ဆွေးနွေးချက်:ပုတ္တလုပ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မင်္ဂလာရာမကျောင်းတိုက်အတွင်းရှိ လူသိနည်းသော ရှေးဟောင်းဘုရားဆင်းတုတော် နှစ်ဆူ[ပြင်ဆင်ရန်]

မင်္ဂလာရာမ‌ကျောင်းတိုက်အတွင်းရှိ ဆွမ်းစားကျောင်းဆောင်သို့ ရောက်ရှိသည့်အခါ ဒေါ်ဝင်းရွှေမိသားစု လှူဒါန်းထားသော ဘူမိဖဿမုဒြာဟန် ဘုရားဆင်းတုတော် အကြီးတစ်ဆူကို ဖူးတွေ့ရပေမည်။

ယင်းဆင်းတုတော်ကြီး၏ ဝဲယာတွင် ဘူမိဖဿမုဒြာဟန် အလတ်စား ဘုရားဆင်းတုတော်နှစ်ဆူ ရှိသည်။ လက်ဝဲဘက် အဆူမှာ ဘုရားအမကြီး ဒေါ်သက်၏ ကောင်းမှုတော် ဖြစ်ပြီး လက်ယာဘက် အဆူမှာ ဘုရားအမကြီး ဒေါ်မှို၏ ကောင်းမှုတော် ဖြစ်သည်။ ကုသိုလ်မှတ်တမ်းများနှင့်ပတ်သက်၍_

(ဝဲ) "၁၂၇၆ခု၊နှောင်းတကူးလပြည့်၊တနင်းလာနေ့၊ ကျောက်တန်းမြို့အပိုင် ပုတ္တလုပ်ရွာနေ၊ဘုရားအမဒေါ်သက်၊ကောင်းမှု၊သာဓုနတ်လူခေါ်စေသော်။"

(ယာ) "၁၂၈၅၊ခုနှစ်။ဟံသာဝတီဒိစတြိတ်။ကျောက်တန်းမြို့အပိုင် ပုတ္တလုပ်ရွာ။ဘုရားအမကြီးဒေါ်မှို ကောင်းမှု။" ဟူ၍ မှတ်တမ်းတင်ထားပါသည်။

အဆိုပါမှတ်တမ်းများအရ_ ဒေါ်သက်၏ ကုသိုလ်တော် ဆင်းတုတော်မှာ ၁၀၆-နှစ်ခန့် သက်တမ်းရှိပြီ ဖြစ်ပြီး ဒေါ်မှို၏ ကုသိုလ်တော် ဆင်းတုတော်မှာ ၉၈-နှစ်ခန့် သက်တမ်းရှိပြီ ဖြစ်သည်။

သမိုင်းတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုး၊ယုံကြည်ကိုးကွယ်မှုတန်ဖိုးစသော စံတန်ဖိုးကောင်းများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဖော်ပြလိုက်ရပါသည်။ U Yewata (ဆွေးနွေး) ၁၆:၀၁၊ ၄ ဇူလိုင် ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]