ဇေယျာမြို့ (သီချင်း)
ပုံပန်းသွင်ပြင်
ဘောင်ငင်ကြိုး။
ရေးသူ
[ပြင်ဆင်ရန်]မြဝတီမင်းကြီး
ဇေယျာမြို့
[ပြင်ဆင်ရန်]ဇေယျာမြို့။ ရွှေဒွါ ရွှေလှေ များလှ သောင်းသောင်း။ ။
နန်းချင်းနန်းချင်း။ လှော်ချည်လေ ပြိုင်ချည်လေ။ ရေးလှ ပြောင်းပြောင်း။ ။
တီးရွမ်း ခြိမ့်မောင်း။ ဧပင်သာ ဧရင့်ငြောင်း။ ပျော်ကြောင်းဆင်ကာ။ ယာဉ်တဲ့ ယာဉ်သီတာ။ ။
မိုးမြေချာလေ ပတ်ကုံးပတ်ကုံး။ စိုးပင်သာ စိုးသိမ်းကြုံး။ ။
ပေါင်းရုံးဆယ်ဖြာ။ ဦးတဲ့ဦးတင်ကာ။ ။
ဘောင်ငင်ရာ။ ထုံဂန္ဓာ။ မာလာသင်းပျံ့လေ။ ။
ရွှေကေသီ။ လေချီချီ။ သိင်္ဂီဝင်းမှည့်။ ဆင်းသူဇာလေလေတည့်။ ဆင်းသူဇာ။
အချို့ (ရွှေရေသီ) ဟုလည်း သီဆိုကြသည်။
- ကေသီမှာ ဆံပင် ဟူသောအနက်။
- ရေသီမှာ ရွက်တို့၏ရေသီကြိုး ဟူသောအနက်ရှိသည်။
ကျေးဇူးတင်ပါသည်
[ပြင်ဆင်ရန်]ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/