ဇဂဒ္ဒလမဟာဝိဟာရ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 25°9′32″N 88°53′15″E / 25.15889°N 88.88750°E / 25.15889; 88.88750

ဇဂဒ္ဒလမဟာဝိဟာရ

ဇဂဒ္ဒလမဟာဝိဟာရ (၁၁ ရာစုနှောင်းပိုင်း - ၁၂ ရာစု အလယ်ပိုင်း) သည် ဘင်္ဂလားဒေ့နိုင်ငံ၊ လက်ရှိမြောက်ဘင်္ဂလားတွင်တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် Varendra ဒေသ၏ လေ့လာသင်ကြားရာနေရာတစ်ခု ဖြစ်ခဲ့သည်။[၁] Pāla မင်းဆက်၏ နောက်ပိုင်းမင်းများ အုပ်စိုးသည့်ကာလတွင် ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ ဘုရင် Ramapala (c. 1077-1120) တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကျောင်းတော်၏ အနီးအနားရှိ အိန္ဒိယနှင့် နယ်စပ်ဒေသဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အနောက်မြောက်ဘက် Jagdal ရွာတွင် Dhamoirhat Upazila Jagdal ရွာတွင် Dhamoirhat Upazila တည်ရှိသည်။[၂] ဤကျောင်းတော်၏ အမည်ကို အချို့စာပေတို့၌ ဂျက်ဂဒလ ဟု ပေါင်းကြသည်။

တည်နေရာ[ပြင်ဆင်ရန်]

ထိုခေတ်အခါက ကျောင်းတော်များနှင့် နှိုင်းယှဉ်ကြည့်ပါက ဇဂဒ္ဒလကျောင်းတော်အကြောင်းကို အနည်းငယ်သာ သိရှိရသည်။ နှစ်ပေါင်းများစွာကြာအောင် ကျောင်းတော်ကို စိစစ်လေ့လာမှုများ မပြုလုပ်နိုင်ခဲ့ပေ။ A.K.M. Zakaria သည် ဖြစ်နိုင်ခြေအလားအလာရှိသည့် နေရာငါးခုကို စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ ၎င်းနေရာများအားလုံးကို Jagdal သို့မဟုတ် Jagadal ဟု ခေါ်ကြသည်။ ထိုနေရာများမှာ Rajshahi-Malda region: in Panchagarh; in Haripur Upazila of Thakurgaon; in Bochaganj Upazila in Dinajpur; in Dhamoirhat Upazila of Naogaon; Bamangola block of Malda, India စသည့်နေရာများ ဖြစ်ကြသည်။ သိသာထင်ရှားသည့် ရှေးဟောင်းအပျက်အစီးများကို Naogaon ခရိုင်ရှိ Jagdal အနီးအနားတွင်သာ တွေ့ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအကြာက ယူနက်စကို၏ ထောက်ပံ့မှုဖြင့် တူးဖော်မှုများကို ပြုလုပ်ခဲ့ရာ ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် သိရှိခဲ့ကြသည်။[၃]

သမိုင်း[ပြင်ဆင်ရန်]

တည်ထောင်ခြင်း[ပြင်ဆင်ရန်]

ရှေးခေတ်အခါက အိန္ဒိယအရှေ့မြောက်ပိုင်း Pala အင်ပါယာ (756-1174 AD) ခေတ်ကာလ မဂဒတိုင်းနှင့် ဘင်္ဂလားဒေသတို့တွင် များစွာတော် ကျောင်းတော်များ ဝိဟာရများကို တည်ဆောက်ခဲ့ကြသည်။ ဓမ္မပါလ (၇၈၁ - ၈၂၁)သည်လည်း ကျောင်းတော်ပေါင်း ၅၀ ကို တည်ဆောက်ခဲ့သည်။ ထို့အတူပင် Rāmapāla (c. 1077-1120)သည်လည်း ကျောင်းတော်များကို တည်ဆောက်ခဲ့ကြသည်။ တိဘက်တို့၏ မှတ်တမ်းအချက်အလက်များအရ မဟာဝိဟာရကျောင်းတော်ကြီး ငါးခုကို ဖော်ပြထားသည်။ ၎င်းငါးခုမှာ Vikramashila; Nalanda, Somapura, Odantapurā, နှင့် ဇဂဒ္ဒလ တို့ ဖြစ်ကြသည်။ “ကျောင်းတော်ကြီး ငါးခုသည် ပြည်နယ်၏ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသည်” ဟု ဖော်ပြထားသည်။[၁][၄][၅]

ဇဂဒ္ဒလသည် Vajrayana ဗုဒ္ဓဘာသာကျောင်းတော် ဖြစ်သည်။ Kanjur နှင့် Tengjur တို့တွင် နောက်ပိုင်းထွက်ပေါ်လာခဲ့သည့် စာပေတို့သည် ဇဂဒ္ဒလမှ ကူးယူရေးသားထားခြင်း ဖြစ်သည်။[၆]

ပျက်စီးခြင်းနှင့် အဆုံးသတ်[ပြင်ဆင်ရန်]

Śakyaśrībhadra သည် နာလန္ဒမဟာဝိဟာရ၏ နောက်ဆုံးအုပ်ချုပ်သူဖြစ်ကာ ဗုဒ္ဓာဘာသာကို တိဘက်ပြည်သို့ ပြန့်ပွားအောင်လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်သည်။ ၎င်းသည် ၁၂၀၄ ခုနှစ်တွင် မွတ်စလင်ကျူးကျော်သူများအန္တရာယ်ကျရောက်ဆဲတွင် တိဘက်သို့ ဇဂဒ္ဒလမှ ထွက်ပြေးခဲ့သည်။ သမိုင်းပညာရှင် Sukumar Dutt က ကျောင်းတော်၏ နောက်ဆုံးဖျက်ဆီးခံခဲ့ရသည့်အချိန်သည် ၁၂၀၇ ဖြစ်သည်ဟု ဆိုသည်။ ကျောင်းတော်အား နောက်ဆုံးဖျက်ဆီးခံခဲ့ရသည်နှင့် ပတ်သက်၍ မည်သည့်အထောက်အထားမျှ မကျန်ရှိပေ။[၇]

တူးဖော်ခြင်းနှင့် ယူနက်စကို အချက်အလက်များ[ပြင်ဆင်ရန်]

၁၉၉၉ ခုနှစ်တွင် ဇဂဒ္ဒလကို ယူနက်စကို အမွေအနှစ်စမ်းသပ်စာရင်းတွင် ထည့်သွင်းခဲသည်။ ယူနက်စကိုက တူးဖော်မှုများ ပြုလုပ်ရာတွင် “၁၀၅ မီတာ ရှည်၍၈၅ မီတာ မြင့်သည့် ကုန်းမြေမို့တစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းသည် ကျောင်းတော်၏ ရှေးဟောင်းသုတေသန အကျန်များ ဖြစ်သည်ကို ဖော်ပြနေသည်ဟု ဆိုခဲ့သည်။ ထို့အပြင် မြေစေးကျောက်ပြားများ၊ အလှဆင်သည့် အုတ်များ၊ ခရုများ၊ ရွှေချောင်းတစ်ခု၊ ကျောက်ဖြင့် ပြလုပ်ထားသည့် နတ်ရုပ်တုသုံးခု စသည်တို့ကို တွေ့ရှိခဲ့ကြသည်။[၂]

Jagaddala Mahavihara 2

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Buddhist Monks And Monasteries Of India: Their History And Contribution To Indian Culture. by Dutt, Sukumar. George Allen and Unwin Ltd, London 1962. pg 377
  2. ၂.၀ ၂.၁ UNESCO World Heritage website
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named bp
  4. Vajrayoginī: Her Visualizations, Rituals & Forms by Elizabeth English. Wisdom Publications. ISBN 9780861713295 p. 15
  5. Buddhist Monks And Monasteries Of India: Their History And Contribution To Indian Culture. by Dutt, Sukumar. George Allen and Unwin Ltd, London 1962. pg 352-3 ISBN 9788120804982
  6. Dreaming the Great Brahmin: Tibetan traditions of the Buddhist poet-saint Saraha by Kurtis R. Schaeffer, Sarahapāda pg 88
  7. Buddhist Monks And Monasteries Of India: Their History And Contribution To Indian Culture. by Dutt, Sukumar. George Allen and Unwin Ltd, London 1962. pg 379-80