ဇင့်-ဂျော်ဂျီအဲလဗတ်ဖွန်နာဂီရာပို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆဲလ်တွင်းအာဟာရဓာတ်တို့မှုတွင် အထူးသဖြင့် ဗီတာမင်စီ အပါအဝင် ဇီဝဓာတ်ပေါင်း တစ်ချို့၏ အရေးပါပုံ၏ စတင် လေ့လာတွေ့ရှိခဲ့သူ နိုဘယ်ဆုရ ဇီဝ ဓာတုပညာရှင် အဲလဗတ် ဇင့်-ဂျော်ဂျီကို ၁၈၉၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံ ဗူဒါပက်မြို့၌ မွေးဖွားသည်။ ဗူဒါပက်တက္ကသိုလ် နှင့်ကိန်းဗရစ်တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့သည်။ ၁၉၂၇ ခုနှစ်မှ ၁၉၂၉ ခုနှစ်ထိ ကာလအတွင်း ဗြိတိန်နိုင်ငံ ကိန်းဗရစ် တUသိုလ်တွင်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု မင်နီ ဆိုတာပြည်နယ် ရိုချက်စတာမြို့ မာရိုးဖောင်ဒေးရှင်းတွင်လည်း ကောင်း အလုပ်လုပ်နေခဲ့စဉ် ယခုအခါ အက်စကောဗစ် အက်ဆစ်ဟုခေါ်သော ဇီဝဓာတ်လျှော့ပစ္စည်းတစ်မျိုးကို စတင် တွေ့ရှိခဲ့သည်။ သစ်သီးရည်နှင့် အာဒရီနယ်ဂလင်း ထုတ်နုတ် ပစ္စည်းတို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇင့်-ဂျော်ဂျိသည် ၁၉၃၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဟန်ဂေ ရီနိုင်ငံ ဇေးဂက်တက္ကသိုလ်တွင် ဆေးပညာဆိုင်ရာ ဓာတုဗေဒ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ ၁၉ဝ၇ ခုနှစ်က ဂျာမန် ဆရာဝန်အက်ဇဲဟို့နှင့် ဩစတြီးယားလူမျိုးဆေးဝါးဗေဒပညာရှင် အဲလဖရက် ဖရိုးလစ်တို့ စတင်တွေ့ရှိခဲ့သော ဆကာဗီရောဂါ ချေဖျက်သည် ဗီတာမင်စီနှင့် ထပ်တူထပ်မျှတူသော အက်ဆစ် ဓာတ်တစ်မျိုး၏ အာနိသင်ကို အခိုင်အမာ ရှင်းပြနိုင်ခဲ့သည်။ လူသားနှင့် ကျွဲနွားတို့၏ အဒရီနယ်ဂလင်းနှင့် သစ်သီးဝလံ တို့တွင် ပါဝင်သည့်ပစ္စည်းများကို သိပ္ပံ နည်းကျဓာတ်ခွဲ၍ အမျိုးအမည် ဖော်ထုတ်ပြသည့် စာတမ်းတစ်စောင်ကို ၁၉၃၄ ခုနှစ်တွင် စကော့တလန်၌ ကျင်းပသော ညီလာခံတစ်ရပ်၌ တင်သွင်းခဲ့ရာ သိပ္ပံပညာလောကတွင် လက်ဖျားခါခဲ့ရသည် ဟုဆိုသည်။

ဇင့်-ဂျော်ဂျီသည် ကာဗိုဟိုက်ဒရိတ် ပြိုကွဲခြင်းသဘောကို သာမက ဖူမာရစ်အက်ဆစ်၊ အပ်ဆီနစ်အက်ဆစ်၊ ဆစ်ထရပ် အက်ဆစ်တို့၏သဘောသဘာဝကိုလည်း နှိုက်နှိုက်နှဲနှဲ လေ့လာ ဖော်ထုတ်ခဲ့သည်။ ယင်းအက်ဆစ်သုံးမျိုးနှင့် စပ်လျဉ်းသော တွေ့ရှိချက်များကို အခြေခံ၍ ၁၉၅၃ ခုနှစ် နိုဘယ်ဆုရှင် ဆာ ဟန့်စ်ခရက်သည် ခရက်သံသရာဟု ထင်ရှားကျော်ကြားသော ထရိုင်ကာဗိုအောက်ဆီလစ်အက်ဆစ် လှည့်ပတ် ပြောင်းလဲမှုကို ဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဗီတာမင်စီကို သီးသန့် ခွဲထုတ်ရှင်းလင်းပြနိုင်ခဲ့သည့် သုတေသနလုပ်ငန်းအတွက် ၁၉၃၇ ခုနှစ်တွင် ဇင့်-ဂျော်ဂျီသည် ဆေးပညာနှင့် ကြွက်သား လှုပ်ရှားမှုဆိုင်ရာ ဇီဝဓာတုဗေဒကို လေ့လာခဲ့ပြန်ရာ ကြွက်သား တွင်းရှိ ပရိုတင်းဓာတ်ကို စတင်တွေ့ရှိခဲ့ပြန်သည်။ ထို့ပြင် အက်ဒီနိုဆင်ထရိုင်ဖော့စဖိတ်(အေတီပီ) ဒြပ်ပေါင်းသည် ကြွက် သားကျုံ့ခြင်းအတွက် မရှိမဖြစ် လိုအပ်သော စွမ်းအင်ပင်ရင်း ဖြစ်ကြောင်းကိုလည်း ခရေစေ့တွင်းကျ ရှင်းပြနိုင်ခဲ့သည်။ ဇင့်-ဂျော်ဂျီသည် နာဇီဆန့်ကျင်ရေးလုပ်ငန်းတွင် တက်ကြွ စွာ လှုပ်ရှားခဲ့သဖြင့် ဗူဒါပက်မြို့ရှိ ဆွီဒင်သံရုံးသို့ ထွက်ပြေး ခိုလှုံခဲ့ရဖူးသည်။ စစ်ပြီးသောအခါ ဟန်ဂေရီနိုင်ငံသRတအဖြစ် ဆောင်ရွက်ရန် ဆိုဗီယက်တပ်နီ တော်က ဇင့်-ဂျော်ဂျီအား ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် ၁၉၄၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မက်ဆာချူးဆက် ပြည်နယ် ဝုဒ်ဟိုးမြို့ရှိ ကြွက်သားဆိုင်ရာ သုတေသနအဖွဲ့ ညွှန် ကြားရေးမှူး အဖြစ်ခန့်အပ်ခံရသည်။ ဆဲလ်များခြင်း၏ အကြောင်းရင်းများကို သုတေသနလုပ်ငန်းများကိုလည်း လုပ် ဆောင်ခဲ့သည်။

ဇင့်-ဂျော်ဂျီသည် အမေရိကန်ပြည်ထောင်စု၏ ဗီယက်နမ် ဆိုင်ရာ စစ်ရေးမူဝါဒကို ဆန့်ကျင်ခဲ့သူဖြစ်သည့် အလျောက် ၁၉၇ဝ ပြည့်နှစ်တွင် ရူးသွပ်နေသော မျောက်လွှဲကျော် အမည်ရှိ စာအုပ်ဖြင့် တိုက်ခိုက်ရေးသားခဲ့သည်။ ထင်ရှားသော အခြား စာအုပ်များမှာ ဓာတ်တိုးခြင်း၊ အချဉ်ဖောက်ခြင်း၊ ဗီတာမင်များ၊ ကျန်းမာရေးနှင့်ရောဂါဘယ (၁၉၄ဝ)၊ ခန္ဓာကိုယ်နှင့် နှလုံး ကြွက်သားတို့အတွင်း ကျုံ့ခြင်းဆိုင်ရာ ဓာတုဇီဝကRဗေဒ (၁၉၅၃)၊ ကြွက်သားကျုံ့ခြင်းဆိုင်ရာ (၁၉၄၇)၊ အသက်ဇီဝ သဘာဝ (၁၉၄၇)၊ ဇီဝစွမ်းအင်ပညာ (၁၉၅၇)၊ ဇီဝအီလက် ထရွန်းနစ်ပညာ (၁၉၆၈)၊ နောက်ဘာလာဦးမည်နည်း (၁၉၇၁)၊ သက်ရှင်အခြေ (၁၉၇၂)၊ အီလက်ထရွန်းနစ် ဇီဝဗေဒနှင့် ကင်ဆာရောဂါ (၁၉၇၆)၊ သက်ရှင်အခြေနှင့် ကင်ဆာရောဂါ (၁၉၇၈) တို့ဖြစ်သည်။ဆေးပညာဆိုင်ရာ သုတေသန ဖော်ထုတ်ချက်များကြောင့် ဇီဝဓာတုပညာရပ်နယ်ပယ်တွင် အထူးထင်ရှားသည့် နိုဘယ်ဆုရ သိပ္ပံပညာရှင်ကြီး အဲလဗတ်ဇင့်- ဂျော်ဂျီသည် ၁၉၈၆ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ကိုးကား[ပြင်ဆင်ရန်]