ဆွမ်းဆန်ထဲ ကြွက်ချေးရော

ဝီကီပီးဒီးယား မှ

ဆွမ်းဆန်ထဲ ကြွက်ချေးရော ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အမွန်အမြတ် လှူဒါန်းရန်ထားသည့် ဆွမ်းဆန်ထဲ၌ ကြွက်ချေးပါဝင်နေသကဲ့သို့ အတည်အတံ့စကားပြောရာ၌ မဆီမဆိုင်အကြောင်းအရာ ဝင်ပြောသည်။ အခြားဆိုလိုရင်းတစ်ခုမှာ အမွန်အမြတ် လှူဒါန်းရန်ထားသည့် ဆွမ်းဆန်ထဲ၌ ကြွက်ချေးပါဝင်နေသကဲ့သို့ အကောင်းများထဲတွင် အညံ့အဖျင်းများ ရောနေသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဆွမ်းဆန်ထဲ ကြွက်ချေးလာမရောစမ်းနဲ့၊ တိတ်တိတ်နေစမ်း။" [၁၂၉၇] မဟာဆန်။ ၄၁။
  • "ယဉ်ကျေးမှုအကများ၊ သက်ကြီးရွယ်အိုများအား ရေလှူခြင်းများ၊ ခေတ်ပြင်သံချပ်များ၊ အလှပြများ အားရစရာ ကြည်နူးစရာတွေ ဖြစ်သည်။ သို့သော် ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုဘိသို့ ရိုက်ပွဲ၊ ဆဲပွဲ၊ အမနာပပြောပွဲများ ... ကိုပါ တွေ့ရကြုံရ ကြားရပေရာ ..." [၁၃၃၂] သတင်းဂျာနယ်၊ ၅၅။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၉။