ဇင်းနိုဖန်

ဝီကီပီးဒီးယား မှ

ဇင်းနိုဖန် (ဘီစီ ၄၃ဝ-၃၅၅)[ပြင်ဆင်ရန်]

ဇင်းနိုဖန်သည် ဘီစီ ၄၃ဝ-၃၅၅ ခုနှစ်ခန့်ကာလအတွင်း တွင် ထင်ရှားခဲ့သော ဂရိသမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ဂရိ ပညာရှိ ဆိုကရေတီး၏ တပည့်တစ်ဦးလည်းဖြစ်သည်။


ဆိုင်းရပ်မင်းသားသည် သူ၏နောင်တော် ပါးရှား ဘုရင်ဖြစ်သူ ဒုတိယအားတက်ဇားဇီးကို တော်လှန်တိုက်ခိုက်ရာ တွင် ဇင်းနိုဖန်သည် ပါဝင်ခဲ့သည်။ ဆိုင်းရပ်မင်းသားကျဆုံး သောအခါ ဇင်းနိုဖန်သည် ကျန်ရစ်သော ဂရိစစ်သည်တော် ၁ဝဝဝဝ ကိုကြပ်မကွပ်ကဲ၍ ပင်လယ်နက်သို့အရောက် ဆုတ်ခွာ ခဲ့သည်။ ဤစစ်ဆုတ် ခြင်းကို မှတ်တမ်းတင်သောအားဖြင့် 'အနက်ဗဆစ်'ဟူသော သမိုင်းကျမ်းတစ်စောင်ကို ဖွဲ့ခဲ့သည်။ ဇင်းနိုဖန်သည် ထိုစစ်ပွဲမှအပြန်တွင် သူ၏ဆရာဆိုကရေတီးအား အက်သင်မြို့အာဏာပိုင်တို့က ကွပ်မျက်လိုက်သည်ကို သိရသော အခါ စပါးတန်းလူမျိုးတို့နှင့် ပူးပေါင်း၍ ဘီစီ ၃၉၄ ခုနှစ်တွင် အက်သင်းမြို့နယ်သားတို့အား တိုက်ခိုက် လေသည်။ ထိုနောက် အက်သင်းမြို့မှ ပြည်နှင်ဒဏ်ကိုခံရ၍ အီးလစ်မြို့၌ စပါးတန်းလူ မျိုးတို့နှင့်အတူ နေထိုင်လေသည်။ သို့သော် သူကွယ်လွန်သော အခါ ကော်ရင့်မြို့၌ ကွယ်လွန်သည်ဟု ယူဆကြရသည်။ သူ ရေးသားခဲ့သော အခြားကျမ်းတို့မှာ 'ဆိုကရေးတီး၏ အတ္ထုပ္ပတ္တိ နှင့် သူ၏အယူဝါဒအကြောင်း'၊ 'ဆိုကရေးတီး မိန့်ကြားသော ဩဝါဒကထာများ'၊ 'ဆိုင်းရပ်မင်းသား၏ အတ္ထုပ္ပတ္တိ'၊ 'ဂရိတို့ ၏သမိုင်း'ဟူ၍ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)