့် ဆက်ဆံကုန်၏။ အောက်ဆုံး (၆) ပါးသည် သာဝကတို့နှင့် မဆက်ဆံပေ၊ ဘုရားနှင့်သာ ဆက်ဆံကုန်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန် - မဟာဝဂ်