ဆွန်ဂို အွန်အားရာ

ဝီကီပီးဒီးယား မှ
ကေလ်ဝါ ကစ်ဆီဝါနီရှိ အပျက်အစီးများ နှင့် ဆွန်ဂို အွန်အားရာရှိ အပျက်အစီးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

ဆွန်ဂို အွန်အားရာရှိ အပျက်အစီးများကို အဆောက်အဦးအတွင်း မြင်ရစဉ်
တည်ရှိသည့် နိုင်ငံ  တန်ဇေးနီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၁၄၄
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဆွန်ဂို အွန်အားရာ သည် တန်ဇေးနီးယားနိုင်ငံ တောင်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းရှိ ကျောက်တုံးမြို့ တစ်မြို့၏ အပျက်အစီးများ ဖြစ်သည်။ ထိုကျောက်တုံးမြို့အတွင်း ၁၄ရာစုမှ ၁၆ ရာစု အတွင်း လူနေထိုင်ခဲ့သည်။ [၁] ဆွန်ဂိုအွန်အားရာ အား အနီးအနားရှိ ကေလ်ဝါ ကစ်ဆီဝါနီ နှင့် အတူ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၁ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။ [၂] ရှေးဟောင်း သုတေသန ပညာရှင် တို့သည် ဗလီ ၆ ခု၊ သင်္ချိုင်း ၄ ခု ၊ ၂ဒါဇင်မျှသော အိမ်များ နှင့် ဝင်းခတ်ထားသော နေရာ ၃ ခု တို့ကို ကျွန်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ [၃] ဆွန်ဂို အွန်အားရာအား သန္တာကျောက်ကြမ်း များ နှင့် အင်္ဂတေများကို အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၄] ထိုကျောက်တုံးမြို့သည် အိန္ဒိယ သမုဒ္ဒရာ အတွင်း တည်ဆောက်ခဲ့သော ကုန်သွယ်ရေးမြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်ခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Field Report: Archaeological Survey of Songo Mnara Island" (2011). Nyame Akuma 76: 9–14. 
  2. ၂.၀ ၂.၁ "Geophysical Survey in Sub-Saharan Africa: Magnetic and Electromagnetic Investigation of UNESCO World Heritage Site of Songo Mnara, Tanzania" (2014). Archaeological Prospection. doi:10.1002/arp.1487. 
  3. "Finding Meaning in Ancient Swahili Spatial Practices" (2012). African Archaeological Review 29: 171–207. doi:10.1007/s10437-012-9121-0. 
  4. "How Public Space is Used in Ancient Cities: The Case of Songo Mnara, a Medieval Swahili City in Tanzania" . Retrieved on 20 October 2014.  Archived 22 December 2014 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 22 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 March 2018 တွင် ပြန်စစ်ပြီး။