ဇာမဏီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဖီးနစ်ငှက်ဆိုတာ ဂရိဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ပေါ့၊ ဘဝသစ်ကို ဖန်ဆင်းဖို့ ကိုယ့်အသက်ကိုယ်စတေးတဲ့ ငှက်အဖြစ် လူသိများပါတယ်။ အသက်ရှည်ခြင်း၊ ဘဝသစ်ဖန်ဆင်းရန် မိမိအသက်ကို မိမိစတေးခြင်း၊ ပြာပုံထဲမှ တစ်ဖန်ပြန်လည်နိုးထလာခြင်း စတာတွေဟာ လူတွေ အားကျလောက်တဲ့ ဖီးနစ်ရဲ့ ဝိသေသလက္ခဏာတွေပါပဲ။ ပညာရှင်တွေကတော့ ဖီးနစ်ငှက်ဟာ နေမင်းသူရိန်၊ အချိန်ကာလ၊ ဘဝနိဗ္ဗာန်၊ အပျိုစင်၊ ပုံမှန်ထက်ထူးခြားသော လူသားနဲ့ ဘာသာရေးဆက်နွယ်တဲ့ ပုံရိပ်တွေ(ဥပမာ ခရစ်တော်၊ မယ်တော်မေရီ) စတာတွေရဲ့ သင်္ကေတ၊ ရှင်ပြန်ထမြောက်ခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။ ဖီးနစ်ငှက်ဟာ အသက်အင်မတန်ရှည်တဲ့ငှက်ပါ၊ ဒါပေမယ့် အိုမင်းတတ်ပါတယ်၊ သူ တဖြည်းဖြည်းအိုမင်းလာတဲ့အခါမှာ နောက်ဆုံး မီးပုံထဲမှာ ကိုယ့်အသက်ကိုယ် စတေးလိုက်ပါတယ်၊ အဲဒီနောက်မှာတော့ အချိန်တစ်ခုအတိုင်းအတာအတွင်း သူ့ကိုယ်သူ မီးရှို့သဂြိုင်္လ်ထားတဲ့ ပြာပုံထဲကနေ ဘဝအသစ်တစ်ခု ပြန်လည်ရှင်သန်မွေးဖွားအစပြုစေပါတယ်။ သည်လို အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီထဲက ဖီးနစ်ငှက်အကြောင်း သိလာပြီးတဲ့နောက်မှာ ကျွန်တော့်ခေါင်းထဲကို ဇာမဏီငှက်ဆိုတဲ့ ဝေါဟာရတစ်မျိုးက ချဉ်းနင်းဝင်ရောက်လာတယ်။ ဇာမဏီငှက်ဆိုတာ ဘာပါလိမ့်ပေါ့။ မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာစာပေတွေမှာတော့ စာမရီ၊ ဇာမဏီဆိုတာကို တော်တော်အလေးဂရုပေးပြီး ဖော်ပြလေ့ရှိတာကလား။ ကျွန်တော့်ရဲ့ ချောက်တီးချောက်ချက် အတွေးတိမ်တိမ်လေးထဲမတော့ ဇာမဏီဆိုတာ မြန်မာဒဏ္ဍာရီထဲက ဖီးနစ်ငှက်ပဲ ဖြစ်ရမယ်လို့ တွေးမိတယ်။ ဂရိဒဏ္ဍာရီမှာ ဖီးနစ်ဆိုတာ အင်မတန် အလေးဂရုပေးရတဲ့ ဝေါဟာရဖြစ်သလို စာမရီ(ဇာမဏီ)ဆိုတာလဲ မြန်မာစာပေပညာရှင်တွေက ခေတ်အဆက်ဆက် အလေးဂရုပေးခဲ့တဲ့ ဝေါဟာရမဟုတ်လား။ ဇာမဏီရဲ့အမွှေးအတောင်ကို ရှေးမြန်မာတွေက တန်ဖိုးထားကြတယ်လို့ ဆိုလေတော့လည်း ဒေါင်းလိုပဲ ငှက်သတ္တဝါလို့ ယူဆလိုက်တာပါ။ စာမရီယပ်Italic textဆိုတာကိုလဲ မြန်မာဘုရင်တွေက အင်မတန်တန်ဖိုးထားကြတယ်လေ။ ဒီအတွေးလေးကို လက်ခံရင်းနေလာလိုက်တာ ဖီးနစ်ဆိုတာနဲ့ ဇာမဏီဆိုတာကို ခဏခဏမြင်လာရတော့ အဓိပ္ပါယ်တူရင် တစ်လုံးပဲ သုံးရမှာ ဘာလို့ နှစ်လုံးသုံးပါလိမ့်လို့ တွေးမိလာပြန်တယ်။ သည်လိုနဲ့ ဇာမဏီဟာ ဘာလဲ စိတ်ဝင်စားနေမိတဲ့အချိန်မှာပဲ ကမ္ဘောဇဆောင်းနှင်းရည်ရေးတဲ့ စာမရီပြဿနာဆိုတဲ့ ဆောင်းပါးလေးဖတ်မိမှပဲ အမလေး လွဲပါပေါ့လားလို့ ရေရွတ်မိပါတော့တယ်။ ဒါလဲ လူက မကျေနပ်သေးဘူးဗျ၊ ထပ်ရှာပြန်တော့ မြန်မာ့စွယ်စုံကျမ်းထဲမှာ ထပ်တွေ့ပါတယ်။ ဒီတော့မှ ကိုယ့် အတွေးတွေ မှားခဲ့ကြောင်း လက်ခံလိုက်ရပါတော့တယ်။ မြန်မာ့စွယ်စုံကျမ်းတို့၊ ကမ္ဘောဇဆောင်းနှင်းလှိုင်ရဲ့ ဆောင်းပါးတို့မှာတော့ သက်သေ၊သက္ကာရအပြည့်အစုံနဲ့ ရေးသားတင်ပြထားပေမယ့် စာလေးမှာစိုးလို့ ကျွန်တော်အကြမ်းဖျင်းပဲ ရေးပြသွားပါမယ်နော်။ တကယ်တော့ စာမရီဆိုတာ ငှက်မျိုးနွယ်မဟုတ်ပါဘူးတဲ့... အောင်းလို့ ခေါ်တဲ့ နွားမျိုးနွယ်ပါတဲ့ဗျာ။ အင်း... လွဲချက်ကတော့ နည်းနည်းလေးပါပဲနော်... စွယ်စုံကျမ်းထဲမှာတော့ စာမရီဟာ အမြင့်ပေ၁၆၀၀၀ကျော်တဲ့ တိဗက်ကုန်းပြင်မြင့်မှာ တွေ့နိုင်တဲ့ ကျွဲ၊နွားမျိုးနွယ်ဝင် သားကောင်တစ်မျိုးပါတဲ့။ အိန္ဒိယနဲ့ တရုတ်နိုင်ငံ အချို့ဒေသတွေမှာလည်း တွေ့နိုင်ပါတယ်။ အမြင့်ကတော့ ပခုံးကတိုင်းရင် ၆ပေကျော်ပြီး အလေးချိန်က ပေါင်၁၀၀၀ကျော် စီးပါတယ်တဲ့။ အရောင်ကတော့ အနက်၊ အညိုရင့်ရောင်၊ အမွှေးတွေက နုပြီး ရှည်ပါတယ်၊ အမြီး၊ ခြေထောက်၊ ကိုယ်အောက်ပိုင်းက အမွှေးတွေက ပိုပြီးရှည်ပါတယ်တဲ့။

သည်လိုနဲ့ တကယ့်စာမရီသားကောင်ရဲ့ ပုံစစ်စစ်ကို မြင်လိုက်ရတဲ့အခါ ကျွန်တော် တော်တော်လေး အံ့ဩသွားရပါတော့တယ်။ ကြည့်ပါဦး... လှလဲ မလှဘူး၊ နွားတို့၊ ကျွဲတို့နဲ့ ဘာများ ကွာခြားလို့ပါလဲ။ ဘာကြောင့်များ ရှေးမြန်မာ့ပညာရှင်တွေက သည်သတ္တဝါကို စာတစ်တန်၊ပေတစ်တန်နဲ့ ဖွဲ့နွဲ့စပ်ဆိုခဲ့ကြပါလိမ့်ဆိုတာ ကျွန်တော့်အတွေးထဲ မေးခွန်းဖြစ်လာတော့တယ်။ သည်မေးခွန်းရဲ့ အဖြေကိုတော့ ကမ္ဘောဇဆောင်းနှင်းလှိုင်ရဲ့ ဆောင်းပါးက ဖြေထားပေးပါတယ်။ စာမရီဟာ မိမိရဲ့ မြီးဆံကို အလွန်တန်ဖိုးထားတဲ့အကြောင်း၊ အသွားမတော်လို့ ခြုံ၊နွယ်မှာ ငြိမိရင်တောင်မှ အမွေးတစ်ပင် အကျွတ်မခံ၊ မရုန်းမကန် အသံသာ အသေခံတတ်တဲ့အကြောင်း၊ သေသွားတဲ့အခါ မြီးဆံနဲ့ သားမီးယပ်လုပ်လိုလျှင် အလှမပျက် နဂိုအတိုင်းရပါစေဆိုတဲ့ စိတ်စေတနာမွန်မျိုးရှိတဲ့အကြောင်း သိနိုင်ပါတယ်။ အင်း... ဟုတ်ပေတာပေါ့နော်... စာမရီဆိုတာ သူ့မြီးဆံကို အသက်ထက် တန်ဖိုးထားတယ်မဟုတ်လား။ သည်လိုပဲ မြန်မာစာပေပညာရှင်တွေကလဲ လူသားတွေအနေနဲ့ မိမိရဲ့ သီလကို စာမရီက သူ့မြီးဆံကို အသက်အသေခံပြီး တန်ဖိုးထားသလို လူသားတွေအနေနဲ့ မိမိရဲ့ သီလကို ထပ်တူတန်ဖိုးထားကြဖို့ တင်စားတိုက်တွန်းခဲ့တာ