ဇိုးလန့်တောင်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (August 2015) |
ဇိုးလန့် | |
---|---|
Mowdok Mual | |
View of Zow Tlang from the nearest village, Dowlian Para. | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၁,၀၂၁.၆၉ m (၃,၃၅၂.၀ ft) |
ပေါ်လွင်မှု | ၁၃၀ မီတာ (၄၃၀ ပေ) |
Isolation | ၁၃ ကီလိုမီတာ (၈.၁ မိုင်) |
စာရင်းသွင်းခြင်း | en:List of mountains of Bangladesh |
ကိုဩဒိနိတ် | 21°40′23.78″N 92°36′16.01″E / 21.6732722°N 92.6044472°Eကိုဩဒိနိတ်: 21°40′23.78″N 92°36′16.01″E / 21.6732722°N 92.6044472°E |
ပထဝီဝင် | |
တည်နေရာ | ဘင်္ဂလားဒေ့ရှ် − မြန်မာနယ်စပ် |
ပင်မတောင်တန်း | Mowdok Range |
ဇိုးလန့်တောင် သည် ဘင်္ဂလားဒေ့ရှ် − မြန်မာနယ်စပ်တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။
ဝေါဟာရသမိုင်း[ပြင်ဆင်ရန်]
Bawn ဘာသာစကားတွင် ဇိုး (Zow) သည် မိဇို(Mizo) ဟု အဓိပ္ပါယ်ရသည်။ မိဇိုသည် အိန္ဒိယစကား မိဇိုရမ် (Mizoram) မှ ဆင်းသက်လာသည့် ဝေါဟာရတစ်ခု ဖြစ်သည်။[၁][၂]
တောင်ထိပ်အပေါ်သို့ ၂၀၀၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် စွန့်စားသူများ ဖြစ်ကြသည့် Subrata Das Nitish နှင့် Bijoy Shankar Kar တို့သည် တက်ရောက်နိုင်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် သူတို့ပင် နောက်တစ်ကြိမ် တက်ခဲ့ကြပြန်သည်။ GPS ကိရိယာပါမသွားသည့်အတွက် တောင်၏ အမြင့်ကိုမူ မတိုင်းတာနိုင်ခဲ့ပေ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် Banga Trek အဖွဲ့သားများ ဖြစ်ကြသည့် Tashdid Rezwan Mugdho, T arikul Alom Sujon, Salehin Arshady နှင့် S.M. Mainul တို့သည် တောင်ထိပ်ပေါ်သို့ တတိယမြောက်တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။ သူတို့သည်လည်း တောင်၏ အမြင့်နှင့် တည်နေရာကို သမားရိုးကျထုံးစံအတိုင်း တိုင်းတာခဲ့သည်။[၃] ထိုအဖွဲ့၏ အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် Mugdho နှင့် Sujon တို့သည် Bandarban သို့ ပြန်ရာလမ်းတွင် ဘတ်စကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့သည်။ အခြားနှစ်ဦး ဖြစ်သည့် Salehin နှင့် Mainul တို့မှာမူ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။
ထိုတောင်ပေါ်သို့ Shahzaman Chowdhury Hira ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် တက်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် တောင်ပေါ်သို့ တတိယမြောက်တက်ရောက်သည့်အဖွဲ့ ဖြစ်ခဲ့သည်။ ထိုအဖွဲ့တွင်အဖွဲ့ဝင် ခြောက်ဦးပါသည်။ ထိုအဖွဲ့ဝင်များမှာ Sharfaraj Hussain Jony , Sidratul Afia Mohona, Mahbubur Rahman, Abdullah Anas Oni and Baqui Billah Milon တို့ ဖြစ်ကြသည်။[၄] ထိုအဖွဲ့ဝင်ခြောက်ဦးတွင် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး တောင်ပေါ်သို့ တက်ရောက်နိုင်သည့် ပထမဆုံးသော အမျိုးသမီး ဖြစ်ခဲ့သည်။ ထို့နောက်တွင် အခြားသော အဖွဲ့များသည်လည်း တောင်ပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Bangla Trek
- ↑ List of peaks in Bangladesh။ 28 January 2015 တွင် ပြန်စစ်ပြီး။
- ↑ Bangla Trek
- ↑ Zow Tlang (Mowdok Mual) as seen from the nearest mountain village Dowlian Para။