မာတိကာသို့ ခုန်သွားရန်

ဆွေးနွေးချက်:ကာဗွန်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ကာဗွန်ဒြပ်စင်

[ပြင်ဆင်ရန်]

ကာဗွန် Carbon °°°°°°°°°°°°°°°°°

အမည်၊ သင်္ကေတ ကာဗွန်, C အသွင်ကွဲများ ဂရပ်ဖိုက်၊ စိန် အဆင်း graphite: black diamond: clear Atomic number (Z) 6 Group, block group 14, p-block Period period 2 Standard atomic weight 12.011 Electron configuration [He] 2s2 2p2 per shell 2.4 Phase solid Sublimation point 3915 K ​(3642 °C,

                          6588 °F)

Density graphite: 2.267 g/cm3

          diamond:     3.515 g/cm3

Triple point 4600 K, ​10,800 kPa Oxidation states

           +4,+3,+2,+1,0,−1,−2,−3,−4

(+2 and +4 are most common in inorganic compounds) Electronegativity 2.55 Ionization energies 1st: 1086.5 kJ/mol 2nd: 2352.6 kJ/mol 3rd: 4620.5 kJ/mol Recognized as an element by Antoine Lavoisier in 1789.

carbonဟူသောစကားလုံးသည် လက်တင်ဘာသာ carboမှ ဆင်းသက်လာသည်။ carboသည် မီးသွေးဟု အဓိပ္ပာယ်ရသည်။ ကာဗွန်အက်တမ်သည် non-metallic ဖြစ်ပြီး ပေါင်းစည်းကိန်း ၄ ရှိသည်။ ဆိုလိုသည်မှာ covalent bond တစ်ခု ဖြစ်ရန်အတွက် အီလက်ထရွန်လေးလုံးကို သုံးနိုင်သည်။ သဘာဝအတိုင်း အိုင်ဆိုတုပ်သုံးမျိုးရှိသည့်အနက် C12နှင့် C13တို့သည် တည်မြဲ၍ C14သည် ရေဒီယိုသတ္တိကြွ၍ မတည်မြဲပါ။ C14၏ သက်တမ်းဝက်မှာ နှစ်ပေါင်း5,730ခန့် ဖြစ်သည်။ စကြာဝဠာထဲတွင် hydrogen, heliumနှင့် oxygenတို့ပြီးနောက် လေးခုမြောက်အပေါများဆုံးဒြပ်စင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆယ့်ငါးခုမြောက်အပေါများဆုံးဒြပ်စင်ဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် oxygenပြီးနောက် ဒုတိယအပေါများဆုံးဒြပ်စင်ဖြစ်သည်။ ကာဗွန်အက်တမ်များသည် မတူညီသောဖွဲ့စည်းတည်ဆောက်ပုံများဖြင့် ကာဗွန်အသွင်ကွဲများဖြစ်ပေါ်လာသည်။ ကျွန်ုပ်တို့ တွေ့ရအများဆုံး ကာဗွန်အသွင်ကွဲများမှာ စိန်(diamond)နှင့် ခဲနက်(graphite)တို့ဖြစ်သည်။ အမျိုးသမီးများ အထူးသဖြင့် တန်ဖိုးထားကြသည့် စိန်နှင့် ကမ္ဘာ့နေ့စဉ်သုံး ပစ္စည်းတစ်ခုဖြစ်သော ခဲတံတွင် ပါရှိ သည့် ဂရက်ဖိုက် (ခဲနက်)တို့သည် အခြားမည်သည့်ဒြပ်စင်နှင့်မျှ မရောသော ကာဗွန်အစစ်များ သာလျှင် ဖြစ်ကြ၏။ တူညီသောဒြပ်ထု(mass)ရှိသည့် diamondနှင့်graphite တို့ကို သီးခြားစီမီးရှို့သောအခါ တူညီသောဒြပ်ထုပမာဏရှိသော CO2 gasထွက်လာသည်ကိုတွေ့ရမည်။ သို့ရာတွင် ထိုကာဗွန်အသွင်ကွဲများ၏ ရုပ်ဂုဏ်သတ္တိများမှာ သိသိသာသာကွဲပြားကြသည်။ ဥပမာ---ခဲနက်သည်အလင်းပိတ်ဝတ္ထုဖြစ်၍ ထွင်းဖောက်မမြင်နိုင်သော်လည်း စိန်သည်ထွင်းဖောက်မြင်နိုင်သော အလင်းပေါက်ဝတ္ထုဖြစ်သည်။ ခဲနက်သည် လျပ်စီးကောင်းစွာစီးကူးသော်လည်း စိန်၏ လျပ်စစ်စီးကူးနိုင်စွမ်းမှာ အလွန်ပင်နည်းပါသည်။

ကျောက်မီးသွေးနှင့်မီးသွေးတို့သည် ကာဗွန်အစစ်များ မဟုတ်ကြသော် လည်း ကာဗွန် အများဆုံး ပါရှိသော ပစ္စည်းများ ဖြစ်ကြ၏။ အချို့သော ကျောက်မီးသွေး အကောင်းစားများတွင် ကာဗွန် ရာခိုင်နှုန်း ၉ဝအထိ ပါရှိသည်။

အခြားပစ္စည်းများနှင့် ရောနှော ပေါင်းစပ်လျက်ရှိသော ကာဗွန်ဒြပ်ပေါင်းများမှာ အများအပြားရှိ၏။ ကာဗွန်ဒြပ်ပေါင်းများမှာ အလွန်များပြားသောကြောင့် ဓါတုဗေဒပညာကို အင်ဩဂဲနစ်ကင်မစ္စတြှီ(Inorganic Chemistry) နှင့် ဩဂဲနစ် ကင်မစ္စတြီ(Organic Chemistry)ဟူ၍ နှစ်မျိုးနှစ်စားပင် ခွဲခြားထားရသည်။ ဩဂဲနစ်ကင်မစ္စတြီဆိုသည်မှာ ကာဗွန် ဒြပ်ပေါင်းများ အကြောင်းချည်း သက်သက်နှင့်သာ သက်ဆိုင် သော ဓါတုဗေဒဖြစ်သည်။ ကာဗွန်ပါသောပစ္စည်းကို လေထဲတွင်ဖြစ်စေ၊ အောက်စီဂျင်ထဲတွင် ဖြစ်စေ၊ မီးတိုက်ပေးလိုက်လျှင် ကာဗွန်ဒိုင်အောက် ဆိုက်ဓါတ်ငွေ့ ဖြစ်ပေါ်လာသည်။ အောက်စီဂျင် လုံလုံ လောက်လောက် မရရှိသည့်အခါ ကာဗွန်မိုနောက်ဆိုက် ဓါတ်ငွေ့ ဖြစ်ပေါ်လာ၏။ ကာဗွန်နှင့် ဟိုက်ဒရိုဂျင်တို့ ဓါတ် ပေါင်းစပ်သောအခါ မီသိန်းဓါတ်ငွေ့ကိုလည်းကောင်း ဓါတ်ဆီကိုလည်းကောင်း ဩဂဲနစ်အက်ဆစ်များနှင့် အယ်လကိုဟောကဲ့သို့ သော ဟိုက်ဒရို ကာဗွန်ဒြပ်ပေါင်းများကို၎င်း ရရှိသည်။ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင် နှစ်မျိုးလုံးနှင့် ဓါတ်ပေါင်းစပ်သော အခါတွင် အက်ဆီတစ်အက်ဆစ် ကဲ့သို့သော ကာဗိုဟိုက်ဒရိတ် ဒြပ်ပေါင်းများကို ရရှိသည်။ ကာဗွန်သည် သတ္တုများနှင့်လည်း ပေါင်းစပ်နိုင်ရာ ထိုဒြဗ်ပေါင်းများကို ကာဗိုက်ဟုခေါ်၏။ အထင်ရှားဆုံးသော ကာဗိုက်မှာ ကယ်ဆီယမ်ကာဗိုက် ဖြစ်၏။ ကယ်ဆီယမ်ကာဗိုက် အပေါ်တွင် ရေအနည်းငယ် လောင်းချ လိုက်လျှင် အဆက်တီလင် ဓာတ်ငွေ့ဖြစ်ပေါ်လာ၏။ ကာဗွန် သည် သက်ရှိများတွင် အရေးကြီးသော ဓါတ်ဖက် ပစ္စည်း တစ်ခုအဖြစ် ပါရှိသည်ကို တွေ့ရသည်။

စိန်နှင့်ခဲနက်တို့သည် ပုံဆောင်ခဲဖြစ်သော ကာဗွန်များဖြစ်ကြ ၏။ ပုံဆောင်ခဲမဟုတ်သော ကာဗွန်မျိုးများလည်း ရှိသေးသည်။ ဆီမှိုင်း၊ မီးသွေး၊ အရိုးမီးသွေး စသည်တို့မှာ ပုံဆောင်ခဲမဟုတ် သော ကာဗွန်များဖြစ်၏။ ရေနံကို မီးရှို့လိုက်သောအခါ၌ ဆီမှိုင်းကို ရရှိ၍၊ မော်တော်ကားတိုင်ယာများ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ရာ၌၎င်း၊ ပုံနှိပ်မင်ပြုလုပ်ရာ၌၎င်း၊ အကြီးအကျယ် အသုံးဝင်၏။ မီးသွေးကို ဓါတ်ငွေ့ကာမျက်နှာဖုံးတွင် အသုံးချ ရ၏။ အရိုးကို လေလုံမီးဖိုတွင် မီးကျွမ်း စေသောအခါ အရိုး မီးသွေးရရှိ၍၊ ထိုအရိုးမီးသွေးကို သကြားလုပ်ငန်းတွင် သကြား အဝါကို အဖြူရောင်ဖြစ်အောင် ချွတ်ရာ၌ အသုံးပြုရ၏။ ကာဗွန်သည် တိရစ္ဆာန်နှင့်အပင်တို့ အသက်ရှင်၍ ကြီးထွား သန်မာလာစေရန် အရင်းခံပစ္စည်းတစ်ခု ဖြစ်သောကြောင့်၊ မည့်သည့် အစားအစာ မည်သည့်အဝတ်အစား၌မဆို ကာဗွန် ပါရှိ၏။ သကြား၊ ကာဖီ၊ ထောပတ်၊ လက်ဖက်ခြောက် စသော စားကုန်သောက်ကုန်များနှင့် အင်္ကျီ လုံချည်အစရှိသော အထည် အဝတ် များမှာ ကာဗွန်အရင်းခံ၍ ဖြစ်လာကြသော ပစ္စည်း များပင် ဖြစ်သည်။

          • ဝီကီပီးဒီးယားအားကိုးကားထားပါသည်။
          • ဓာတုဗေဒကိုလေ့လာသူအားလုံး

ကျန်းမာရွှင်လန်းနိုင်ကြပါစေ ခင်ဗျာ __/\__

ဓာတုဆရာလေး (ဆွေးနွေး) ၀၇:၄၃၊ ၂၉ အောက်တိုဘာ ၂၀၁၉ (UTC)ဓာတုဆရာလေး[အကြောင်းပြန်ရန်]