ဆေးလိပ်ဖြတ်ရန်နည်းလမ်း

ဝီကီပီးဒီးယား မှ

ဆေးလိပ်ဖြတ်ရန်နည်းလမ်း[ပြင်ဆင်ရန်]

(၁) ရေအေးလေး တစ်ကျိုက်စီငုံ[ပြင်ဆင်ရန်]

သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

(၂) ကောင်းကျိုးစဉ်းစား[ပြင်ဆင်ရန်]

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်[ပြင်ဆင်ရန်]

ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်[ပြင်ဆင်ရန်]

အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်[ပြင်ဆင်ရန်]

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ[ပြင်ဆင်ရန်]

ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း[ပြင်ဆင်ရန်]

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်[ပြင်ဆင်ရန်]

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား[ပြင်ဆင်ရန်]

ပီကေ၊ မြေပဲ၊ နေကြာစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်[ပြင်ဆင်ရန်]

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်[ပြင်ဆင်ရန်]

ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။ သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု[ပြင်ဆင်ရန်]

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်[ပြင်ဆင်ရန်]

ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ[ပြင်ဆင်ရန်]

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျန်းမာရေး ဂျာနယ်