ဆွေးနွေးချက်:မကွေးမိဖုရား

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မကွေးမိဖုရား မယ်တော်[ပြင်ဆင်ရန်]

မိကွေးမိဖုရား မယ်တော်က သာယာဝတီမင်း ရဲ့ အိမ်တော်ပါ ကိုယ်လုပ်တော် ဘဏ္ဍာစိုး မမှော်ဖြစ်ပြီး သာယာဝတီမင်း နန်းတက်တော့ နန်းဆွယ်မိဖုရား အဖြစ်တင်မြှောက်ခံရပြီး မိဖုရားခေါင်ဖြစ်တဲ့ ကျပင်းမိဖုရား နဲ့ ရန်ငြိုး ရှိသူဖြစ်ပါတယ်။ ရှေးဘုရင်တွေ လက်ထက်က တိုင်းပြည်ဘဏ္ဍာရေး ကိစ္စ အဝဝနဲ့ တော်ဝင်မိသားစု အသုံးစရိတ် ကိုစီမံဖို့ အလယ်အလတ်အဆင့်ရှိတဲ့ မိဖုရား တစ်ပါးကို တာဝန်ပေးလေ့ရှိပါတယ်။ မမှော်က သာယာဝတီမင်းနန်းတက်ပြီးတော့ ဘဏ္ဍာစိုး မိဖုရား အဖြစ်တင်မြှောက်ခံရပါတယ်။ နန်းရ မိဖုရားတွေ ကို ဘဏ္ဍာစိုး မတင်မြှောက်ရခြင်းကတော့ ထိုမိဖုရားတွေက ရာထူးမြင့်တော့ အခွင့်အာဏာ အသုံးပြုပြီး စိတ်ကြိုက် ဘဏ္ဍတော်တွေကို သုံးဖြုန်းမှာစိုးတဲ့အတွက် သာမန်မိဖုရားတွေကိုသာ ခန့်အပ်တာပါ။ အဲဒါကို မကျေနပ်တဲ့ ကျပင်းမိဖုရားကြီးက မမှော်ကို မနာလိုရာကနေ ကျပင်းမိဖုရားရဲ့ အသုံးအဖြုန်းကြီးတဲ့ အိမ်ရှေ့စံ ပုဂံမင်းရဲ့ အသုံးစရိတ်ကို မမှော်က စနစ်တကျ ကန့်သတ်ပါတော့တယ်။ နောက်တော့ သာယာဝတီမင်း စိတ်နောက်ချိန်မှ ကျပင်း ကမိဖုရားခေါင်ကြီး အာဏာကို သုံးပြီး မမှော် နဲ့တကွ သူနဲ့ မတည့်တဲသူ အခို့ကို ကွပ်မျက်ခဲ့ပါတယ်။ မမှော်ရဲ့ သမီးတော် ခင်မင်းကောက် (မကွေးမိဖုရား) ကို စကြာဒေဝီ မင်းသမီး ကယ်ခဲ့လို့ အသက်ရှင်တာပါ။ ဒီမှာ ပြောချင်တာက ကျပင်း က ဘဏ္ဍာစိုးမိဖုရား မဟုတ်သလို မကွေးမိဖုရား မယ်တော်လည်းမဟုတ်တဲ့ အပြင် မကွေးမိဖုရားတောင် ကျပင်းမိဖုရား သတ်ချင်တဲ့ စာရင်းနဲ့ မကင်းပါဘူး။ သက်သေ အထောက်အထားရှာချင်ရင်တော့ ဦးညိုမြရေးတဲ့ ကုန်းဘောင်ရှာပုံတော် နဲ့ ဦးကုလား မှန်နန်းရာဇဝင်မှာ ဖော်ပြထားပါတယ်။ မင်းမျိုနွယ်ထဲကနေလည်း မေးမြန်းချင်တယ်ဆိုရင်တော့ Facebook မှာ Win Htut Yan Naing ဆိုတဲ့ အကောင့်ကို messanger နဲ့မေးနိုင်ပါတယ် 103.25.240.48 ၀၉:၁၂၊ ၂၅ ဖေဖော်ဝါရီ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]

ဆရာကြီး မောင်သန်းဆွေ (ထားဝယ်) ရဲ့ ကုန်းဘောင်ရှင်းတမ်း၊ အခန်း(၁၇) မင်းခင်းမင်းသမီးရှင်းတမ်း (စာ ၁၈၉) မှာတော့ "မကွေးမြို့စား မိဖုရားဟာ သာယာဝတီမင်းနဲ့ ဘဏ္ဍာစိုး ကျပင်းမြို့စား သီရိသုနန္ဒာ မင်္ဂလာမဟေတို့ရဲ့ သမီးတော်ဖြစ်ပါတယ်။"လို့ ပြောထားပါတယ်။ ကုန်းဘောင်ဆက်မဟာရာဇဝင် တတိယတွဲ (စာ ၅၅) မှာလည်း "ဘဏ္ဍာစိုး ကျပင်းမြို့စား သီရိသုနန္ဒာ မင်္ဂလာမဟေတွင်မြင်သည့် သားတော် တရုတ်မော်မြို့စားမင်းသား သတိုးမင်းရဲကျော်ခေါင်တစ်ပါး၊ နှမတော် ရတနာပုံရွှေမြို့တော်ကြီးတည် မင်းတရားကြီးဘုရား မိဖုရား မကွေးမြို့စားတစ်ပါး၊ ပေါင်း နှစ်ပါး။"လို့ ဖော်ပြထားပါတယ်။ ကို Myat Thinkha Nge ကလည်း ၂၀၂၀၊ နိုဝင်ဘာ ၂၅ တုန်းက ဘဝရှင် မင်းတုန်းမင်းတရားကြီး ၏ နန်းဆွယ်မိဘုရားကြီး သုံးပါး (ခ) နှမတော် မိဘုရားကြီး သုံးပါး၏ အမှတ်တရ ပုံရိပ်များ ဆိုပြီး တင်ထားတဲ့ ပို့စ်မှာ "သာယာဝတီမင်းတရားနှင့် ဘဏ္ဍာစိုး ကျပင်းမြို့စား မိဘုရားတို့၏ သမီးတော် တောင်သာမင်းသမီး ခင်မင်းကောက်" လို့ ရေးထားပါတယ်။ ကုန်းဘောင်ဆက် ဒု-တွဲ (စာ ၃၇၃) မှာ သာယာဝတီမင်းက "နန်းမတော်မိဖုရားခေါင်ကြီးကို ပန်းတောင်းမြို့၊ ရွှေကျင်မြို့၊ တောင်ငူမြို့နှင့် တောင်ငူမြို့ ငွေခွန်တော်ဆက် ဟံသာဝတီမြို့ တစ်ဆယ့်နှစ်ရပ်အခွန်၊ ခန်းပတ်သညစ်ခြောက်ရွာ ငွေခွန်၊ ငပယင်း, အင်းတော်, ရှိမ်းမကားရွာ, မင်းရွာ, အိုရင်းရွာ, ရေကြည်ရွာများကို အသုံးကံကျွေးခံ ပေးတော်မူသည်"လို့ မှတ်တမ်းတင်ထားရာမှာ ကျပင်းမြို့မပါပါဘူး။ တစ်ဆက်တည်း (စာ ၃၇၄) မှာ "ကိုယ်လုပ်တော် ဘဏ္ဍာစိုးမင်းသမီးကို ကျပင်းမြို့"၊ "ကျပင်းမြို့စား သမီးတော်ကို တောင်သာမြို့"လို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သာယာဝတီမင်းရဲ့ မိဖုရားခေါင်ဟာ ကျပင်းမြို့စားမိဖုရားမဖြစ်နိုင်ပါဘူး။ ကုန်းဘောင်ရှာပုံတော် (စာ ၂၃၄) မှာပါတဲ့ "မိဖုရားခေါင် ကျပင်းမင်းသမီး"ဆိုတာက သာယာဝတီမင်း ဘုရင်မဖြစ်ခင်ကာလက သူ့အနေနဲ့စားကျေးရတဲ့မြို့ကို ရည်ညွှန်းချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ သေချာပေါက်ကတော့ မကွေးမိဖုရားရဲ့ မယ်တော်က ဘဏ္ဍာစိုး ကျပင်းမိဖုရားဖြစ်ပါတယ်။ ဝီကီပီးဒီးယားမှာ ကုန်းဘောင်ခေတ်မင်းမိဖုရားတွေအကြောင်း ရေးသားတဲ့အခါ ကုန်းဘောင်ရှာပုံတော်ထက် အကြောင်းအရာအတိအကျ မှတ်တမ်းတင်ထားတဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးကိုပဲ ပိုပြီးကိုးကားသင့်၊ reliable source လို့ မှတ်ယူသင့်တယ်လို့ ယူဆပါတယ်။ ထိုနည်းတူ ယဉ်ကျေးမှုဒုဝန်ကြီးဖြစ်ခဲ့တဲ့ သမိုင်းပညာရှင် ဆရာကြီး မောင်သန်းဆွေရဲ့ ကုန်းဘောင်ရှင်းတမ်းစတဲ့ စာပေလက်ရာတွေကိုလဲ မေ့မထားသင့်ကြောင်းပါ။ ~ ထနောင်း (🔔📝) ၁၀:၁၃၊ ၂၅ ဖေဖော်ဝါရီ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]
အထက်က ကို Myat Thinkha Nge ရဲ့ Facebook post က comment မှာ ​ပြောထားတာကိုကြည့်ရင် သာယာဝတီမင်းရဲ့ မိဖုရားခေါင်က ကျပင်းမိဖုရားမဟုတ်ကြောင်း ရှင်းပါတယ်။ "ကျပင်းမင်းသမီး က မင်းသမီး ဘဝ က အပိုင်စားရတဲ့ မြို့ပါ ၊ သူက.. သာယာဝတီမင်း နန်းတက်တဲ့ အခါ မိဘုရားခေါင်ကြီး ဖြစ်ပြီး သူ စားခဲ့တဲ့ ကျပင်း မြို့ က သာယာဝတီမင်း က. ဘဏ္ဍာစိုးမိဘုရား မမှော် ကို အပိုင်စားပေးလို့ ဘဏ္ဍာစိုး မိဘုရား မမှော် ၊ ဘဏ္ဍာစိုး ကျပင်းမြို့စားမိဘုရား ဖြစ်လာခဲ့ပါတယ် ၊ မိဘုရားခေါင် နဲ့ ဘဏ္ဍာစိုး မိဘုရား မတူပါ ၊ သတ်သတ်စီပါ စားရတဲ့ မြို့တူ လို့ ရောထွေးနေတာပါ" ~ ထနောင်း (🔔📝) ၁၀:၃၀၊ ၂၅ ဖေဖော်ဝါရီ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]