ဆွေးနွေးချက်:အကုသိုလ်စိတ် ၁၂ ပါး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အကုသိုလ်စိတ် ၁၂-ပါး[ပြင်ဆင်ရန်]

အကုသိုလ်စိတ် ၁၂-ပါး

အပြစ်ရှိသော စိတ်များကို အကုသိုလ်စိတ်များဟုခေါ်၏။

အကုသိုလ်စိတ်များမှာ -

လောဘမူစိတ် ၈-ပါး - လိုချင်တပ်မက်မူလောဘအရင်းခံသည်။ ဒေါသမူ စိတ် ၂-ပါး - စိတ်ဆိုးစိတ်ပျက်မူ ဒေါသအရင်းခံသည်။ မောဟမူစိတ် ၂-ပါး - မသိတွေဝေမူ မောဟအရင်းခံသည်။

လောဘမူစိတ် ၈-ပါး ၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁ ၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁ ၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁ ၄။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁ ၅။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် ၁ ၆။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် ၁ ၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် ၁ ၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ၁

အဓိပ္ပာယ် သောမနဿသဟဂုတ် = ၀မ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ဥပေက္ခာသဟဂုတ် = ၀မ်းမြောက် ၀မ်းနည်းမဖြစ်ဘဲ ဒိဋ္ဌိဂတသမ္ပယုတ် = အယူမှားခြင်း ဒိဋ္ဌိယှဉ်လျက် (ကံ-ကံ၏အကျိုးကို မယုံ) ဒိဋ္ဌိဂတဝိပ္ပယုတ် = အယူမှားခြင်း ဒိဋ္ဌိမယှဉ်ဘဲ (ကံ-ကံ၏အကျိုးကို ယုံ) အသင်္ခါရိကစိတ် = တိုက်တွန်းပြုပြင်မူမပါဘဲ အလိုအလျောက်ဖြစ်သောစိတ် (ထက်မြက်သည့်စိတ်) သသင်္ခါရိကစိတ် = တိုက်တွန်းပြုပြင်မူကြောင့် ဖြစ်သောစိတ် (ထိုင်းမိူင်းသည့်စိတ်)

အသုံးချမူ ကာမဂုဏ်အာရုံကို နှစ်သက်တွယ်တာနေသည့်အခါ လောဘမူစိတ်ဖြစ်သည်။

ဥပမာ။ ။ရုပ်ရှင်ကို ပျော်ရွှင်စွာ ကြည့်နေသူ၌ လောဘမူ သောမနဿသဟဂုတ်စိတ် ဖြစ်၏။ ရုပ်ရှင်ကြည့်သည်ကို အပြစ်ရှိမှန်း မဆင်ခြင်မိသဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ဖြစ်၏။ မိမိအလိုအလျောက် နှစ်သက်တပ်မက်နေသည့်အတွက် သင်္ခါရိကစိတ် ဖြစ်သည်။

ပျော်ရွှင်စွာ ၀တ္ထုဖတ်နေသူ၊ သီချင်းနားထောင်နေသူ၊ သနပ်ခါး မိတ်ကပ် လိမ်းကျံနေသူ၊ ရေခဲမုန့်စားသူ၊ ပန်ကာလေခံသူ စသည်တို့၌လည်း အလားတူပင် လောဘမူ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်၏။

၀မ်းမြောက် ၀မ်းနည်းမဖြစ်ဘဲ အာရုံခံစားလျှင် ဥပေက္ခာသဟဂုတ်စိတ်၊ အပြစ်ရှိသည်ဟု ဆင်ခြင်မိလျှင် ဒိဋ္ဌိမယှဉ်သဖြင့် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၊ သူတစ်ပါးတိုက်တွန်း၍ ပြုလုပ်လျှင် သသင်္ခါရိကစိတ် အသီးသီးဖြစ်သည်။

ဒေါသမူစိတ် ၂-ပါး ၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် ၁ ၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် ၁

အဓိပ္ပာယ် ဒေါမနဿသဟဂုတ် = စိတ်ဆတင်းရဲခြင်းနှင့်တကွဖြစ်သော ပဋိဃသမ္ပယုတ် = အမျက်ဒေါသယှဉ်လျက်

အသုံးချမူ စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ဆင်းရဲသောအခါတိုင်း ဒေါသမူစိတ် ဖြစ်သည်။ ဒေါသမူစိတ်ဖြစ်တိုင်း စိတ်ပူလောင် ဆွေးမြေ့ရသဖြင့် ဒေါမနဿဝေဒနာဖြစ်ပေါ်ပြီး ပဋိဃခေါ် ဒေါသစေတသိက် ယှဉ်၏။

မိမိအလိုအလျောက် စိတ်ဆိုး/စိတ်ပျက်နေလျှင် အသင်္ခါရိက စိတ်ဖြစ်၏။ သူတစ်ပါး တိုက်တွန်းပြောဆိုမှ စိတ်ဆိုး/စိတ်ပျက်လျှင် သသင်္ခါရိကစိတ် ဖြစ်၏။

မောဟစိတ် ၂-ပါး ၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁

အဓိပ္ပာယ် ၀ိစိကိစ္ဆာ = ဘုရား၊ တရား၊ သံဃာ၊ ကံတရားစသည့် ကုသိုလ်ရေး၌ ယုံမှားသံသယဖြစ်ခြင်းသဘော ဥဒ္ဓစ္စ = အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်ခြင်းသဘော

အသုံးချမူ ရတနာသုံးပါး ကံတရားစသည်၌ ယုံမှားသံသယဖြစ်နေသူတွင် မောဟမူ ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် ဖြစ်၏။ အာရုံပျံ့လွင့်ပြီး တွေဝေ ငေးမောနေသူ၌ ဥဒ္ဓစ္စသမ္ပယုတ်စိတ် ဖြစ်၏။

အကုသိုလ် မဖြစ်ရေး အကုသိုလ်စိတ်ဖြစ်တိုင်း သတိထားမိလျှင် အကုသိုလ်စိတ် အစဉ်ပြတ်သွားမည်။ အထူးသဖြင့် မကောင်းမူဒုစရိုက် ၁၀-ပါးကို အကုသိုလ်စိတ်တို့ဖြင့် ပြုလုပ်ရပေရာ အပါယ်ကျနိုင်သည့် အကုသိုလ်စိတ်ကို အဖြစ်မခံဘဲ ရှောင်ရှားနိုင်လျှင် အပါယ်ဘေး လုံခြုံသွားလိမ့်မည်။ စိတ်အကြံကို ထိန်းနိုင်ပါက ကိုယ် နူတ် အမူအရာတို့ကို ထိန်းပြီးသား ဖြစ်သွားလိမ့်မည်။ ဦးကျော်ဇင်အောင် (ဆွေးနွေး) ၁၉:၁၄၊ ၂၁ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဒေါသမူစိတ်[ပြင်ဆင်ရန်]

ဒေါသမူလ၏အရင်းခံ 45.125.4.188 ၀၂:၅၇၊ ၁၃ စက်တင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]