ဇာဂနာ(ကိရိယာ)

ဝီကီပီးဒီးယား မှ
ဇာဂနာ အမျိုးမျိုး

ဇာဂနာ(ကိရိယာ)သည် ၁၉၇၉-ခု၊ ဩဂုတ်လထုတ်မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ(၂) ဆ-န၊ စာမျက်နှာ-၄၅ တွင် ဇာဂဏာ ဟုရေးသည်။ ဇာဂနာသည် သေးငယ်သော ပစ္စည်းလေးများအား ညှပ်၍ ယူနိုင်ရန်အတွက် တီထွင်ထားသော ကိရိယာ အသေးစားတစ်ခုဖြစ်သည်။ မွေးညှင်းများအား ညှပ်ယူနိုင်သောကြောင့် မွေးညှပ်ဟူ၍ လည်းကောင်း ၊ မြီးညှပ်ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ဤပစ္စည်းကလေးသည် အလွန်သေးငယ်သော်လည်း အသုံးဝင်မှုများစွာ ရှိသည်။ သေးငယ်သော အစိတ်အပိုင်းများပါရှိသည့် စက်ပစ္စည်းများအား ပြုပြင်ရာ၌ လွန်စွာ အသုံးဝင်လေ့ရှိသည်။ မြန်မာဘာသာ၌ ၎င်း ဇာဂနာ၏ အရေအတွက်အား ရေတွက်ရာတွင် ချောင်း သို့မဟုတ် ခု ဖြင့် ရေတွက်ကြရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.mmspelling.info/?p=52521[လင့်ခ်သေ]