ဆွေးနွေးချက်:မွန်ဘာသာစကား

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မွန်ဘာသာစကားသည် အနော်ရထာခေတ်နောက်ပိုင်းမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်ဟူသော စကားသည် မမှန်ကန်၊တစ်ဖက်သက်ရေးသားချက်သာ ဖြစ်သည်။[ပြင်ဆင်ရန်]

မွန်လူမျိုးတို့သည် မြန်မာလူမျိုးများထက်စောလျင်စွာ ဗုဒ္ဓအဆုံးအမကို သိရှိလက်ခံကျင့်သုံးနှင့်ပြီး‌ဖြစ်သော ယဉ်ကျေးမှုမြင့်မားသည့် တိုင်းပြည်ဖြစ်သည်။မြန်မာဘုရင် အနော်ရထာမင်းသည် မွန်ဘုရင် မနူဟာမင်းကို အနိုင်ရပြီးမှသာ ပိဋိကတ်တော်များ ပုဂံပြည်သို့ ယူဆောင်(ပင့်ဆောင်)လာခြင်းဖြစ်သည်။သို့ဖြစ်ရာ မွန်များသည် ပါဠိဘာသာဖြင့် မှတ်တမ်းတင်ထားသော ပိဋိကတ်တော်များကို မွန်ဘာသာသို့ပြန်ဆိုနှင့်ပြီး ဖြစ်သည်။ထို့ကြောင့် မွန်ဘာသာစကားမပေါ်ပေါက်သေးလျှင် အဘယ်သို့ မွန်လူမျိုးများ ဗုဒ္ဓဘာသာတရားတော်များကို မြန်မာလူမျိုးများထက် ဆောလျင်စွာ သိရှိနားလည်ကျင့်သုံးနိုင်မည်နည်း။

အကျိုးအကြောင်း၊အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားဆင်ခြင်သုံးသပ်နိုင်သော ပညာတက်မှသာလျှင် တရားသိနိုင်မည်ဟူသော ဗုဒ္ဓ၏ ဟောကြားချက်အရ စာပေမထွန်းကား၊မပေါ်ပေါက်လျှင် အဘယ်သို့ ဗုဒ္ဓတရားတော်များကို ဖတ်ရှုမှတ်သားနာယူနားလည်ကျင့်သုံးနိုင်မည်နည်း။

မြန်မာဘုရင် ကျန်စစ်သားမင်း၏ သားတော် ဖြစ်သော ရာဇကုမာရ် မင်းသား၏ ကျောက်စာသည် မွန်ဘာသာအစရှိသော ဘာသာလေးမျိုးဖြင့် ရေးထိုးထားသည်ဖြစ်ရာ အနော်ရထာခေတ်နောက်ပိုင်းမှ ပေါ်ပေါက်သည်ဟူသောစကားအရ ဘာသာစကားတစ်မျိုးသည် မင်းဆက်နှစ်ဆက်မျှတိုတောင်းသော ကာလအတွင်း ပေါကြွယ်ဝသော ဝေါဟာရများ၊အက္ခရာများ ပြည့်စုံနိုင်ပါ့မည်လော။

တိုင်းပြည်တစ်ပြည်တည်ထောင်ရာတွင် ဘာသာစကားမပေါ်ပေါက်သေးပါက ပြည်သူအချင်းချင်း၊ တိုင်းပြည်အချင်းချင်း အကျိုးစီးပွား ကိစ္စများ မည်သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါမည်နည်း။တိုင်းပြည်မှထုတ်ပြန်သော အမိန့်များ၊ စာချွန်လွှာများကို မည်သို့ရေးသားထုတ်ပြန်ကြမည်နည်း။

ဤအချက်များထောက်ရှု၍ အထက်ပါ ရေးသားချက်ဖြစ်သော မွန်ဘာသာသည် အနော်ရထာခေတ်နောက်ပိုင်းမှာ ပေါ်ထွန်းလာသည်ဟူသော စကားသည် ကိုယ့်ဘက်ကိုယ်ယက်သော၊ မွန်ဘာသာစကားကို သေးသိမ်ဖွယ်ရာ ဖြစ်အောင် လိုရာဆွဲရေးထားသော မမှန်ကန်သော ရေးသားချက်သာဖြစ်သည်။ Yan Aung Wiki (ဆွေးနွေး) ၂၀:၁၄၊ ၉ ဧပြီ ၂၀၂၄ (UTC)[အကြောင်းပြန်ရန်]