ဇနီးချောများ ကွန်ရက် (ရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
ဇနီးချောများ ကွန်ရက်
ရုပ်သံလွှင့် ပိုစတာ
အခြေခံထားသည်မှာလွန်းထားထား (၂၀၁၀) ဇနီးချောများ ကွန်ရက်
ဒါရိုက်တာအောင်ဩဘာ
သရုပ်ဆောင်
  • နေယံ
  • ဖိုးသောကြာ
  • ဇေယျ
  • ကျော်ကျော်
  • စိုးပြည့်သဇင်
  • မြနှင်းရည်လွင်
  • ခင်သဇင်
  • မေဘရဏီသော်
နိုင်ငံမြန်မာ
ဘာသာစကားဗမာ
အပိုင်းပေါင်း၃၀
ထုတ်လုပ်သည့် ကုမ္ပဏီအောင်ပြည် ထုတ်လုပ်ရေး
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းမြန်မာ့ရုပ်သံ
မူလပြသမှု2018 – 2018

ဇနီးချောများ ကွန်ရက် သည် ၂၀၁၈ ခုနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော ဇာတ်လမ်းတွဲ ဖြစ်သည်။ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ ဝတ္ထုကို အောင်ပြည် ဖျော်ဖြေရေးအတွက် ဇော်မြင့်ဦး ဇာတ်ညွှန်းရေးပြီး အောင်ဩဘာ ရိုက်ကူးသည်။ [၁] နေယံ၊ ဖိုးသောကြာ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်နှင့် မေဘရဏီသော် တို့ အဓိကပါဝင်ထားသည်။ ပထမဆုံး အပိုင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်လွှင့်သည်။ ဩဂုတ် ၂၃ တွင်ဇာတ်သိမ်းသည်။ [၂]

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

မာယာ၊ အမရာမောင်၊ မဒီပျိုမေနှင့် သမ္ဘူခင်ဟူသော အိမ်ထောင်သည် (၄) ဦးမှာ ဇနီးချောများကွန်ရက် (Beautiful Wives' Club) အမည်နှင့် ဖေ့ဘွတ်ပေါ်၌ အဖွဲ့ဖွဲ့ကာ အခြားအမျိုးသမီးများ၏ အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်းပေးနေသည်။ ကျော့ရှင်းကြွေ၊ ဇာမဏီမေ၊ သျှင်နှောင်း၊ ဖွေးလက်စင်ကြယ်၊ ပြာနုနှင်းဆီနှင့် ဆောင်းဆည်းဆာတို့၏ ပြဿနာတို့ကို ဖြေရှင်းပေးခဲ့သည်။

တစ်ခါသော် နန်းဆန်ဆန် အမည်နှင့် မိန်းကလေးက သူတို့ (၄) ဦးထဲမှတစ်ဦး၏ ခင်ပွန်းနှင့် ပတ်သက်မိကြောင်း ကိုယ်တွင် မင်ကြောင်ရှိသည်ကို သတိပြုမိကြောင်း ဆိုလာသည်။ လေးယောက်စလုံး ကိုယ့်ယောက်ျားကိုယ် တိတ်တဆိတ်ပြန်စစ်ရာ အားလုံးတွင်ပင် မင်ကြောင်ကို တွေ့ရသည်။ ဝေခွဲမရဖြစ်နေစဉ် အမျိုးသား (၄) ယောက်ထံမှ အသီးသီးထံ ဖုန်းခေါ်ကာ တိုင်ပင်၍ စနောက်ခြင်းဖြစ်ကြောင်း ရေးသားကာ နိဂုံးချုပ်ထားသည်။

ဇာတ်ဆောင်များ[ပြင်ဆင်ရန်]

  • မာယာ အဖြစ် ခင်သဇင်
  • အမရာမောင် အဖြစ် မေဘရဏီသော်
  • မဒီပျိုမေ အဖြစ် မြနှင်းရည်လွင်
  • သမ္ဘူခင် အဖြစ် စိုးပြည့်သဇင်

ကိုးကား[ပြင်ဆင်ရန်]

  1. လွန်းထားထား (ဆေးတက္ကသိုလ်) "ဇနီးချောများ ကွန်ရက်"။ တံခွန်တိုင် စာအုပ်တိုက်။ ၂၀၁၀။
  2. ဇင်မာနွယ် (၁၂ ဇွန် ၂၀၁၈) "ရုပ်သံလိုင်းကနေ ခံစားကြည့်ရှုကြရတော့မယ့် စိုးပြည့်သဇင်ရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ Archived 19 March 2019 at the Wayback Machine."