မာတိကာသို့ ခုန်သွားရန်

ဇီဇဝါ

ဝီကီပီးဒီးယား မှ
Gardenia jasminoides
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Rubiaceae
မျိုးဇာတ်: Gardenieae
မျိုးစု: Gardenia
မျိုးစိတ်:
G. jasminoides
ဒွိနာမ
Gardenia jasminoides
Synonyms[၁]

ဇီဇဝါပင် သည် ပန်းပင်ဖြစ်၏။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူ သို့မဟုတ် လိမ်မော်ရောင် ရှိသည်။ ဇီဇဝါ ပန်းအနံ့သည် စပယ်ပန်းအနံ့နှင့်တူ၏။ ဇီဇဝါပန်းသည် နွမ်းပြီး ဝါသွားတဲ့ အချိန်ထိတိုင်အောင် မွှေးပျံ့သည့် ရနံ့ ရှိသည်။ ပွင့်ဖတ်များသည် နူးညံ့၍ အရောင်တောက်ပ၏။ အပွင့်၌ အထပ်နှစ်ထပ်ရှိတတ်သည်။ ဇီဇဝါပင်သည် အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်းများ တွင် ပေါက်ရောက်လေ့ရှိ၏။ အမြဲတမ်းစိမ်းနေသည့် ဇီဇဝါပန်းပင်သည် ချုံပုတ်မျိုး ဖြစ်ပြီး နေအပူကို ခံနိုင်စွမ်းရှိသော အပင်မျိုး ဖြစ်သည်။ အင်္ဂလိပ်အမည် gardenia လို့ခေါ်တွင်ပြီး cape jasmine ဟုလည်း ခေါ်ကြသည်။

မူလဇာတိ

[ပြင်ဆင်ရန်]

ဇီဇဝါ၏ရုက္ခဗေဒအရ Gardenia jasminoides 'ရူဗီအေစီအီး'မျိုးရင်း ဖြစ်သည်။ ဇီဇဝါ၏ မူလဇာတိနေရာသည် တရုတ်၊ဂျပန်တို့ ဖြစ်ကြသည်။ ဇီဇဝါပန်း၏ ဇာတိနေရာမှာ အမေရိကန်ပြည်ထောင်စု မဟုတ်သော်လည်းပဲ ၁၈ရာစုက အမေရိကန်လူမျိုး ဆေးပညာရှင် Dr. Alexander Garden ၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ယနေ့အခါမှာတော့ ကမ္ဘာပေါ်မှာ ဇီဇဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်ခန့်ရှိနေပါပြီ။ ဇီဇဝါပန်းပင်များကို တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ပူနွေးစွတ်စိုတဲ့ ရာသီဥတု ရှိသော အရှေ့တောင်အာရှ နိုင်ငံများ ၊ ပစိဖိတ် ကျွန်းများ နှင့် တောင်အာဖရိက တိုက်နိုင်ငံများမှာ တွေ့ရသည်။

ပေါက်ရောက်ပုံ

[ပြင်ဆင်ရန်]
ဇီဇဝါဖူး

ဇီဇဝါပန်းပင်သည် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက် ( ၂၉.၆ ဒီဂရီစင်တီဂရိတ်) အနည်းဆုံးလိုအပ်ပြီး နေရောင်ကို ကြိုက်နှစ်သက်ပါသည်။ အရွက်တွေက ဘဲဥပုံဖြစ်ပြီး တောက်ပတဲ့ အစိမ်းရောင်ရှိသည်။ အပင်က ၂ပေမှ ၈ ပေအထိ မြင့်ပြီး ကိုင်းဖြတ် မျိုးပွားယူနိုင်သည်။ စွတ်စိုပြီး ရေစီးရေလာ ကောင်းမွန်တဲ့ မြေဆီလွှာမျိုးကို နှစ်သက်ပြီး pH ၅.၀ နှင့် ၆.၀ အတွင်းရှိသည့် မြေဆီလွှာကို နှစ်သက်ပါသည်။ မြေကြီးတွင် ချစိုက်၍သော်လည်းကောင်း ၊ ပန်းအိုးတွင်းမှာသော်လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ မြေကြီးချ စိုက်ပျိုးလျှင်တော့ ချုံပုတ်သဖွယ်ကြီးထွားမြန်ပါသည်။

ထူးခြားချက်

[ပြင်ဆင်ရန်]

ဇီဇဝါပန်းသည် အဖြူရောင်ရှိပြီး နွမ်းသွားလျှင် အဝါရောင်သို့ ပြောင်းသွားသည်။ နွမ်းပြီး အဝါရောင် ဖြစ်သွားသည့်တိုင်အောင် မွှေးရနံ့ ပျက်ပြယ်သွားခြင်း မရှိပေ။ အနောက်နိုင်ငံများမှာတော့ ဇီဇဝါပန်းကို ပန်းအလှပြင်ဆင်ခြင်း နဲ့ မင်္ဂလာပွဲများမှာ အသုံးပြုကြသည်။ ဇီဇဝါပန်းကို အသုံးပြုခြင်း ၊ ဆောင်ခြင်းဖြင့် လုံခြုံစိတ်ချနွေးထွေးမှုရှိသည်ဟု့ အယူရှိကြသည်။ ဇီဇဝါပန်း၏ အခြား အဓိပ္ပာယ်ကတော့ လှို့ဝှက်အချစ် ဖြစ်ပြီး မိန်းကလေးတစ်ဦးအား ဇီဇဝါပန်းပွင့်ကို လက်ဆောင်ပေးခြင်းဟာ အဲဒီ မိန်းကလေးက ချစ်စရာကောင်းတယ်လို့ ညွှန်းဆိုခြင်းဖြစ်သည်။ အဝါရောင်ဇီဇဝါသီးများ ကို တရုတ်နိုင်ငံနှင့် ဂျပန်ပြည်တို့တွင် ဆေးဆိုးရာ၌ အသုံးပြုကြသည်။ နှစ်ထပ်ပန်းပွင့်ကြီးများ ပွင့်သော ဇီဇဝါပင်မျိုးများသည် အကောင်းဆုံးဖြစ်သည်။ ထိုအပင်မျိုးများကို 'မစ်စထရီ' နှင့် 'ဗဲလမွန့်'ဟု ခေါ်သည်။[၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. Gardenia jasminoides J.Ellis။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 13 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2020 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)