ဇင်မော်

ဝီကီပီးဒီးယား မှ

စာရေးဆရာ ဇင်မော်[ပြင်ဆင်ရန်]

စာရေးဆရာ ဇင်မော်ကို ၁၉၅၄ ခု၊ ဖေဖော်ဝါရီ လ ( ၈ ) ရက်နေ့တွင် အဖ ဦးစိုးလှိုင်၊ အမိ ဒေါ်ငွေကြင် တို့မှ ဝေါမြို့နယ် နောင် ပတ္တရာကျေးရွာတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၅ မှ ၁၉၇၁ တွင် အ.ထ.က ( ၃ ) ဗိုလ်တထောင်ကျောင်းတွင် ( ၅ ) တန်းမှ ( ၁၀ ) တန်းအထိ ပညာသင်ကြားသည်။ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် စီးပွားရေးတက္ကသိုလ်မှ B.Com ဘွဲ့ရသည်။ ၁၉၈၂ တွင် မှတ်ပုံတင် ရှေ့နေ ( R.L ) သင်တန်းတက်ရောက်အောင်မြင်၍ တရားရုံးချုပ်ရှေ့နေ အဖြစ်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းများအဖြစ် လည်းကောင်း အသက်မွေးဝမ်းကျောင်းခဲ့သည်။ ယခုအခါ Golden Hope Int’l Ltd.,ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၀ ပြည့်နှစ် တွင် ရွှေပြည်တန်ဂျာနယ်ကို ဦးစီးထုတ်ဝေသည်။ ထို့နောက် ရွှေပြည်တန်စာပေတိုက်ကို ထူထောင်သည်။ စာနယ်ဇင်းများတွင် နိုင်ငံတကာ ဘာသာပြန်ဆောင်းပါးများ၊ ကိုယ်တွေ့ဖြစ်ရပ်ဆောင်းပါးများ ရေးသားသည် ။ ၂၀၀၃ ခုနှစ်တွင် ‘ကမ္ဘာကိုကိုင်လှုပ်သူများနှင့် တွေ့ဆုံခြင်း’ ဘာသာပြန်ဆောင်းပါးချုပ်စာအုပ် ကို ထုတ်ဝေခဲ့သည်။ ကျော်ထက်အောင် ( ရွှေပြည်တန် ) ကလောင်ခွဲဖြင့်လည်း ဆောင်းပါးများရေးသားလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]