ဇေဒါယက

ဝီကီပီးဒီးယား မှ

အရှင်ဇေဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ဇေဒါယကထေရ် သည် မြတ်စွာဘုရား ပွင့်တော်မူရာ ထင်းရှူးဗောဓိပင်တွင် တံခွန်ကို လှူခဲ့၏။ ဗောဓိပင်တွင် ကြွေကျလျက်ရှိသော ဗောဓိရွက်တို့ကိုလည်း ကောက်ကာ စွန့်ပစ်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုအခါ မြတ်စွာဘုရားသည် “ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်သို့ မလားရောက်ရခြင်း၊ နတ်ပြည်၌ နတ်၏ တင့်တယ်ခြင်းကို အတို်င်းမသိ ခံစားရခြင်း၊ အကြိမ်များစွာ တိုင်းနိုင်ငံတို့တွင် မင်းဖြစ်ခြင်း၊ ‘ဥဂ္ဂတ’ အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခြင်း တို့ကို ခံစားရလတ္တံ့။ ထို့ပြင် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာသနာတော်၌ မွေ့လျော်ရလတ္တံ့” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဇေဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်