ဆွေးနွေးချက်:ဖောင်းပြင်မြို့
ဖောင်းပြင်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ ဒေသသမိုင်းအကျဉ်း ဖောင်ပြင်မြို့နယ်သည် ဒုတိယကုန်းဘောင်ခေတ်အထိ ထင်ရှားခဲ့ခြင်း မရှိသေးပါ။ နယ်ချဲ့လက်ထက်မှ စတင်ကာ ဘောင်းပြင်ဟူသော အသုံးအနှုန်းအစား ဖောင်းပြင်ဟု ခေါ်ဆိုခဲ့ပါသည်။ သို့ရာတွင်ဖောင်းပြင်မြို့ရှိ ရာဇမုနိဘုရားမှတ်စာ ငွေပေလွှာတွင် ဘောင်းပြင်ဟု ရေးသားထားသည့်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၁၂၉၄ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြို့နယ်ရှိ မဟာမုနိဘုရား ကျောက်စာ စာကြောင်းရေ(၄၂-၄၃) တွင်လည်း ဘောင်းပြင်မြို့ဟု ဖော်ပြထားသည့်ကို တွေ့ရှိရပါသည်။ ယင်းအထောက်အထားများအရ ဖောင်းပြင်သည် ဘောင်းပြင်ဟူသော ဝေါဟာရမှ အဆင့်ဆင့် ပြောင်းလဲခေါ်လာသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယနေ့ ရုံးသုံးအမည်နာမနှင့် လူအများစုမှ ဖောင်းပြင်မြို့ဟုပင် ခေါ်ဝေါ်သုံးစွဲလျက် ရှိကြပါသည်။ ဖောင်းပြင်မြို့နယ်သည် ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၈.၂.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၁၀၇/၁၆/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများကို ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၂၈.၂.၁၉၇၃)ရက်စွဲ ပစာအမှတ်၊ ၃/၁၀၆/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ အတည်ပြု ဖွဲ့စည်းထားပြီး ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ (၁၇၈)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။
ဖောင်းပြင်မြို့အကြောင်း ဆွေးနွေးချက်တစ်ခု စတင်ပါ။
ဆွေးနွေးချက် စာမျက်နှာများသည် ဝီကီပီးဒီးယား ပေါ်ရှိ အကြောင်းအရာများအား အကောင်းဆုံးဖြစ်စေရန် မည်သို့ဆောင်ရွက်ကြမည်နည်းဟူသည်ကို ဆွေးနွေးနိုင်သည့် နေရာဖြစ်သည်။ ဖောင်းပြင်မြို့အား မည်သို့မည်ပုံ တိုးတက်ကောင်းမွန်လာစေရန်အတွက် အခြားသူများနှင့် ဆွေးနွေးချက်တစ်ခု စတင်ရန် ဤစာမျက်နှာကို သင် အသုံးပြုနိုင်သည်။