ဆွမ်းခံရင်း ငှက်သင့်

ဝီကီပီးဒီးယား မှ

ဆွမ်းခံရင်း ငှက်သင့် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ဆွမ်းခံထွက်မြဲထွက်စဉ် အလိုလို ငှက်ဖျားသင့်သကဲ့သို့ ရိုးရိုး ပြုမြဲပြုမူနေထိုင်စဉ် အလိုလို အမှုရောက်လာသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကျုပ်မှာ သက်သက် ဆွမ်းခံရင်း ငှက်သင့်နေတာပဲ၊ ကိုယ့်အလုပ်ကလေးနဲ့ ကိုယ်နေမိရင် အကောင်းသား၊ ခင်ဗျားအဖေနဲ့ ပေါင်းမိမှ အခုလို ဒုက္ခဖြစ်ရတာ။" [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၃။ ၁၇၂။
  • "သွားမကြည့်ပါနဲ့ဆိုတာ ပြောမရဘူး။ အခုတော့ ဆွမ်းခံရင်း ငှက်သင့်ခဲ့ပြီ မဟုတ်လား။ [၁၃၂၇] ကိုတံငါ။ ၄၆၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၇၉။