ဆွေးနွေးချက်:သေဒဏ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံမှ သေဒဏ် အကြောင်း[ပြင်ဆင်ရန်]

         ❝ သေဒဏ် အကြောင်း ❞
            ▬▬▬▬▬▬▬▬
သေဒဏ်ပေးခြင်း အပိုင်းမှာ

-- သေဒဏ်ချမှတ်ခြင်း လုပ်ငန်းစဉ်၊ -- သေဒဏ်ကျခံနိုင်သော ပြစ်မှုတို့ကို ဖော်ပြလိုက်ပါတယ်။

သေဒဏ်ချမှတ်ခြင်းလုပ်ငန်းစဉ်


သေဒဏ်ကို ခရိုင်တရားက ချမှတ်ပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ မြို့နယ်တရားများကိုလည်း သေဒဏ်ချမှတ်ခွင့် အာဏာ အပ်နှင်းခဲ့ပါတယ်။ ခရိုင်တရားရုံးမှ ချမှတ်သော သေဒဏ်အမိန့်ကို တိုင်းဒေသ/ပြည်နယ်တရား လွှတ်တော်မှ အတည်ပြုရပါတယ်။ ၎င်းအမိန့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထပ်မံအတည်ပြုရပါတယ်။ နောက်ဆုံး နိုင်ငံတော်သမ္မတက အတည်ပြုအမိန့်ချရပါတယ်။

မူလမှု သေဒဏ်အမိန့်ချမှတ်ပြီးသည်မှ သေဒဏ်စီရင်သည်အထိ ၃ ဆင့် ကျန်ရှိပါသေးတယ်။ အချိန်ကာလအားဖြင့် ၅ နှစ်ကျော် ကြာမြင့်ပါတယ်။ နိုင်ငံတော်သမ္မတမှ အတည်ပြုမိန့်ချပြီးမှသာ သေဒဏ်ကို စီရင်ပါတယ်။ ယနေ့အချိန်မှာ မူလတရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ၅၁ ဦး ရှိနေပါတယ်။

သေဒဏ်ကို စီရင်ရာမှာ အစောဆုံး သေဒဏ်ချမှတ်ခံရသူမှ စတင်စီရင်ပြီး သေဒဏ်ချမှတ်သည့် နေ့အလိုက် အစဉ်အတိုင်း စီရင်ရပါတယ်။ 

၂၀၁၄ ခုနှစ်မှာ သမ္မတကြီး ဦးသိန်းစိန်က သေဒဏ်ချမှတ်ခံထားရသူ ၇၇ ဦးကို သေဒဏ်မှ နှစ်ရှည်ထောင်ဒဏ်သို့ ပြစ်ဒဏ်မှ လျှော့ပေါ့ပေးခဲ့ပါတယ်။ ယခုအချိန်မှာ သေဒဏ်ချမှတ်ခံရသူ ၅၁ ဦးမှာ ၉ ဦးသာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ အတည်ပြုပေးထားပြီး သမ္မတမှ အတည်ပြုထားသူ တစ်ဦးမှ မရှိသေးပါဘူး။

မူလတရားရုံးမှ သေဒဏ်ချမှတ်ခံရသူ ၄၂ ဦးဟာ အထက်အဆင့်တရားရုံးတွေမှာ အယူခံဆဲ၊ စစ်ဆေးဆဲသာ ရှိနေပါသေးတယ်။

( ၂၀၁၈ ဧပြီလ မြန်မာနှစ်သစ်ကူးမှာ လက်ရှိသမ္မတကြီး ဦးဝင်းမြင့်က သေဒဏ် ၄ ကြိမ် ချမှတ်ထားတဲ့ ABSDF ခေါင်းဆောင်ဟောင်း ရဲဘော်သံချောင်းကို လွတ်ငြိမ်းချမ်းသာပေးသော ဖြစ်စဉ်ဟာ ထူးခြားသော မှတ်တမ်း ဖြစ်ပါတယ်။ )
တကယ်တော့ သေဒဏ်ကျခံရသူကို ပြစ်ဒဏ်လျော့ပေါ့ခြင်းသာ ပြုခွင့်ရှိပြီး လွတ်ငြိမ်းချမ်းသာ ပေးခွင့်မရှိပါဘူး။ 

အခြားသော သေဒဏ်ချမှတ်ခံထားရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာ မတွေးရပါဘူး။

သေဒဏ်စီရင်ရာတွင် မြန်မာနိုင်ငံမှာ ကြိုးပေးခြင်း (Hanging) စနစ်ဖြစ်ပါတယ်။

ကြိုးပေးရာမှာ------
ထောင်တာဝန်ရှိသူများ ၊
ထောင်ဆရာဝန်၊
ကြိုးစင်တင်တာဝန်ခံ၊ 

ကြိုးဆွဲတာဝန်ခံနှင့် တရားသူကြီးနှင့် မှတ်တမ်းတင်စာရေးတို့ တက်ရောက်ကြရပါတယ်။

သေဒဏ်စီရင်ခံရသူကို ကြိုးစင်ပေါ်တင်ပြီး လက်ပြန်ကြိုးတုပ်ပါတယ်။ ပြီးရင် အဝတ်မဲ ဖြင့် ခေါင်းကို အုပ်စည်းပြီ မျက်နှာပိတ်ပါတယ်။ ပြီးရင် လည်ပင်းကို ကြိုးခွင်းစွပ်ပြီး မလျော့မတင်း ချည်ပါတယ်။ ပြီးရင် ထောင်ပိုင်ထံ သတင်းပို့ပါတယ်။ ထောင်ပိုင်မှ တရားသူကြီးထံ သတင်းပို့ပါတယ်။ တရားသူကြီးမှ ကြိုးဆွဲမောင်ဖြုတ်သူထံ အချက်ပေးပါတယ်။ တရားသူကြီးထံမှ အချက်ပေးအမိန့် ရရှိချိန်မှာ ကြိုးဆွဲမောင်းဖြုတ်တာဝန်ခံက တရားခံ ရပ်နေသော ကြိုးစင်မှ အခင်းပြားကို မောင်ဖြုတ်ချလိုက်ပါတယ်။ ကြိုးစင်မှာ ၁၅ မိနစ်အချိန်ထားပါတယ်။ တရားခံသေဆုံးပြီး ငြိမ်ကျသွားမှ ကြိုးစင်မှ ဖြုတ်ပါတယ်။ သေဆုံးကြောင်းကို ထောင်ဆရာဝန်မှ အတည်ပြုရပါတယ်။ ၁၅ မိနစ်အချိန်အထိ မသေဘူးဆိုရင် မသေမချင်းကြိုးကွင်းစွပ်သတ်စေ လို့ အမိန့်ချမှတ်ခံရသူမှတပါး လွတ်ငြိမ်းခွင့်ပေးပါတယ်။
ကြိုးစင်မှာ ၂ ကြိမ်အထိ ကြိုးပေးရသူ တယောက်မှ မှတ်တမ်းမရှိပါဘူး။ ကြိုးပြတ်ကျလို့ လွတ်သွားသူလည်း တယောက်မှ မရှိဖူးပါဘူး။ 

နိုင်ငံတကာမှာတော့ သေဒဏ်စီရင်ရာမှာ လျှပ်စစ်ထိုင်ခုံဖြင့် လျှပ်စစ်လွှတ်သတ်နည်း ၊ ဆေးထိုးသတ်နည်း၊ သေနတ်ဖြင့် ပစ်ခပ်သတ်နည်း၊ ဓားစက်ဖြင့် ခုတ်ပိုင်းသတ်နည်း တို့ ရှိကြပါတယ်။

သေဒဏ်ကျခံနိုင်သောပြစ်မှုများ


တသက်တကျွန်းပြစ်ဒဏ်ကျခံနေစဉ်အတွင့်း ကျူးလွန်းသော လူသတ်မှု (ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁က)

ကြိုတင်စီမံထားသော လူသတ်မှု၊(ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁ခ)

သေဒဏ်ကျခံရစေရန် မမှန်သက်သေထွက်ဆိုမှု၊(ရာဇသတ်ကြီး ပုဒ်မ ၁၉၄)

လုယက်ဓားမြတိုက်မှုနှင့်အတူ လူသတ်မှု၊(ရာဇသတ်ကြီး ပုဒ်မ ၃၉၆)

မူးယစ်ဆေးဝါး ထုပ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားမှု (မူးယစ်- ပုဒ်မ-၂၀က)

မူးယစ်ဆေးဝါးကို ပြည်တွင်းသို့ တင်သွင်းမှု၊ ပြည်ပသို့ တင်ပို့မှု(မူးယစ်- ပုဒ်မ-၂၀ခ)

မူးယစ်ဆေးဝါးရောင်း၀ယ်ရာတွင် ရာဇဝတ်ဂိုင်းဝင် သို့မဟုတ် လက်နက်ကိုင်ဆောင်မှု၊ သို့မဟုတ် ၁၆ နှစ်အောက်ကလေးငယ် (သို့) ပြည်သူ့၀န်ထမ်းကို အသုံးချသူ (မူးယစ်- ပုဒ်မ-၂၂/၂၃)

နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှု(ရာဇသတ်ကြီး ပုဒ်မ ၁၂၁/၁၂၂)

နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှုအား အားပေးကူညီမှု (ရာဇသတ်ကြီး ပုဒ်မ ၁၂၃)

လူသတ်ရန်အားထုတ်မှု (ရာဇသတ်ကြီး ပုဒ်မ ၃၀၇)

၄ နှစ်အထက် ထောင်ဒဏ်ကျခံနိုင်သော ရာဇဝတ်ပြစ်မှုနှင့်အတူ လူကုန်ကူးမှု ကျူးလွန်သူ (လူကုန်ကူမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ဃ)/၂၉)

ထောင်ဒဏ် ၇ နှစ်အထက်ကျခံစေနိုင်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူ းလွန်သူ၊

သေဒဏ်မှ ကင်းလွတ်ခွင့် သက်သာခွင့်


ကိုယ်ဝန်ဆောင် မိခင် (ရာဇ၀တ်ကျင့်ထုံး ၃၂၈)

စိတ်ရောဂါသည် သူရူး၊(ရာဇသတ်ကြီး ပုဒ်မ ၈၄)

သူရူးကို မည်သည့်ပြစ်မှုပြစ်ဒဏ်မျှ မပေးရ။ (ရာဇ၀တ်ကျင့်ထုံး ၄၆၄)

၁၂ နှစ်အော က် ကလေးသူငယ် (ရာဇသတ်ကြီး ပုဒ်မ ၈၄)

၂၀၀၉ တွင် ၁၈ နှစ်အောက် ကလေးစစ်သားတစ်ဦးကြောင့် အခြားကလေးစစ်သား သေမှုမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားတဲ့ နိုင်ငံတခုဖစ်ပါတယ်။ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေကတော့ သေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုတွေကိုပါ ဖယ်ရှားပေူဖို့ မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။

ဒေါက်တာကျော်ဆွေ ရေးသားချက်မှ ကောက်နုတ်သည် လပြည့်ဝင်းသိန်း (ဆွေးနွေး) ၀၀:၄၄၊ ၂ မတ် ၂၀၁၉ (UTC)[အကြောင်းပြန်ရန်]