ဇင်ယော်နီ

ဝီကီပီးဒီးယား မှ

ဇင်ယော်နီ ကာတွန်းကျော်ပြောင် စာရေးဆရာ ကာတွန်းဆရာ အယ်ဒီတာ ဗေဒင်ဆရာတစ်ဦးဖြစ်သည်။

ဇင်ယော်နီ ကာတွန်းကျော်ပြောင်[ပြင်ဆင်ရန်]

စာရေးဆရာ၊ ကာတွန်းဆရာ၊ ဗေဒင်ပညာရှင် ဆရာဇင်ယော်နီ(ခေါ်) ကာတွန်းကျော်ပြောင်ကို ၁၉၇၃ ခု၊ မေလ ၄ ရက်၊ သောကြာနေ့မှာ

အဖ ဦးကျော်မောင်း၊ အမိ ဒေါ်ခင်သန်းတို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။


အမည်ရင်းမှာ ဦးကျော်စိုးထွန်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စာဆိုကျော် ပုဂ်္ဂိုလ်ထူး အမြောက်အမြား ပေါ်ထွန်းခဲ့ရာ တောင်တွင်းကြီးမြို့ဇာတိဖြစ်ပါတယ်။

  မကွေးမြို့ ကန်သာ အမက၊ တောင်တွင်းကြီးမြို့ မြို့မ အမက၊ တောင်တွင်းကြီးမြို့ အထက(၁) ကျောင်းတွေမှာ ပညာသင်ယူခဲ့ပါတယ်။


စာပေအနုပညာခရီးအစ[ပြင်ဆင်ရန်]

တောင်တွင်းကြီးမြို့ အထက ၁ ကျောင်းစာကြည့်တိုက်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး

ကျောင်းနံရံကပ်စာစောင်များ၊ ကျပန်းစကားပြောပွဲများ၊ ကဗျာ ပန်းချီ ကာတွန်း စာစီစာကုံး ပြိုင်ပွဲများကတစ်ဆင့် စာပေ အနုပညာ သနေ်္ဓတည်ခွင့်ရခဲ့ပါတယ်။

 

အသက် ၁၄ နှစ်သား အရွယ်၊ ၉ တန်း ကျောင်းသားဘဝ၊ ၁၉၈၇ခုနှစ်၊ ဩဂုတ်လထုတ် သင့်ဘဝမဂ်္ဂဇင်းမှာ

“မိဘကျေးဇူး”အမည်ရှိ ကဗျာတိုလေးနဲ့ စာပေလောကသို့ စတင်ဝင်ရောက်လာခဲ့ ပါတယ်။


သင့်ဘဝမဂ်္ဂဇင်း၊ သောကြာစာစောင်၊ စံပယ်ဖြူမဂ်္ဂဇင်း၊ မြားနတ်မောင်မဂ်္ဂဇင်း၊ လုံမလေး မဂ်္ဂဇင်း၊ ဟန်သစ်မဂ်္ဂဇင်း ...

စတာတွေမှာ ကလောင်သစ်တစ်ဦးအဖြစ် ကလောင်သွေးခဲ့ပါတယ်။

ကာတွန်းဆရာဘ၀အစ[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ်ကစလို့ ဟာသစာရေးဆရာကြီး ဆရာကြီးအီကြာကွေးရဲ့ အားပေးတိုက်တွန်းမှုနဲ့အတူ

ကျော်ပြောင်” ဟူသော ကလောင်အမည်နဲ့ ကာတွန်းတွေ၊ သရော်စာတွေ ရေးသားခဲ့ပါတယ်။


ဆရာကြီးမင်းသိင်္ခ၏ သန္ဓေတပည့်[ပြင်ဆင်ရန်]

  ၁၉၉၄ ခုနှစ်မှာ ဆရာကြီးမင်းသိင်္ခဆီသို့ ရောက်ရှိသွားခဲ့ပြီး ဆရာကြီးနဲ့အတူနေထိုင်ရင်း

ဆရာကြီးမင်းသိင်္ခထံမှ စာပေအမွေ၊ ဗေဒင်ပညာအမွေတို့ကို အနီးကပ် ဆည်းပူးရယူနိုင်ခဲ့ပါတယ်။  


အယ်ဒီတာဘ၀[ပြင်ဆင်ရန်]

ဆရာကြီးမင်းသိင်္ခ ဦးစီးထုတ်ဝေခဲ့သော မနောမယဂျာနယ်၊ မနောကြာဖြူမဂ်္ဂဇင်း၊ မဟာမြိုင်မဂ်္ဂဇင်းတွေမှာ အယ်ဒီတာတစ်ဦးအဖြစ် ထမ်းရွက်ခွင့်ရခဲ့ပြီး

ယနေ့အထိလည်း မနောမယဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ်တာဝန်ယူကာ ဆက်လက် ထိန်းသိမ်းလျက် ရှိပါတယ်။

 

ဗေဒင်သင်တန်းပြဆရာ[ပြင်ဆင်ရန်]

ဆရာကြီးမင်းသိင်္ခနဲ့အတူ မှော်ဘီမြို့ အယူတော်မင်္ဂလာခြံကြီးမှာ သားသမီးတစ်ဦးပမာ

နေထိုင်ခဲ့ပြီး ဗေဒင်သင်တန်းပြဆရာတစ်ဦးအဖြစ် ၁၀ နှစ်တာမျှ ထမ်းဆောင်ခဲ့ပါတယ်။


မြန်မာ့ရိုးရာလက်ဝှေ့ကလပ်အသင်းတာဝန်ခံ[ပြင်ဆင်ရန်]

ဆရာကြီးမင်းသိင်္ခ တည်ထောင်သော ပွဲကျောင်းသား မြန်မာ့ရိုးရာလက်ဝှေ့ကလပ်မှာ အသင်းတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


ပထမဆုံးလုံးချင်းဝတ္ထု[ပြင်ဆင်ရန်]

  ပထမဆုံးထုတ်ဝေခဲ့သော လုံးချင်းစာအုပ်မှာ ၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့သော

“ရွှေနန်းတော်သို့ သွားရအောင်” အမည်ရှိဝတ်္ထုဖြစ်ပြီး ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေခဲ့ရပါတယ်။ ယခုအချိန်အထိ လုံးချင်းစာအုပ်ပေါင်း ၂၀ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

ဝတ်္ထုအချို့ကို ဗီဒီယိုဇာတ်ကား၊ အသံလွှင့်ဇာတ်လမ်း၊ ရုပ်ပြစာအုပ်များအဖြစ်လည်း ရိုက်ကူး၊

ထုတ်လွှင့်၊ ထုတ်ဝေခြင်းများ ရှိခဲ့ပါတယ်။


ပရဟိတလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

  ပရဟိတ လှုပ်ရှားမှုများအဖြစ် အယူတော်မင်္ဂလာ ဇီဝိတဒါနမိသားစုဟု စုစည်းကာ

၂၀၀၉ ခုနှစ်မှစ၍ စုပေါင်းသွေးလှူဒါန်းပွဲများ နှစ်စဉ်ပြုလုပ်လှူဒါန်းခဲ့ပြီး

မြန်မာနိုင်ငံ အထက်အောက် အလယ် ဒေသအသီးသီးမှ ဆေးရုံကြီးများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးခန်းများ၊ ကျေးလက်သားဖွားခန်းများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များထံသို့ အောက်ဆီဂျင်အိုး ၂၀၀ နီးပါး လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ပရိသတ်ပေးသော ကာတွန်းဆုရှင်[ပြင်ဆင်ရန်]

ရန်ကုန်မြို့ ကာတွန်းဦးဘဂျမ်းလမ်း၊ ကာတွန်းမီးထွန်းပွဲတော် ၂၀၁၈ ခုနှင့် ၂၀၁၉ ခုနှစ်များမှာ ပရိသတ်အကြိုက်ဆုံးဆုရှင်တစ်ဦးအဖြစ် ၂ နှစ်ဆက်တိုက် အရွေးချယ်ခံခဲ့ရပါတယ်။

လက်ရှိဆောင်ရွက်မှုများ မြန်မာ့အသံ နှင့် ပတ်္တမြားအက်ဖ်အမ်မှ နေ့စဉ် အသံလွှင့်ဟောစာတမ်း၊

mntv ရုပ်သံမှ နေ့စဉ် ဟောစာတမ်း အစီအစဉ်များကိုလည်း ထုတ်လွှင့်လျက်ရှိပြီး ဂျာနယ်များ၊ အွန်လိုင်းမီဒီယာများမှာလည်း စာမူများ၊ ကာတွန်းများ၊ ဟောစာတမ်းများ ရေးသားလျက်ရှိပါတယ်။


၂၀၁၉ ခုနှစ်အထိ ဆရာဇင်ယော်နီ ရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်များမှာ -[ပြင်ဆင်ရန်]

၁။     ရွှေနန်းတော်သို့ သွားရအောင်

၂။     လွယ်လိုက်တဲ့ဖြစ်ခြင်း မရမ်းတလင်းယတြာများ အမှတ် (၁)

၃။     ဝေဇယန်္တာဘုံနန်း

၄။     ရသေ့ကြီးဦးရွှေတောင်၏ ဘဝဇာတ်ကြောင်းများ

၅။     ယတြာလမ်း

၆။     ရသေ့ကြီးဦးရွှေတောင်နှင့် လောကပင်လယ်

၇။     ယခင်ဘဝမှ အဆက်

၈။     ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ်

၉။     လွယ်လိုက်တဲ့ဖြစ်ခြင်း မရမ်းတလင်းယတြာများ အမှတ် (၂)

၁၀။     ဒေါ်ဝါယောနှင့် လောကဇာတ်ခုံ ယတြာစုံ အမှတ်(၁)

၁၁။     ဒေါ်ဝါယောနှင့် လောကဇာတ်ခုံ ယတြာစုံ အမှတ်(၂)

၁၂။     လွယ်လိုက်တဲ့ဖြစ်ခြင်း မရမ်းတလင်းယတြာများ အမှတ် (၃)

၁၃။ ယနေ့ယခု ဝေဠုနဒီ

၁၄။ လက်ယာတောင်ကျွန်းမှာ ထွန်းတဲ့ နိမိတ်များ

၁၅။  ရွှေတဲရော့

၁၆။ အဘပြောပြခဲ့တဲ့ လှဖေနဲ့ မြမေ

၁၇။ ဒေါက်တာမင်းသိင်္ခနှင့် ဒေါက်တာဒဂုန်

၁၈။ ရိုစီမနှင့် လိုတရ ယတြာများ အမှတ် (၁)

၁၉။ ရသေ့ကြီၤးဦးရွှေတောင်နှင့် ရတနာရွှေအိုး

၂၀။ ရိုစီမနှင့် လိုတရ ယတြာများ အမှတ် (၂)

၂၁။ မင်းသိင်္ခ၏ ရတနာသိုက်

၂၂။ ရွှေအိမ်တော်အဖွင့်ကျမ်း

၂၃။ မင်းသိင်္ခပြောခဲ့သော နိုင်ငံရေးပုံပြင်များ

၂၄။ ရသမဏ္ဍလ အမှတ် ၁ ...

  စသည်တို့ဖြစ်ကြပါတယ်။


                    

ဆရာဇင်ယော်နီ ၏ စာပေဟောပြောပွဲများမှတ်တမ်း[ပြင်ဆင်ရန်]

  ၁။ ၂၀၁၂ ဇန်နဝါရီ ၇  ပါးရိုက်  ဝါးခယ်မ

  ၂။ ၂၀၁၄ ဒီဇင်ဘာ ၁၇  အင်းစိန်

  ၃။ ၂၀၁၅ ဇန်နဝါရီ ၂၅ သာပေါင်း

  ၄။ ၂၀၁၅ ဖေဖော်ဝါရီ ၆ တောင်ဥက္ကလာ

  ၅။ ၂၀၁၅ ဖေဖော်ဝါရီ ၇ ဝေါ

  ၆။ ၂၀၁၅ ဖေဖော်ဝါရီ ၁၁ လှိုင်သာယာဘီအိုစီ

  ၇။ ၂၀၁၅ ဖေဖော်ဝါရီ ၁၃ လှိုင်သာယာ FMI

  ၈။ ၂၀၁၅ ဖေဖော်ဝါရီ ၁၄ ချောင်းသာ

  ၉။ ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ပဲခူး ဇိုင်းတောင်

၁၀။ ၂၀၁၅ ဒီဇင်ဘာ ၁၃ တောင်တွင်းကြီး ကုက္ကိုခွ

၁၁။ ၂၀၁၅ ဒီဇင်ဘာ ၁၃ တောင်တွင်းကြီး မြို့နယ်ခန်းမ

၁၂။ ၂၀၁၅ ဒီဇင်ဘာ ၁၄ တောင်တွင်းကြီး ဝက္ကသေး

၁၃။ ၂၀၁၅ ဒီဇင်ဘာ ၁၅ တောင်တွင်းကြီး မိုးထိကျောင်း

၁၄။ ၂၀၁၅ ဒီဇင်ဘာ ၁၅ တောင်တွင်းကြီး အထက ၁

၁၅။ ၂၀၁၆ ဇန်နဝါရီ ၄ နတ်မောက်

၁၆။ ၂၀၁၆ ဇန်နဝါရီ ၁၅ ပျဉ်းမနား စိုက်သိပ္ပံ

၁၇။ ၂၀၁၆ ဖေဖော်ဝါရီ ၄ ပဲခူး ရွှေသာလျောင်း

၁၈။ ၂၀၁၆ ဖေဖော်ဝါရီ ၉ ဂွ မကျီးဇင်

၁၉။ ၂၀၁၆ ဖေဖော်ဝါရီ ၁၂ ရန်ကင်း ကံဘဲ့

၂၀။ ၂၀၁၆ ဖေဖော်ဝါရီ ၁၅ အထက်မင်းလှ စစ္စနို့

၂၁။ ၂၀၁၆ မတ် မ/ဥက္ကလာ

၂၂။ ၂၀၁၆ ဧပြီ ၂ မော်လမြိုင်

၂၃။ ၂၀၁၆ မေ ၂၀ မင်းတပ်  ချင်း

၂၄။ ၂၀၁၆ မေ ၂၁ နှမ်းစားကျင်း  မြိုင်

၂၅။ ၂၀၁၆  ------- ထီးချိုင့်

၂၆။ ၂၀၁၆ အောက်တိုဘာ ၁၅ ရွာသာကြီး

၂၇။ ၂၀၁၆ နိုဝင်ဘာ ၇ ငှက်အော်စမ်း ကော့မှူး

၂၈။ ၂၀၁၆ ဒီဇင်ဘာ ၂၅ အင်းစိန်

၂၉။ ၂၀၁၇ ဇန်နဝါရီ ၁ ဖိုကြီး အောင်မြင်သာ မြို့သစ်

၃၀။ ၂၀၁၇ ဇန်နဝါရီ ၂ ဖိုကြီး မြို့သစ်

၃၁။ ၂၀၁၇ ဇန်နဝါရီ ၃ မြို့သစ်

၃၂။ ၂၀၁၇ ဇန်နဝါရီ ၄ နတ်မောက်

၃၃။ ၂၀၁၇ ဇန်နဝါရီ ၇ လှိုင် ၄ ရပ်ကွက်

၃၄။ ၂၀၁၇ ဇန်နဝါရီ ၁၀ နေပြည်တော် ဒက္ခိဏသီရိ အထက ၁၉

၃၅။ ၂၀၁၇ဇန်နဝါရီ ၃၀ လှိုင်သာယာ ၃ ရပ်ကွက်

၃၆။ ၂၀၁၇ ဖေဖော်ဝါရီ ၁၁ ပဲခူး ရွှေသာလျောင်း

၃၇။ ၂၀၁၇ ဖေဖော်ဝါရီ ၁၃ အမရပူရ နန်းတော်ရာ မန္တလေး

၃၈။ ၂၀၁၇ ဖေဖော်ဝါရီ ၂၂ ရေနံမ အထက်မင်းလှ

၃၉။ ၂၀၁၇ မတ် ၁၉ တွံတေး

၄၀။ ၂၀၁၇ ဧပြီ ၈ သန်လျှင်

၄၁။ ၂၀၁၇ ဧပြီ ၁၀ မထွဲ တောင်တွင်းကြီး

၄၂။ ၂၀၁၇ --------- မြို့ဦးစေတီ ယဉ်ကျေးလိမ္မာ

၄၃။ ၂၀၁၇ အောက်တိုဘာ ၄ ရွာသာကြီး

၄၄။ ၂၀၁၇ နိုဝင်ဘာ ၄ ကျိုက်လတ်

၄၅။ ၂၀၁၇ နိုဝင်ဘာ ၁၁ ဆင်ပေါင်ဝဲ- ဆင်မြူးအောင်

၄၆။ ၂၀၁၇ နိုဝင်ဘာ ၁၂ ဆင်ပေါင်ဝဲ- ကုန်းဗိုလ်(နေ့)

၄၇။ ၂၀၁၇ နိုဝင်ဘာ ၁၁ ဆင်ပေါင်ဝဲ- ကျောက်ဆောင်စမ်း(ည)

၄၈။ ၂၀၁၇ နိုဝင်ဘာ ၁၃ ဆင်ပေါင်ဝဲ- စီပင်လှ

၄၉။ ၂၀၁၈ ဇန်နဝါရီ ၁ သာဝတ္ထိ

၅၀။ ၂၀၁၈ ဇန်နဝါရီ ၂ နေပြည်တော် ဉာဏသီရိ

၅၁။ ၂၀၁၈ ဇန်နဝါရီ ၃ နေပြည်တော် ဒက္ခိဏသီရိ အထက ၁၉

၅၂။ ၂၀၁၈ ဇန်နဝါရီ ၄ နတ်မောက်

ကိုးကား[ပြင်ဆင်ရန်]

၁၉၈၇ ခု ဩဂုတ်လထုတ် သင့်ဘ၀မဂ္ဂဇင်း

မနောမယဂျာနယ်များ

မနောကြာဖြူမဂ္ဂဇင်းများ

https://www.facebook.com/NewsWatchJournal/videos/920654931680729/

https://www.facebook.com/fmbagan/videos/1295468253921583/

https://www.facebook.com/byohls/videos/2601844843235758/

https://www.zenyawni.org/ Archived 28 September 2020 at the Wayback Machine.