ဆွေးနွေးချက်:ဝဆီရာဝိတ ဆီဝါရီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

@Bright Vachirawit Chivaree:, ထိုင်းနာမည်တွေကို ကျွန်တော်ကတော့ အင်္ဂလိပ်အသံထွက်အတိုင်း အသံမဖလှယ်လိုပါဘူး။ ဆိုလိုတဲ့သဘောက ထိုင်း၊ ဟင်ဒီ စတာတွေက အက္ခရာဖလှယ်လို့ ရပါတယ်။ ​ရှေ့မှာလဲ အက္ခရာဖလှယ်တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဥပမာ Mahidol (มหีดส) ကို မဟီတလ၊ Chulalongkorn ကို စုဠာလင်္ကရဏ စသဖြင့်။ ဒီမှာဆိုရင်လဲ မင်းသားနာမည်က ထိုင်းလို วชิรวิชญ์ ชีวอารี ဖြစ်ပါတယ်။ အသံကိုအတိအကျ ဖလှယ်ရင် ဝချိရဝိတ် (=ဝစ်တ်) ချိဝအာရီ ဖြစ်ပါတယ်။ သို့သော် ကျွန်တော့်အနေနဲ့ ch ဟာ ဆ လို့ ယူဆပါတယ်။ အဲဒီအတွက် ဝဆီရာဝိတ ဆီဝါရီ လို့ ဖလှယ်ခဲ့တာဖြစ်ပါတယ်။ วชิร (ဝချိရ) ကို ဝဇီရာ လို့ မြန်မာမှုပြုလို့တော့ ရပါရဲ့။ Htanaungg (ဆွေးနွေး) ၀၃:၀၀၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဂူဂဲမှာ အသံထွက် ထိုင်းလို နားထောင် ကြည့်ကြပါဦး ထိုင်းလို အတိအကျ ပြန်ချင်ရင် ကျနော် ကြားပုံကတော့ ဝချိရဝိ(တ်) ချိဝအာရီ လို့ပဲ ကြားတယ် Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၅:၂၈၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အင်း အဲစာကြောင်း ကျော်ဖတ်မိသွား။ ထိုင်းက နာမည်တွေက ပါဠိတပိုင်း ထိုင်းတပိုင်း ပေးထားတာတွေ ရှိမယ်။ ဒါကြောင့် နေရာတကာ ပါဠိဆန်လွန်းအောင် မပေးသင့် မပြန်သင့်လို့ ထင်။ သူ့အသံထွက်က ချိဆိုရင် ကိုယ်လည်း ချိသင့်ပါတယ်။ မဟုတ်ရင် ထိုင်းတွေက ငါတို့ဘာသာစကားက ချိရှိတယ်။ မင့်တို့မှာ ုဒီအသံတောင် မရှိလား ထင်မယ်။ ဝိကို ဝိတ ပြောင်းတာက ပါဠိဆန်အောင် လုပ်ယူသလို ဖြစ်။ အမှန်က ပါဠိပျက်သဘော။ မြန်မာမှာဆို ကုသလကနေ ကုသိုလ် ပြောင်းသွားသလိုမျိုးပါ၊ ဒါကြောင့် အသံထွက်တိုင်း ဖလှယ်ပေးလိုက်တာက ခေါ်ရမယ့် လူလည်း မယွင်းသလို စာလုံးလည်း မလွဲလောက်တော့ပါ။ ဥပမာ သူ့နာမည်က ရူပစိတ် ဆိုပါစို့ အဲဒါကို ကိုယ်က ရူပစိတ္တဆိုပြီး ပါဠိမဆန်ဆန်အောင် ပြောင်းပေးသလို ဖြစ်နေဦးမယ် :) Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၅:၄၉၊ ၂၄ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Bhone.bm, ဒါ ပါဠိဆန်တာ မဟုတ်ပါ (ကျနော် ပါဠိသန်သူလဲ မဟုတ်ပါ)။ အက္ခရာဖလှယ်ခြင်းမျှသာ ဖြစ်ပါတယ်။ ထိုင်း၊ လာအို၊ ခမာ၊ ဟိန္ဒီ၊ ဗမာ၊ မွန်၊ ရှမ်း စသည်များမှာ ရှိတဲ့ အက္ခရာများဟာ မတိမ်းမယိမ်း ဖြစ်တဲ့အတွက် တစ်ခုကနေ တစ်ခုကို အသံဖလှယ်တာထက် အက္ခရာချင်း ဖလှယ်တာက ပိုစနစ်ကျပါတယ်။ သို့သော် ကျနော်က ရမ်းလုပ်တာတော့ မဟုတ်ပါဘူး။ ရှေ့က (သိမလားတော့ မသိ) ဆရာ Hintha လုပ်တဲ့အတိုင်း လိုက်နာတာဖြစ်ပါတယ်။ အထက်မှာလဲ သာဓကတွေ ပြထားပါတယ်။ ဆရာက မဟီဒေါကို မဟီတလ၊ ချူလာလောင်ကွန်းကို စုဠာလင်္ကရဏ စသည် အက္ခရာ တစ်လုံးချင်း ဖလှယ်ထားတာ ဖြစ်ပါတယ်။ နောက် ထင်ရှားတာ ပြရရင် ချင်းမိုင်တက္ကသိုလ်မှာလဲ တွေ့နိုင်ပါတယ်။ Mahawithayalai Chiang Mai (มหาวิทยาลัยเชียงใหม่) ကို အက္ခရာတစ်လုံးချင်း ဖလှယ်တာ မဟာဝိဒျာလယ် ချေီယင်းဟ္မိုင်။ အနှစ်ချုပ်ရရင် ပါဠိစွဲနဲ့ ရေးတာမဟုတ်ပါ။ ရှေ့ဆရာရဲ့ အက္ခရာဖလှယ်နည်းအတွက် ခင်းခဲ့တဲ့လမ်းကို ဆက်လျှောက်တာ ဖြစ်ပါတယ်။ PS: ထိုင်းက သက္ကတသက်နဲ့ ခမာသက် အသုံးများပါတယ်။ Htanaungg (ဆွေးနွေး) ၀၃:၂၇၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ အစ်ကို့အနေနဲ့ ရှေ့မှာ ခင်းတဲ့ စနစ်အတိုင်း လျှောက်တာပေါ့။ ကိုဟင်္သာက မဟီတလပဲ ပြန်ပြန် ခုထိ လူတွေကတော့ မဟိဒေါလို့၊ ချူလာလောင်ကွန်းလို့ပဲ နှုတ်ကျိုးနေကြတယ်။ ပါဠိပျက်ဆိုတာ ပါဠိသက်။ ခမာ သက္ကတသက်ဆိုတော့ သက္ကတပျက်ပေါ့။ သူက ဆင်းသက်လာတဲ့ အသံထွက်အတိုင်း ပြန်ပေးသင့်တယ် ထင်။ ဝိ-တ်က သက္ကတပျက်ဆိုပါတော့။ အစ်ကိုက ဝိတလို့ ပြန်ပေးလိုက်လျှင် သက္ကတပျက်ကနေ လုံးဝ သက္ကတ ပြန်ဆန်သွားမလား။ en:Sanskrit မှာ ကျနော် consonant အပိုင်းမှာ ဖတ်ကြည့်ရသလောက် c က ကျ၊ ch က ချလို့ ထင်၊ ပြီးတော့ အနောက်မှာလည်း s သံ သုံးမျိုးတောင် ရှိ၊ အဲဒါက စ ဆ တို့ ဖြစ်မယ် ထင်တယ်နော်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၄:၃၆၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
သက္ကတရော (နိုင်ငံတကာသုံး) ပါဠိရော c, ch, j, jh, ñ ဟာ တာလုဇ၊ အာစောက်အရပ်က ထွက်တာမို့ အသံက ကျ၊ ချ စသည်နဲ့ နီးစပ်ပါတယ်။ မြန်မာအက္ခရာနဲ့ ဖလှယ်တော့ သူတို့က စ၊ ဆ၊ ဇ၊ ဈ၊ ည ဖြစ်လာပါတယ်။ (ဌာန်တော့ မတူတော့ပါ။) သက္ကတမှာ ရှိတဲ့ s သုံးမျိုးကျတော့ သ ပဲ ဖြစ်ပါတယ်။ သျှရ၊ ဂသျှ၊ ပသျှ စသည်လဲ ရှိပါသေးတယ်။ ဥပမာ သျှရီဆိုရင် သိရီ ဖြစ်လာပါတယ်။ Dharma > Dhamma > ဓမ္မ၊ Karma > Kamma > ကမ္မ၊ Siddharth(a) > Siddhattha > သိဒ္ဓတ္ထ စတာတွေလဲ ရှိပါသေးတယ်။ သေချာတာကတော့ အက္ခရာဖလှယ်နည်း (transliteration) က စနစ်ကျပါတယ်။ Htanaungg (ဆွေးနွေး) ၀၄:၅၉၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဒီဆောင်းပါးကို ရှာရလွယ်စေဖို့ Bright Vachirawit ကို ဟိုးအရင်ကတည်းက ပြန်ညွှန်းထားပြီးသားပါ။ Htanaungg (ဆွေးနွေး) ၀၄:၅၉၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
วชิรวิชญ์ > ဝဇီရဝိဇယ ဆိုတာ ခုမှစဉ်းစားမိပါရဲ့။ Htanaungg (ဆွေးနွေး) ၀၅:၀၅၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ အသံထွက်အတိုင်း ဆွေးနွေးတာပါဗျ။ ဖြစ်ရာဌာန် မတူတော့ အသံထွက်နဲ့ စာသားနဲ့ တလွဲစီ ဖြစ်နေပြီပေါ့။ အက္ခရာ ဖလှယ်နည်းက စနစ်ကျတယ် ဆိုရင်တောင်မှပေါ့ အကြံပေးလိုတာက ဝချိရဝိ-တ် ချိဝအာရီကို ခေါင်းစဉ်တင်ပြီး စာကိုယ်မှာ အက္ခရာဖလှယ်နည်းအရ အသံကို တကြောင်း ထပ်တိုး ရေးသားရင်ကော ဘယ်လိုလဲဗျ။ မဟီတလ တို့မှာ အဲလိုရေးထားတာ တွေ့တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်များရဲ့ အမြင်လည်း စောင့်ကြည့်ချင်ပါသေးတယ်။ Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၃၁၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
တစ်ခုစဉ်းစားမိတာပေါ့နော်။ အသံထွက်အတိုင်း ရေးမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသံထွက်ပုံ တူနိုင်ပါ့မလား။ Google က AI ရဲ့ ထောင့်တောင့်တောင့် အသံထွက်၊ ဘန်ကောက်က အသံထွက်၊ ချင်းမိုင်က အသံထွက်၊ ထိုင်းစာတတ် ဗမာတွေရဲ့ ဗမာသံလေးလေးနဲ့ အသံထွက်၊ လေသံတူပါ့မလား။ ​လေသံမတူတော့ ကြားပုံကရော တူနိုင်ပါ့မလား။ မျက်မမြင်ပုဏ္ဏားတွေကို ဆင်ဆိုတာဘာလဲ အကိုင်ခိုင်းသလိုများ ဖြစ်နေမလား။ အတွေးနယ်ချဲ့လျက်။ Htanaungg (ဆွေးနွေး) ၀၆:၁၅၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အကြံပြုကြည့်တာပါ။ တိကျသော သတ်မှတ်ချက်မရှိတော့ ဒီလို ဝိဝါဒပွားစရာအမည်တွေမှာ အက္ခရာဖလှယ် (သို့) အသံဖလှယ် စနစ်နှစ်မျိုးမှာ (ယခု ထိုင်းကဲ့သို့) အက္ခရာဖလှယ်တဲ့ဆောင်းပါးအမည်တွေရှိသလို အသံယူတဲ့ဆောင်းပါးတွေလည်း ရှိနေတော့ နှစ်ခုစလုံးက ယေဘုယျသဘော သူ့နည်းနဲ့သူတော့ မှန်နေတာရှိပါတယ်။ အက္ခရာဖလှယ်မယ်ဆိုရင် နိဒါန်းအစ အမည်ဘေးမှာပဲ "အသံထွက်" ဆိုပြီး ကွင်းစကွင်းပိတ်နဲ့ ကပ်ရေးပေးတာမျိုး၊ အသံဖလှယ်တယ်ဆိုရင်လည်း ဘေးနားမှာပဲ RTGS (transcription) သို့ အက္ခရာဖလှယ်မှု ဆိုပြီး တမ်းပလိတ်နဲ့ဖြစ်ဖြစ်၊ မရှိရင် အလွတ်ပဲဖြစ်ဖြစ် ရေးပေးထားရင် နှစ်ဖက်အဆင်ပြေမယ်ထင်တယ်။ အသံနာမည်ဆို အက္ခရာနာမည် redirect ထား၊ အက္ခရာအမည်ဆို အသံနာမည် redirect ဖန်တီးပေးရင် သင့်မြတ်မယ်ထင်တယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၄၈၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC) Ps:"ချူလာလောင်ကွန်း"လို ပြင်ပစာနယ်ဇင်းတွေမှာ အသုံးများရင်တော့ main page title က ချူလာလောင်ကွန်း ရေးတာပိုကောင်းမယ်ထင်တယ်။ စုဠာလင်္ကရဏ ကို redirect ထားပေါ့။ Aungookingofcelestials (ဆွေးနွေး) ၁၁:၅၅၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Done. နောင် Naming convention အတွက် ဒီအချက်ကို မှတ်ထားလိုက်ပါမယ်။ Htanaungg (ဆွေးနွေး) ၁၂:၄၇၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကျနော်တို့အနေနဲ့အမြင်နဲ့ဆိုရင် International Fan တွေဟာ အဂ်လိပ်အသံထွက်နဲ့ပဲခေါ်ကျမှာလို့ထင်ပါတယ် ဘာကြောင့်လဲဆိုရင် ကိုယ်မိခင်ဘာသာစကားမဟုတ်ပဲ ပေမယ့် တူတဲ့စကားလုံးတွေရှိပါတယ် ဥပမာ မြန်မာမှာ "ဖုန်း' လို့အသံထွက်ပေမယ့် အဂ်လိပ်အသံထွက်မှာ ဖုံ လို့ပဲထွက်သလို့ India မှာဆိုရင် ဖွန် လို့အသံထွကိပါတယ် တခြားစကားတူပေမယ့် အသံထွက်မတူတဲ့စကားတွေလဲအများကြီးရှိပါသေးတယ် Bright Vachirawit Chivaree (ဆွေးနွေး) ၁၅:၅၄၊ ၂၅ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကျွန်တော့်အမြင်ကတော့ ပါဠိနဲ့ သက္ကတလို တော်ရုံနဲ့ မပြောင်းလဲအောင် စည်းမျဥ်းစည်းကမ်းများစွာနဲ့ ထိန်းချုပ်လက်ဆင့်ကမ်းလာတဲ့ စကားလုံးများ မဟုတ်တဲ့အတွက် သူ့ဒေသ အသံထွက်အတိုင်း ထွက်ဆိုတာကိုပဲ အားပေးပါတယ်။ မဟာအိန္ဒိယလို့ခေါ်တဲ့ အိန္ဒိယယဥ်ကျေးမှုကို အနည်းနဲ့အများ လွှမ်းမိုးခံရတဲ့ ဒေသတိုင်းမှာ ပါဠိ၊ သက္ကတ နှင့် ပြကတ ဘာသာစကားများ လွှမ်းမိုးမှု အနည်းနဲ့ အများရှိပြီး ပါဠိ၊ သက္ကတ နှင့် ပြကတပျက် မွေးစားစကားလုံးများကလည်း မရေမတွက်နိုင်အောင် ရှိလို့နေပါတယ်။ ဒါတွေကို လိုက်ဖလှယ်နေလိုက်ရင် ခေတ်ရေစီးကြောင်း အခေါ်အဝေါ်တွေနဲ့လည်း အတော့်ကို ဝေးသွားမှာဖြစ်ပြီး ဒီစကားလုံးတွေဟာ မြန်မာတွေအဖတ်နည်းတဲ့ ဝီကီမှာသာ ကျန်ရစ်ကောင်း ကျန်ရစ်ခဲ့နိုင်ပြီး ခေတ်စကားဝိုင်းတွေမှာတော့ ပြောထုတ်ရမှာကိုပင် ဆွံဆွံအအ ဖြစ်နေကောင်း ဖြစ်နေကြလာပါလိမ့်မယ်လို့ မြင်မိပါတယ် ခဗျ Hein Zaw Bo (ဆွေးနွေး) ၁၁:၁၂၊ ၁၃ စက်တင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]