ဆွေးနွေးချက်:ကျွန်တော် အိပ်မက်မက်တယ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ် လို့ပဲ တိုက်ရိုက်ဘာသာပြန်လိုက်ရင် ပိုကောင်းမလား Mkthadotdr (ဆွေးနွေး) ၁၂:၀၁၊ ၂၄ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ဘာသာပြန်ရာမှာ ဘာသာစကာတစ်ခုနဲ့ တစ်ခု ကူးပြောင်းရလို့ ပုံစံအချို့နဲ့ (မတူညီသော စာသားအချို့) နဲ့ ပြန်ဆိုနိုင်ပါတယ်။ အထက်ပါ အကြံပြုခေါင်းစဉ် ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ် ဆိုရာမှာ "ရှိတယ်" ဆိုတာတော့ ကျွန်တာ့်အမြင်အရ တွဲလုံးပြဿနာလေးများ ရှိနေမလားလို့။ တိုက်ရိုက်အတိအကျဆိုရင် ကျွန်တော်သည် အိပ်မက်တစ်ခုမက်သည် (စာပုံစံ) ၊ ကျွန်တော် အိပ်မက်တစ်ခုမက်တယ် (စကားပုံစံ) ၊ အနောက်က စကားပြောပုံစံက ဤနေရာမှာ ပိုအဆင်ပြေမယ်ထင်။ (မှတ်ချက် : အင်္ဂလိပ်က singular noun မှာ a/an မဖြစ်မနေထည့်ရပေမဲ့ မြန်မာစကားမှာတော့ ထည့်လည်းရ၊ မထည့်လည်းရတော့ ဖြုတ်ထားတာပါ၊ စကားစုကြား နေရာလွတ်ပြဿနာကြောင့် (spaces between words) အဆင်မပြေဘူးထင်တယ်။ တစ်ပိုင်းတစ်စအနေနဲ့ နွဲ့ယဉ်ဝင်ရေးပြီး သူကိုယ်တိုင်၊ ဂျေမောင်မောင်၊ ဂရေဟမ် တို့ဆိုထားတဲ့ "အိပ်မက်မက်တယ်" သီချင်း ရှိလို့ နမူနာယူသုံးထားတာပါ။) ပို၍အဆင်ပြေမဲ့ စာသားကို (ဆွေးနွေး၍) ပြောင်းနိုင်ပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၂:၃၇၊ ၂၄ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မျိုးကျော့မြိုင်ရဲ့ အိပ်မက်မက်တယ် လဲ ရှိတယ် :) Mkthadotdr (ဆွေးနွေး) ၁၂:၄၉၊ ၂၄ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]