ဆွေးနွေးချက်:အလက်စကာပြည်နယ်၏ လူမှုစာရင်းအင်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အဘိဓာန်မှာ ပထဝီဆိုတာ ကမ္ဘာမျက်နှာပြင်ကို လေ့လာတဲ့ပညာလို့ဆိုထားသော အဲဒီစကားလုံးအစား တခြားစကာလုံးဆိုရင် ပိုများသင့်တော်နိုင်မလားမသိဘူး။ NayiMuu® talk ၀၁:၀၁၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

myordbok translationကနေ ယူထားတာပါ။ ဒီနေရာမှာတော့ ပထဝီမြေပုံတွေကို အသုံးပြုပြီး လူမှုရေးဆိုင်ရာ အချက်အလက်တွေကို သရုပ်ပြထားလို့ဆိုတဲ့ အတွေးနဲ့လဲ ကိုက်ညီပြီးတော့ တိုတိုတုတ်တုတ် ရှိတာကလဲ တစ်ကြောင်းပါ။ "လူဦးရေ ပြန့်နှံ့နေထိုင်ပုံ"ဆိုတာလဲ ဖြစ်နိုင်ပါတယ်။ တခြား ပိုကောင်းတဲ့ အသုံးအနှုန်းရှိရင်လဲ အကြံပြုကြပါ။ Dhawell.hlugalay (ဆွေးနွေး) ၀၁:၄၇၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ပထဝီအကြောင်းသိပ်တော့မသိပါ၊ တွေ့တာလေး တင်ပြတာပါ။ en:Human geography ဆိုပြီး သတ်သတ်အသုံးရှိ၊ နောက် en:Population geography ဆိုတာလည်းရှိပြီး အဲဒီဆောင်းပါးမှာ "Population geography involves demography in a geographical perspective.[a]" (a က note) ၊ ဒီမှာ demography ကို "လူဦးရေ ဖွဲ့စည်းမှု" လို့ပြန်၊ Oxford Dict; မှာ the composition of a particular human population နဲ့ the study of statistics such as births, deaths, income, the incidence of disease, which illustrates the changing structure of human populations ဆို၍ ဖွင့်။ Aungookingofcelestials (ဆွေးနွေး) ၀၉:၂၉၊ ၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ကိုအောင်ဦးပြောတဲ့အတိုင်းဆိုရင်တော့ လူမှုပထဝီက တခြားအဓိပ္ပါယ်ရှိနေတဲ့ ဒွိဟ(ambiguous) ဖြစ်စရာ စကားလုံးဖြစ်နေတာပေါ့။ en:Demographyကို ပြန်ဖတ်ကြည့်တော့ "လူမှုစာရင်းအင်း" ဆိုတဲ့စကားလုံးက ပိုသင့်တော်မယ်လို့ထင်မိပါတယ်။ ဘယ်လိုထင်ကြပါသလဲ။ ကန့်ကွက်မဲ့သူမရှိရင် နောက် ၂၀၂၀ နိုဝင်ဘာ ၁၄ မှာ ကျနော်ဒီစာမျက်နှာကို "အလက်စကာပြည်နယ်၏ လူမှုစာရင်းအင်း"ကိုရွှေ့မယ်လို့ အကြံပြုပါတယ်။ အခြားပိုသင့်တော်မယ်ထင်တဲ့ စကားလုံးရှိရင်လဲ ဒီစောင့်ဆိုင်းကာလအတွင်း အကြံပြုကြပါ။ ကျေးဇူးတင်ပါတယ်။Dhawell.hlugalay (ဆွေးနွေး) ၀၂:၁၇၊ ၇ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
The Impact Journal ရဲ့ အထူးထုတ်စာအုပ် "၂၀၂၀ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ" ၌ ကိုကိုကြီး (ပြည်သူ့ပါတီ) ရဲ့ဆောင်းပါးတစ်ခုမှာ Demography ကို ခေါင်းစဉ်ခွဲအနေနဲ့ နှစ်မျက်နှာလောက်ရေးထားတာတွေ့ရလို့ ... အဲဒီမှာ သူက demography ကို "လူဦးရေဗေဒ" လို့ ရေးသားထားပါတယ်။ ကို Dhawell.hlugalay စဉ်းစားဆုံးဖြတ်ရာမှာ နဲနဲအကူလေးများဖြစ်မလားဆိုပြီး သတင်းပေးတာပါ။ Aungookingofcelestials (ဆွေးနွေး) ၁၄:၁၉၊ ၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ကျေးဇူးပဲ၊ ကိုအောင်ဦး။ ဒါပေမဲ့လဲ Demography ကတော့ "လေ့လာခြင်း"(study) ကို ဆိုလိုပြီး၊ ကျနော်တို့ ဗေဒတွေရဲ့ အမည်ပေးခြင်းစည်းမျဉ်းအရ နှစ်ဖက်စလုံး ပါဠိဖြစ်သင့်တော့၊ အဲလို မြန်မာပါဠိ ဖက်စပ်ဝေါဟာရအစား "မနုဿဂဏဗေဒ" ဆိုတဲ့စာလုံးကို "Demography" အတွက် ပိုယူသင့်တယ်လို့ ထင်မိပါတယ်။ လက်ရှိခေါင်းစဉ်ကတော့ "demographics"အတွက် ဘာသာပြန်ဆိုတော့ သူက "data"ကိုဆိုလိုတာ ဖြစ်ပြီး "study"ကိုဆိုလိုတာ မဟုတ်တော့ မနုဿဂဏဗေဒဆိုင်ရာ စာရင်းအင်းဆိုရင်တအား ရှည်သွားမှာဆိုတော့ ကျနော်ကတော့ လက်ရှိတိုတိုတုတ်တုတ် "လူမှုစာရင်းအင်း"ကိုပဲ ပိုအားသန်ပါတယ်။ Dhawell.hlugalay (ဆွေးနွေး) ၀၄:၂၄၊ ၉ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

အထူးတလယ် ကန့်ကွက်သူမရှိတဲ့အတွက် "အလက်စကာပြည်နယ်၏ လူမှုစာရင်းအင်း"ကို ရွှေ့လိုက်ပါပြီ။ အကြံဉာဏ်ပေးကြတဲ့ @NayiMuu: နဲ့ @ကိုအောင်ဦး: တို့ကို ကျေးဇူးပါ။ Dhawell.hlugalay (ဆွေးနွေး) ၁၇:၀၂၊ ၁၅ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]