ဆွေးနွေးချက်:ငါန်းမြာကြီးမြို့

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြို့/ရွာ[ပြင်ဆင်ရန်]

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အစီရင်ခံစာတွေရယ်၊ ၂၀၁၄သန်းခေါင်စာရင်းရယ် အချက်အလက်တွေအရ ငါန်းဇွန်မြို့နယ်မှာ ငါန်းဇွန်မြို့ တစ်မြို့ပဲရှိပါတယ်။မြို့သာလိုနေရာတောင်မှ ရွာအဆင့်ပဲရှိပါသေးတယ်။အဲ့ဒီအနီးတဝိုက်မှာ မြို့ဖြစ်သွားတဲ့ရွာက မြင်းခြံဘက်က ဆီမီးခုံတစ်ခုပဲ ရှိပါသေးတယ်။အစီရင်ခံစာက မြေပုံအရ ငါန်းမြာကြီးကို မတွေ့ရပဲ ငါန်းမြာကျေးရွာကိုပဲ တွေ့ရပါတယ်။၂၀၁၄သန်းခေါင်စာရင်းမှာလည်း ငါန်းမြာကျေးရွာအုပ်စုကိုပဲ တွေ့ရပါတယ်။စည်ပင်ဈေး၊ ဆေးရုံနဲ့ အထက်တန်းကျောင်းတွေရှိတာကလည်း ငါန်းမြာမှာပါ။referenceယူလို့မရတဲ့ တချို့ websiteတွေမှာတော့ ငါန်းမြာကြီးမြို့ဆိုတဲ့ ရွာဝင်ဆိုင်းဘုတ်ပုံတွေတော့ ရှာလို့တွေ့ရတယ်ဗျ။မြင်းခြံနားက တလုပ်မြို့ကျေးရွာလိုပဲ ရွာနာမည်ကိုက ငါန်းမြာကြီးမြို့ကျေးရွာ ဖြစ်မယ်ထင်တယ်။တချို့ကလည်း ငါန်းမြာကနေ ငါန်းမြာကြီးလို့ ပြောင်းသွားတယ်ပြောကြတာပဲ။ဘာပဲဖြစ်ဖြစ် ငါန်းမြာကြီးက မြို့မဟုတ်တာရယ်၊ ရွာလို့သတ်မှတ်လို့ရမဲ့ တိတိကျကျ ကိုးကားချက်မရှိတာရယ်ကြောင့် စာမျက်နှာခေါင်းစဉ်ပြောင်းတာဖြစ်ဖြစ်၊ စာမျက်နှာကို ဖျက်ပစ်တာဖြစ်ဖြစ် ကောင်းမယ်ထင်တယ်ဗျ။ Kantabon (ဆွေးနွေး) ၀၉:၄၄၊ ၇ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]