ဆွေးနွေးချက်:သရဏဂုံ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သရဏဂုံခံယူခြင်းနှင့်မယူခြင်း[ပြင်ဆင်ရန်]

ထေရဝါဒခေါ် တောင်ပိုင်း ဗုဒ္ဓဘာသာအယူအရ သရဏဂုံခံယူခြင်းသည် ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံလိုက်ခြင်းပင်ဖြစ်သည်။ သရဏဂုံခံယူခြင်းဖြင့် ယခုဘဝ၊နောင်ဘဝ အကျိုးများလည်း ရရှိနိုင်သည်ဟုဆိုသည်။ သို့သော် မေးခွန်းတစ်ခုမေးလိုသည်မှာ နိဗ္ဗာန်သို့မျက်မှောက်ပြုရန် သရဏဂုံသည် မဖြစ်မနေခံယူအပ်သောအရာလော။ သရဏဂုံ မခံယူလျှင် နိဗ္ဗာန်မရနိုင်တော့ပြီလောဆိုသည့်မေးခွန်းပင်ဖြစ်သည်။ ထိုထိုသောသုတ္တံများကို လက်လှမ်းမှီသလောက်လေ့လာရာတွင် ရဟန္တာများစွာမှာ သရဏဂုံခံယူခြင်းမပြုဘဲ အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကြသည်ကိုဖတ်ရှုရလေသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော မဂ္ဂင်လမ်းကို ကျင့်ကြံပါက မဂ်လေးတန်၊ဖိုလ်လေးတန် ဆိုက်ရောက်သည်သာပင်ဖြစ်လေသည်။ ထို့ကြောင့် ဘာသာဝင်တစ်ဦးအဖြစ်သွတ်သွင်းခံယူရန်သာ သရဏဂုံလိုအပ်ပြီး၊ ဓမ္မလမ်းကြောင်းလျှောက်လှမ်းဖို့အတွက် မဖြစ်မနေ မလိုအပ်ကြောင်း မှတ်ယူကြရပါမည်။ Moe Gyi 324 (ဆွေးနွေး) ၀၄:၅၅၊ ၂၇ ဒီဇင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]