ဇိကုပ် နတ်ပြည်တင်

ဝီကီပီးဒီးယား မှ

ဇိကုပ် နတ်ပြည်တင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

နတ်ပြည်သို့ မလိုက်လိုသူအား ဇိကုပ်၍ နတ်ပြည်သို့ ဆွဲတင်သည်ဆိုသကဲ့သို့ ကောင်းရာကောင်းကြောင်း မလုပ်လိုသူအား မလုပ်လုပ်အောင် ပြုသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ပါရမီမပြတ်ဖြည့်၊ ချိန်ခွင်ကြီးလိုမတ်မတ်တည့်၊ ဇိကို ကုပ်၍ နတ်ပြည်တင်၊ ပျော်ရွှင်စိတ်ကြိုက်၊ လိုမလိုက်နှင့်။" [၁၂၂၅-ခန့်] ပုည။ ၁၇၃။
  • ဇိကုပ် နတ်ပြည်တင်ဆိုတဲ့စကားအတိုင်း နိဗ္ဗာန်ဆော်ကြီးက နောင်သံသရာ စီးပွားရေးနှင့်စပ်လျဉ်းပြီး ခပ်တင်းတင်း နှိုးဆောင်၍ ချီးမြှောက်တော့ နေ့စဉ်ကုသိုလ်ကြီး အထမြောက်သွားတာပေါ့။" [၁၂၇၈] သာရီ၊ ဆ။ ၁၃၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၀။