ဆွေးနွေးချက်:ကြမ်းပိုး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံရှိ ကျေးလက်နေ ပြည်သူ အများစုမှာ ဝါးဖြင့်ပြုလုပ်သော ကြမ်း၊ ထရန်၊ ကုလားထိုင်၊ ကုတင်၊ တန်းလျား၊ ဖျာ၊ သင်ဖြူး အစရှိသည်တို့နှင့်သာ နေထိုင်မှုများကြသည်။ ထိုအရာများသည် ကြမ်းပိုးနေထိုင်အသက်ရှင်ရန် အကောင်းဆုံးခိုအောင်းရာနေရာများလည်း ဖြစ်နေတော့သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူအများစုမှာ ကြမ်းပိုးဒဏ်ကို များစွာ ခံစားရလျှက်ရှိကြသည်။ ကြမ်းပိုးကို နိမ်နင်းရာ၌ ကြမ်းပိုးခိုအောင်းလျှက်ရှိသော ကုတင်၊ ကြမ်း၊ တန်းလျား၊ ဖျာ၊ သင်ဖြူးအစရှိသည်တို့ကို နေပူလှန်းခြင်း၊ ထုရိုက်ခါချခြင်း၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအမျိုးမျိုးကို ဖြန်းပက်ခြင်းတို့ဖြင့်သာ နိမ်နင်းနေကြရသဖြင့် မထိရောက်ကြပေ။ ထို့ကြောင့် ကြမ်းပိုး နိမ်နင်းနိုင်သော ဆေးများ ဖြန့်ချီပေးလျှင် များစွာ အထောက်အကူဖြစ်နိုင်ကြောင်း ဆွေးနွေးလိုက်ရပါသည်။