ဇမ္ဗူဒီပဥဆောင်းကျမ်း

ဝီကီပီးဒီးယား မှ

ဇမ္ဗူဒီပဥဆောင်းကျမ်း[ပြင်ဆင်ရန်]

ဇမ္ဗူဒီပဥဆောင်းသည် ဇမ္ဗူဒီပါကျွန်း၏ဥဆောင်းသဖွယ် မြန်မာနိုင်ငံ၏ ပထဝီဝင်နှင့် အုပ်ချုပ်ပုံစနစ်တို့ကို ဖော်ပြသော ကျမ်းဖြစ်သည်။ အပိုင်းသုံးပိုင်းရှိ၏။ ပထမပိုင်း၌ ရွှေတိဂုံစေတီ သမိုင်းမှစ၍ မြန်မာတိုင်းရေးပြည်ရေးဆိုင်ရာ ပထဝီဝင်နှင့်နယ် နိမိတ် စသည်တို့ကိုဖော်ပြသည်။ ဒုတိယပိုင်း၌ရှမ်းပြည်သမိုင်း၊ ၉၆၃ ခုရွာအချို့တို့၏ အကြောင်းအရာများနှင့် ၉၉၉ ခု အောက်မြန်မာပြည်ဆိုင်ရာ အမိန့်တော်စသည်တို့ကို ဖော်ပြ သည်။ တတိယပိုင်း၌ ၉၉၉ ခုမှ ၁၁ဝ၃ ခုအတွင်းပြုစုသော မြန်မာနိုင်ငံအရပ်ရပ် ဆိုင်ရာ စစ်တမ်းစသည်တို့ကို ဖော်ပြ သည်။ ထိုကျမ်းကို မည်သူပြုစုစီရင်သည်ဟူ၍ အသေအချာ မသိရချေ။ သို့ရာတွင် နိုင်ငံတော်အုပ်ချုပ်ပုံစနစ်ကို သိလို၍ စစ်တမ်းရှာဖွေရန် အမိန့်ထုတ်သော အနောက်ဘက်လွန်မင်း တရားကြီး၏ အမိန့်တော်ကို အစွဲပြု၍ဖြစ်ပေါ်လာသောစစ်တမ်း၊ အမှာတမ်း၊ အမိန့်တော်စသည်တို့၏ ညွန်ပေါင်းသည် ဇမ္ဗူဒီပ ဥဆောင်းကျမ်းဖြစ်သည်ဟု ယူဆကြ၏။ ဇမ္ဗူဒီပဥဆောင်းကျမ်း တွင် ဘိုးတော်ဘုရား၏ ၁၁၄၅ ခုစစ်တမ်းများ၌ ဖော်ပြသော အကြောင်းအရာ တစုံတစ်ခုမျှ မတွေ့ရသည်ကိုထောက်သော်၊ ထိုကျမ်းကို ၁၁၄၅ ခုမတိင်းမီ ပြုစုစီရင်သည်ဟု ယူဆအပ်၏။ ၉၆၃ ခုစစ်တမ်းတစ်ခုတွင် ရန်ကုန်မြို့ကိုတွေ့ရာ၊ ယင်းစစ်တမ်း ကို နောက်ထပ်တည်းဖြတ်ကြောင်း သိရ၏။ သို့ရာတွင် အကြောင်းအရာအားလုံးကို ခြုံ၍ကြည့်မူ၊ ဇမ္ဗူဒီပဥဆောင်းကျမ်း ၌ ဖော်ပြသောအုပ်ချုပ်ပုံစနစ်သည် အင်းဝကို ပဲခူးကမအောင် မြင်မီ မြန်မာမင်းတို့၏ အုပ်ချုပ်ပုံစနစ်ဖြစ်ကြောင်း သိသာ၏။


ဤကျမ်းသည် စစ်တမ်းတို့ကိုသာ စုဆောင်းထားသည် မဟုတ်၊ အခြားအကြောင်းအရာများကိုလည်း ဖော်ပြသည်။ 'အမိန့်တော်ရှိသည်။ အရပ်ရပ်ရှမ်းပြည်၊ ယွန်းပြည်၊ တရုတ် ပြည် မြို့စားစော်ဘွားဝန်ကြီး ဝန်ထောက် အခွန်ဝန် စာရေးကြီး ဝင်းမှူး၊ ဆင်မှူးအမှုထမ်းဗိုလ်မှူး၊ တပ်မှူးစစ်ကဲနားခံ တပ်စာ ရေးအကြီး အကြပ်အကွပ်အကဲတို့'ဟု အစချီသော ၇၂၉ခုထုတ် သည့် မင်းကြီးစွာစော်ကဲ၏ အမိန့်တော်သည် အထူးမှတ်သား ဖွယ်ကောင်း၏။ ဘုရင်မင်းမြတ်၏ လွှတ်တော်အမှုထမ်းများ သည် ပြော့ကြီးမှူး၊ စမြောင်မှူး၊ သာရကာအမှူး၊ နားထောက်၊ နားခံ စသည်တို့ဖြစ်ကြောင်း သိရ၏။

'ရှမ်းပြည် ယွန်းပြည် တလိုင်းပြည်မှစ၍ အရှေ့ကိုလား သော် သံတံတား၊ အနောက်ကိုလားသော် ပင်လယ်နား။ တောင် ကိုလားသော် ယိုးဒယား။ မြောကိုလားသော် ရေပေါ်ငါ့နားကြီး။ အက္ကပတ်ကသည်းတို့နေရာ လူပေါင်းတို့ကို ရတနာပူရရွှေမြို့ ကြီး ရွှေxD;pိုက်ရာ အစိုးရတော်မူသော သီရိသုဓမ္မရာဇာမဟာ ဓိပတိ အမည်တော်ရှိသော ဘဝရှင်မင်းတရားကြီးလက်ထက်'ဟု အစချီသော ၉၉၉ ခုထုတ်သည့် သာလွန်မင်းတရားကြီး၏ အမိန့်တော်သည်လည်း မှတ်ဖွယ်ကောင်း၏။ ကလန် သံပျင် မြေတိုင် မြေထိန်းအစရှိသည်တို့ကို ဖော်ပြ၏။

အဝမင်းလက်ထက် သက္ကရာဇ် ၉၉၉ ခုတွင် နန္ဒသူရ ကူး ယူ၍ ရှင်းလင်းသည့် စောရဟန်းမင်းကြီး လှူတော်မူသော ပေါက္ကံမြစည်းခုံဘုရားသမိုင်း ကျောက်စာကိုလည်း ဇမ္ဗူဒီပဥ ဆောင်းကျမ်းတွင် ဖတ်ရသည်။ (ဦးဖေမောင်တင်)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)