မာတိကာသို့ ခုန်သွားရန်

ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်

ဝီကီပီးဒီးယား မှ
ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်အသုံးပြုသည့် နိုင်ငံများပြမြေပုံ:
  ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ကို အများပြည်သူ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့် နိုင်ငံများ
ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်ကို ဖော်ကျူးသည့် အမှတ်တံဆိပ်၊ အများအားဖြင့် နိုင်ငံကူးလက်မှတ်၏ အရှေ့ဖုံးတွင်ပါရှိသည်

ဇီဝအမှတ်အသားပါ နိုင်ငံကူးလက်မှတ် (biometic passport) တစ်နည်းအားဖြင့် အီလက်ထရောနစ် ပတ်စ်ပို့၊ အီ-ပတ်စ်ပို့၊ ဒီဂျီတယ်ပတ်စ်ပို့စ် စသဖြင့် ခေါ်ဆိုသည်။

စာရွက်နှင့် အီလက်ထရောနစ် ရောပေါင်းထားသည့် နိုင်ငံကူးလက်မှတ်ဖြစ်ပြီး၊ ကိုင်ဆောင်သူ၏ ဇီဝအချက်အလက်များဖြစ်သည့်၊ လက်ဗွေ၊ လက်ဝါးဗွေ၊ မျက်ဆံအချက်အလက်များကို အခြေခံကာ မည်သူမည်ဝါဖြစ်ကြောင်း လျင်မြန်စွာ စစ်ဆေးနိုင်သည့် စနစ်ဖြစ်သည်။

ထိတွေ့စရာမလိုသည့် စမတ်ကဒ်ကို အသုံးပြုပြီး၊ မိုက်ခရိုပရိုစက္ဆာ၊ စစ်ဆေးမည့် စက်မှ လျှပ်အားပေးနိုင်ရန်နှင့် ဆက်သွယ်နိုင်ရန် အင်တာနာကို နိုင်ငံကူးလက်မှတ်၏ အလယ်၊ မျက်နှာဖုံး (သို့) အနောက်ဖုံးထဲတွင် တပ်ဆင်ထားသည်။ နိုင်ငံကူးလက်မှတ်ထဲတွင် ပါရှိသည့် အချက်အလက်များကို အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းဖွံ့ဖြိုးရေး အဖွဲ့ (ICAO) Doc 9303 တွင် သိမ်းဆည်းထားသည်။[][][]

နိုင်ငံအများစုသည် ၎င်းတို့၏ နိုင်ငံသားများအတွက် ဇီဝမက်ထရစ် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိသည်။ မလေးရှားနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ဇီဝမက်ထရစ် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးသည့် ပထမဆုံးနိုင်ငံ ဖြစ်ခဲ့သည်။[] ၂၀၀၈ ခုနှစ် အကုန်တွင် နိုင်ငံပေါင်း ၆၀ သည် ထိုကဲ့သို့သော နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ပြီး []၂၀၁၉ ခုနှစ် နှစ်လယ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော်အထိ တိုးလာခဲ့သည်။ []

နိုင်ငံကူးလက်မှတ်၏ အရေးပါသည့် အချက်အလက်များကို အထဲစာမျက်နှာတွင် ပုံနှိပ်ထားပြီး၊ ကြေးကဒ်ပြားပေါ်တွင်လည်း သိမ်းဆည်းထားသည်။ စက်ပစ္စည်းများကို သေခြာတပ်ဆင်ထားပြီး၊ Public Key Infrastructure (PKI)ကို အသုံးပြု၍ သိမ်းဆည်းထားသည့် အချက်အလက်များကို လျှပ်စစ်နည်းဖြင့် စစ်ဆေးသောကြောင့်၊ အတုအပပြုလုပ်နိုင်ရန်အတွက် လွန်စွာ ခက်ခဲဈေးကြီးသည်။

လက်ရှိတွင် ဇီဝအမှတ်အသားဖြင့် အသိအမှတ်ပြု စံနှုန်းများမှာ- လူ၏ မျက်နှာအချက်အလက်၊ လက်ဗွေအချက်အလက်၊ မျက်ဆံ မှတ်မိနိုင်ခြင်း တို့ဖြစ်သည်။ ထိုစံနှုန်းများ ဖြစ်လာရန် လက်တွေ့စမ်းသပ်မှုများ များစွာပြုလုပ်မှုများထဲတွင် မျက်ကြည်လွှာဖတ်စစ်မှုလည်းပါဝင်ခဲ့သည်။ ICAO မှ မည်သို့ စနစ်ဖြင့် နိုင်ငံကူးလက်မှတ်သို့ ဆက်သွယ်မှုများ၊ အချက်အလက်သိမ်းစည်းမှုများ ပြုလုပ်နိုင်ရန် စံနှုန်းများကို သက်မှတ်ထားသည်။ ဂျေပဂ် (သို့) ဂျေပဂ်၂၀၀၀ အမျိုးအစား ဒစ်ဂျစ်တယ်ပုံရိပ်ကို အသုံးပြုပြီး ကြေးပြားထဲတွင် သိမ်းဆည်းထားသည်။ အီလက်ထရောနစ်နည်းဖြင့် စစ်ဆေးနိုင်သည့် ကောင်တာများ(e-borders)ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ်ထဲရှိ ကြေးပြားထဲမှ အချက်အလက်များကို စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ထိတွေ့ရန်မလိုသည့် ကြေးပြားထဲသို့ အချက်အလက်များ သိမ်းဆည်းနိုင်ရန် ၃၂ ကီလိုဘိုက် ပါရှိသည့် အီးအီးပီရွမ် မှတ်ဉာဏ်ကို အသုံးပြုထားပြီး နိုင်ငံတကာစံနှုန်း ISO/IEC 14443ကို အခြေခံ၍ အလုပ်လုပ်သည်။ ထိုစံနှုန်းများသည် တစ်နိုင်ငံမှ တစ်နိုင်ငံ ထုတ်လုပ်ကြသည့် နိုင်ငံကူးလက်မှတ်များကို တပြေးညီ စစ်ဆေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။[]

တချို့သော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ (ဥပမာ နယ်သာလန်, အယ်လ်ဘေးနီးယား နှင့် ဘရာဇီး) တွင် ဇီဝအချက်အလက် နိုင်ငံကူးလက်မှတ်များကို ICAO9303 စံနှုန်းအပြည့် အသုံးပြုထားသော်လည်း၊ အမေရိကန် နိုင်ငံကူးလက်မှတ်ကဒ်သည် စံနှုန်းမညီပေ။[]

အသုံးပြုနေသော နိုင်ငံတစ်ချို့များ

[ပြင်ဆင်ရန်]

အရှေ့တောင်အာရှနိုင်ငံများ

[ပြင်ဆင်ရန်]

ဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ် ပုံစံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ICAO Document 9303, Part 1, Volume 1 (OCR machine-readable passports) (PDF)။ 8 September 2010 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ICAO Document 9303, Part 1, Volume 2 (e-passports) (PDF)။ 11 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2010 တွင် ပြန်စစ်ပြီး။
  3. ICAO Document 9303, Part 3 (credit-card sized ID cards) (PDF)။ 8 September 2010 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. Mohd Jamal Kamdi။ THE MALAYSIAN ELECTRONIC PASSPORT 27 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2018 တွင် ပြန်စစ်ပြီး။
  5. "Over 60+ countries now issuing ePassports" (in en-US)၊ FindBiometrics၊ 30 December 2008။
  6. The electronic passport in 2021 and beyond (in en-US)။ Thales Group။ March 31, 2021 တွင် ပြန်စစ်ပြီး။
  7. ICAO Document 9303, Part 1, Volume 1 (OCR machine-readable passports) (PDF)။ 21 February 2017 တွင် ပြန်စစ်ပြီး။
  8. Hegemann, Hendrik (March 2015). "Constructions of Effectiveness and the Rationalization of Counterterrorism Policy: The Case of Biometric Passports". Studies in Conflict & Terrorism 38 (3): 199–218. doi:10.1080/1057610X.2014.982384.