ဆံပင်ဖြူလာရခြင်း

ဝီကီပီးဒီးယား မှ

ဆံပင်ဖြူလာခြင်း ဆိုသည် လူကြီးများတွင် မြင်တွေ့ရသော ပထမဆုံး မြင်သာသော အချက်ဖြစ်သည်။ ဒါပေမယ့် ယနေ့ ခေတ်လူငယ်များမှာ ဆံပင်ဖြူခြင်း ဆိုသည့်အချက် ရင်ဆိုင်နေသော ပြဿနာကို တွေ့လာသည်။ ဒီ အဖြစ် ဟာ သဘာ၀ ထက်စောပြီး လူရဲ့ နုပျိုခြင်းကို ကျဆင်းလာခြင်း ဟုဆိုနိုင်သည်။ ဆံပင်မွှေး အိတ် တွေ ရဲ့အောက် ခြေ မှာ ရှိ တဲ့ မယ် လမင် (Melanin) လို့ ခေါ် တဲ့ အမည်းရောင် ခြယ် ထုတ် ပေး နေတဲ့ ဆဲလ်တွေရဲ့ စွမ်း ဆောင် ရည် ကျဆင်း လာပြီး မယ် လမင်း ထုတ် လုပ် မှု ရ ပ် ဆိုင်း သွား လျှင်၊ လျှော့ နည်း သွား ရင် ဆံပင် ဖြူ လာ ပါ တယ်။ ဒါပေမယ့် လူ ငယ် တွေ မှာ ဆံပင် ဖြူ လာ ရ တဲ့ အကြောင်း ရင်း ကတော့ရုပ်ပိုင်း ဆိုင် ရာ နဲ့ စိတ်ပိုင်း ဆိုင် ရာ ဖိစီး မှု တို့က အများ ဆုံး ဖြစ်စေ တဲ့ အကြောင်း လို့ သိ ရ ပါ တယ် ။ အမြဲတမ်း ပူပင်သောကရာက် ၍ အတွေးများနေခြင်း နှင့် အာဟာရ ချို့တဲ့ခြင်းတို့ကလည်း အကြောင်းရင်းတွေပါဘဲ။ မျိုး ရိုး လည်းလိုက်တတ်ပါ တယ်။ အလှ ပြင် ဆိုင် တွေ မှာ တစ် ခုခု လုပ် လို့ရေ နွေး နဲ့ခေါင်းလျှော် ရ ခြင်း၊ လျှပ် စစ် Dryer ကြာကြာ သုံး ခြင်း၊ဆံပင်ဆို​းဆေးများ ဆိုခြင်း နှင့် ဦးရေ ပြား သန့်ရှင်း မှု ကိုဂရုမစိုက် ခြင်း တို့ ကလည်း အကြောင်းရင်း တွေ ဖြစ် ပါ တယ် ။

ပညာ ရှင် များ ပြု စု ထားတဲ့အကြောင်း ရင်း များ ကတော့

  1. စိတ်ဖိစီး မှု
  2. အလုပ် များကာ ပင်ပန်း လွန်းခြင်း
  3. နာမကျန်း ဖြစ်ဖြင်း (အချို့ရောဂါ များ သည် ဆံပင်ဖြူ စေ တတ် သည်။ )
  4. အာဟာရချို့ တဲ့ခြင်း
  5. နေရောင် နှင့်ထိတွေ့မှု များ ခြင်း
  6. မူးယစ်ဆေးဝါးသုံးဆွဲခြင်း
  7. အပျော် တမ်း ခဏ ခဏ ပေါင်း တင် ခြင်း ၊ ဆံပင် အပေါ် ဆေး တစ် ခု ခု သုံး ရာ တွင် ကျွမ်း ကျင် မှု မရှိ သူ နှင့် ပြု လုပ် ခြင်း ၊ ကြိမ် ဖန်များ လွန်း ခြင်း ။ ဆေး သုံး ရာ တွင် မစင် ခြင်း စတာ တွေ ကြောင့် လူ ငယ် တွေ မှာ ဆံပင် ဖြူ ရတယ် လို့ဆိုပါ တယ်။

ကာကွယ်ကုသရမယ့် နည်းလမ်းများကို ကျွမ်း ကျင် ပညာရှင်များရဲ့ပြောကြားချက် များ အတိုင်း ဖော် ပြ ပေးလို က်ပါသည်။