ဆွေးနွေးချက်:ဝါရီရူးမင်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ
သို့ဖြင့် မဂဒူးသည် အရှေ့ဖက်ရှိ အကြီးဆုံး သတ္တဝါဆိုသည့်အတိုင်း သောက္ကတဲမင်း၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကတဲမင်း ဗြရောင်လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ်ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်းအပြင်ကို စောင့်ကျပ်ရသည့် ဝင်းမှူးဖြစ်လာတော့သည်။ ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးလှသောကြောင့် “စောဋိဋံရည်”ဟူသောဘွဲ့ကိုလည်းပေးသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။ ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။ 

ဒီစာပိုဒ်မှာ “စောဋိဋံရည်” လား? မွန်ဝီကီမှာရော ဆရာနိုင်ပန်းလှရဲ့ ရာဇဓိရာဇ်အရေးတော်ပုံကျမ်း စာအုပ်မှာ "စောဍိဍံရည်" လို့ ရေးထားတာတွေ့ရပါတယ်။ ပြင်ပေးကြပါ။ --Battoe19 (ဆွေးနွေး) ၁၃:၅၂၊ ၂၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ကိုယ့်ဘာသာပဲ ပြင်လိုက်ပြီနော်--Battoe19 (ဆွေးနွေး) ၁၃:၅၇၊ ၂၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]