ဆွေးနွေးချက်:အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ (မြန်မာနိုင်ငံ)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာပြည်စစ်တုရင်ချန်ပီယံများ[ပြင်ဆင်ရန်]

မြန်မာပြည်စစ်တုရင်ချန်ပီယံများ အစား အမျိုးသားတံခွန်စိုက် စစ်တုရင် ပြိုင်ပွဲ လို့ Title Name လေး ပြောင်းပေးနိုင်မလားခင်ဗျ။ နိုင်ငံတော်က ကျင်းပတဲ့ စစ်တုရင်ပြိုင်ပွဲအမည်က အမျိုးသားတံခွန်စိုက် စစ်တုရင် ပြိုင်ပွဲ လို့ပဲ သုံးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။ — NCAMyanmar (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 09:03, 4 November 2020

@NCAMyanmar: ဆောင်းပါးနာမည်ပြောင်းဖို့အတွက်က ဆောင်းပါးစာမျက်နှာ အပေါ်ညာဖက်က ရွှေ့ရန် ကို နှိပ်ပြီး ပြောင်းလို့ရပါတယ်။ သိချင်တာက မြန်မာနိုင်ငံမှာ နိုင်ငံအဆင့် စစ်တုရင်ပြိုင်ပွဲအနေနဲ့ ဒီတစ်ခုပဲဆိုတာရယ်၊ ဒီထဲမှာ စာရင်းပြထားတဲ့သူတွေအကုန်လုံးက အဲဒီပြိုင်ပွဲရဲ့ ချန်ပီယံတွေပဲလားဆိုတာရယ် သိချင်ပါတယ်။ တကယ်လို့ ပြိုင်ပွဲတစ်ခုထဲက မဟုတ်ဘဲ တခြားပြိုင်ပွဲ (နိုင်ငံတကာ) လိုမျိုးရဲ့ ချန်ပီယံကိုလဲ စာရင်းထည့်ထားတယ်ဆိုရင်တော့ လက်ရှိခေါင်းစဉ် (မြန်မာနိုင်ငံသား စစ်တုရင်ပြိုင်ပွဲများရဲ့ ချန်ပီယံ)နဲ့ လိုက်လျောညီထွေတော့ရှိတာပေါ့။ အမျိုးသားပြိုင်ပွဲရဲ့ ချန်ပီယံတွေချည်းပဲဆိုရင်တော့ နာမည်ပြောင်းတာ ပိုသင့်တော်ပါမယ်။ အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ (မြန်မာနိုင်ငံ) လို့ ပြောင်းရင် အဆင်ပြေမှာပါ။ NinjaStrikers «» ၀၉:၄၈၊ ၄ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
The current name "မြန်မာပြည်စစ်တုရင်ချန်ပီယံများ" is good enough for the list of champions only. So When the page name is changed, could someone write at least the lead (the intro paragraph) of the page because simply the list of people (here champions) should not be included in the probable name-to-be "အမျိုးသားတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ (မြန်မာနိုင်ငံ)". The existing content does not satisfy my greed for the betterment of the article, Lol. More preferably, a few sections including "History", should be written in an effort to improve the article. (sry for the text in English, cant type Burmese on PC, will take an hour to write 3 sentences.) Aungookingofcelestials (ဆွေးနွေး) ၁၀:၃၉၊ ၄ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
နိုင်ငံအဆင့်စစ်တုရင်ပြိုင်ပွဲက အဲ့တစ်ခုက သက်တမ်းအရှည်ကြာဆုံးပြိုင်ပွဲ ဖြစ်ပါတယ်။ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲအမြင့်ဆုံးပြိုင်ပွဲပါ။ ပြည်နယ်နဲ့ တိုင်းအဆင့် လက်ရွေးစင်များသာ ပါဝင်ခွင့်ရပါတယ်။ ဖော်ပြပါဇယားက အမည်စာရင်းကလည်း အဆိုပါပြိုင်ပွဲရ ချန်ပီယံများသာ ဖြစ်လို့ စာရင်းမှန်ကန်ပါ၊
တခြား နှစ်စဉ်ပြိုင်ပွဲတွေလည်း ရှိပါတယ်၊ (၁) GMဇော်ဝင်းလေး အမှတ်တရ နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲဆိုတာကလည်း Rating Open အဖြစ် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ကပဲ ကြီးမှူးပြီး နိုင်ငံအဆင့် ကျင်းပပါတယ်။ ၂၀၁၄ ခုနှစ်က စပြီး စက်တင်ဘာ ၂၉ ကနေ အောက်တိုဘာ ၃ ရက်နေ့အထိ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ယခုနှစ်သာ Covid-19 ကြောင့် မကျင်းပဖြစ်တာပါ။ နောက်တခုက (၂) မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲလည်း ရှိပါတယ်။ နှစ်စဉ် မကျင်းပနိုင်သေးပါဘူး။ အဲ့စာရင်းလည်း သီးသန့် ပြုစုထားပါတယ်။ မပြည့်စုံသေးလို့ မတင်ရသေးပါဘူး၊ ကျေးဇူးတင်ပါတယ်။ NCAMyanmar (ဆွေးနွေး) ၁၁:၃၃၊ ၄ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
အမျိုးသားတံခွန်စိုက်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (ပြိုင်ပွဲအကြောင်း၊ ကျင်းပပုံ၊ ဖြစ်ပေါ်လာပုံ စတာတွေ)ကိုလည်း အခုဆောင်းပါးထဲမှာ ထည့်သွင်းရေးသားပေးပါဦးဗျ။ NinjaStrikers «» ၁၁:၂၃၊ ၅ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့အစ်ကို မေးမြန်းစုဆောင်းနေပါတယ်။ ပြည့်စုံတဲ့အခါ ထပ်ပြီး ဖြည့်စွက်လိုက်ပါ့မယ် NCAMyanmar (ဆွေးနွေး) ၁၀:၃၈၊ ၁၈ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]