ဆွေးနွေးချက်:မှုံရွှေရည်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မှုံရွှေရည် ဇာတ်ကားကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဝီကီပေါ်တင်မလို့ ရေးထားတာ အရှည်မတို အနေအထားတစ်ခု ရှိပါတယ်။ လိုချင်တဲ့ ref အချို့မတွေ့သေးတာရယ် အခြားအကြောင်းတွေရေးနေတာနဲ့ မတင်ဖြစ်သေးတာပါ။ လက်ရှိ ဂရိဒဏ္ဍာရီ တမ်းပလိတ်ပါ ဆောင်းပါးတိုလေးတွေ ရေးပြီးရင် ဒီဘက်ပြန်လှည့်ပြီး အတော်လေးပြည့်စုံအောင်ရေးဖို့ပါ။ လောလောဆယ် unref တပ်ထားပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၁၆၊ ၃ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

မှုံရွှေရည်ကို အင်္ဂလိပ်စကား "Hmone Shwe Yi" ဟု ရေးသားထားပါသည်။ ဤရုပ်ရှင်ကို ဒီဂျစ်တယ်အသွင်ပြောင်း၍ ပြန်လည်ပြသရာတွင် MEMORY! International Film Festival 2019 (Yangon) ၌ "Mhone Shwe Yi" ဟု Hm နေရာတွင် Mh ဟု ရှေ့နောက် သုံးထားသည်, ရည် ကို Yi ဟူ၍သုံးသည်။ ဤ website တွင် Hmon Shwe Yee ဟု သုံးသည်။ မြန်မာမှ အင်္ဂလိပ်သို့ အများအားဖြင့် အသံဖလှယ်နည်းအရ 'Hmon or Hmone Shwe Yi' သာဖြစ်သင့်သည်။ Yee ထက် Yi သည် အသံထွက်ရှုထောင့်အရ ပို၍ မှန်ကန်သော ဖလှယ်မှုဖြစ်သည်။ IPA /i/ သည် ၎င်းအတွက် တိုက်ရိုက်ရှိနေသဖြင့် ပို၍တိကျသည်။ enwiki မှာ Hmone Shwe Yee ဟု ရေးသောဆောင်းပါးတို တစ်ပုဒ်ရှိသည်။ အချက်တစ်ချို့မှားနေသည်။ (note: en မှာ လောလောတယ် ဝင်ပြင်ချင်စိတ် မရှိသေးလို့ ဝင်မပြင်ပါ။) Hmone Shwe Yi စာသားပြောင်းလဲလိုပါက ဆွေးနွေးပေးပါ။ Aungookingofcelestials (ဆွေးနွေး) ၀၉:၃၀၊ ၁၂ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

en:Hmone Shwe Yee ဖတ်ကြည့်တာ စိတ်နဲနဲကလိသွားတယ်။ ဝီကီရေးသူအပြစ်မဟုတ်ပါဘူး၊ Myanmar Times ဆောင်းပါးက ဗရုတ်သုတ်ခ ရှောက်ရေးထားလို့၊ အဲဒီဘက်မှာ contribue လုပ်တဲ့သူရှိရင် ပြင်လိုက ပြင်ပေးလိုက်ကြပါ။ မှုံရွှေရည်သီချင်းက အသံ ချိုချိုမြမြနဲ့ ဆိုရတဲ့ type ၊ ဒေါ်တင်တင်မြအသံက ခပ်ဩဩ ဩဇာညောင်းတဲ့ အသံရှင်၊ အဲအသံမျိုး နားထောင်ဖူးရင် ဒီလို article မျိုး myanmar times က ရှောက်မရေးသင့်ပါဘူး ဟီး၊ ပြီးရင် ဒေါ်တင်တင်မြကိုယ်တိုင် ဇာတ်ဝင်တေးဆိုတာနဲတယ်၊ အဖွင့် သီချင်းတို့ overture ပုံစံပဲ ဆိုလေ့ရှိတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၈:၀၈၊ ၃၀ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]