ဆေးပိုးတီ
Polypodium (plant) vulgare | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Tracheophytes |
မျိုးပေါင်း: | Polypodiopsida |
မျိုးစဉ်: | Polypodiales |
မျိုးစဉ်သေး: | Polypodiineae |
မျိုးရင်း: | Polypodiaceae |
မျိုးရင်းသေး: | Polypodioideae |
မျိုးစု: | Polypodium |
မျိုးစိတ်: | P. vulgare
|
ဒွိနာမ | |
Polypodium vulgare |
ဆေးပိုးတီ သည်အနွေးကြိုက်နှစ်ရှည်သီးနှံပင်ဖြစ်ပြီး ဆေးဖတ်ဝင်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]ရိုးရာချက်ပြုတ်ရာတွင် မွှေးကြိုင်ေသောဂုဏ်သတ္တိရှိသည့် ဆေးပိုးတီကို အမွှေးဆီသဘောမျိုးထည့်ပြီးအသုံးပြုကြသည်။ ၁၉၇၁မှာ ကင်ဆာကိုတားမြစ်ပေးနိုင်ပြီး အဆီကိုကျစေကာ သွေးကိုသန့်စင်စေသော saponin glycosides osladin ကိုအမြစ်တွင်ရှာဖွေတွေ့ရှိသည်။ ထိုဓာတ်ပေါင်းသည် အလွန်ချိုပြီး သကြားထက်အဆ၅၀၀ပိုချိုသည်ကိုတွေ့ရသည်။ အမြစ်တွင်ပါဝင်သော phytoecdysteroids သည် ကြွက်သားမော်လီကြူးပြန်လည်တည်ဆောက်ခြင်း အရိုးမော်လီကြူးများပြန်လည်တည်ဆောက်ခြင်းအတွက် အသုံးဝင်သောဂုဏ်သတ္တိရှိသောကြောင့် အနာနှင့် အရိုးကျိုးခြင်းများအတွက် သောက်ဆေးလိမ်းဆေးအဖြစ်အသုံးပြုသည် ဟုဖော်ပြပါရှိသည် ။[၁]
INTERNATIONAL JOURNAL OF PHARMACEUTICAL SCIENCES AND RESEARCH တွင် အမြစ်မှုန့်ကို အစာအိမ်အူလမ်းကြောင်းနာကျင်ခြင်းအတွက် အသုံးပြုသည် ။ အမြစ်မှုန့်သည် နှလုံးသွေးနှင့်နှလုံးအိမ်ကိုသန့်စင်စေပြီးနှလုံးအတွင်းမှအဆိပ်ကိုဖယ်ရှား ပေးသဖြင့် နှလုံးရောဂါများအတွက် အလွန်အကျိုးရှိသည်။ အမြစ်မှုန့်သည်အစာခြေစနစ်ကို အားပေးပြီး အထူးသဖြင့် နို့ထွက်ပစ္စည်းများကို ကျေကျက်စေနိုင်သည်။ အစာအိမ် အူသိမ်အူမတို့၏ အစာစုပ်ယူစွမ်းအားကိုမြှင့်တင်ပေးသောကြောင့် အစာအိမ်အူလမ်းကြောင်းရောဂါများကို သက်သာပျောက်ကင်းစေသည်။ အစာအိမ် ကြွက်သားကို ပြေလျော့စေသော ဓာတ်ပါဝင်သောကြောင့် ချောင်းဆိုးအော့အန်ဖြစ်ခြင်းအမျိုးမျိုးကိုသက်သာစေသည်။ ထို့ပြင် ဆေးပိုးတီကို စမုံစပါး နွယ်ချိုတို့နှင့်တွဲဖက်၍ ချောင်းဆိုးပျောက်ဆေးအဖြစ်အသုံးပြုနိုင်သည်။ ဆေးပိုးတီကိုငုဝါမြစ်နှင့်တွဲဖက်၍သုံးပါက ဝက်ရူးပြန်ရောဂါကို သက်သာစေသည်။ လက်ချောင်းများကွေးကောက်ခြင်း ဝက်ခြံ ရောဂါ ကိုယ်ခန္ဓာအစိတ်အပိုင်းကင်ဆာရောဂါ လေးဘက်နာရောဂါတို့ကို သက်သာစေသည်။ ဆေးပိုးတီအမှုံ့ကိုနှာခေါင်းသွေးလျှံခြင်း၌လည်းသုံးစွဲနိုင်သည်။
ဘေးထွက်ဆိုးကျိုးများ အနေဖြင့် အလွန်စားပါခြင်း အသည်းရောဂါ ကျောက်ကပ်ရောဂါတချို့နှင့် မတည့်ခြင်းရှိပါက အသည်းနှင့် ကျောက်ကပ်ကိုထိခိုက်နိုင်သည်။ ပျို့အန်တတ်သည်။ ဆေးပိုးတီကို အာယုဗ္ဗေဒ ယူနာနီ ဥရောပရှေးဆေးပညာရှင်တို့ အသက်အရွယ်အလိုက် ခွဲခြားအသုံးပြုခဲ့သည်။ အထူးသဖြင့် လေဖြတ်ခြင်း အအေးမိခြင်း ချောင်းဆိုးခြင်း လေးဘက်နာနှင့်စိတ်ရောဂါဆေးများတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ဥရောပတွင်အသည်းရောင်အသားဝါရောဂါကိုကုသရာတွင်အသုံးပြုသည်။ အစာစားချင်စိတ်ပျောက်ခြင်းကိုပျောက်ကင်းစေသည့်ဆေးတစ်မျိုးအဖြစ်အသုံးပြုသည်။ အသည်း သရက်ရွက်တို့၏မာကျောမှုကို ပြေလျော့စေသောဆေးအဖြစ်အသုံးပြုသည်။ အသားဖြူဆေးအဖြစ်အသုံးပြုသည်။ အရေပြားရောဂါကုဆေးအဖြစ်သုံးသည်။ ချောင်းဆိုးပျောက်ဆေးအဖြစ်သုံးသည် ဟုဖော်ပြသည်။ Plants For A Future တွင် အစားအစာအဖြစ်စားသုံးသောအခါအမြစ်သည်အလွန်ချိုသော သကြားအစားထိုးပစ္စည်းဖြစ်သည်။ သည်းခြေရေကိုထွက်စေပြီး အသည်း သရက်ရွက်ခြောက်ခြင်းကိုသက်သာစေသည်။ အသည်းရောင်အသားဝါခြင်း ချောင်းဆိုးခြင်း လည် ချောင်းနာခြင်းအစာအိမ်နာခြင်း လေးဘက်နာအတွက် အမှုန့်လုပ်သောက်ခြင်း ချက်စားခြင်း လက်ဘက်ရည်အဖြစ်သောက်ခြင်းများပြုကြသည်။ ပြင်ပလိမ်းရာတွင် အချို့မတည့်ပါက ယားယံ အဖုအပိန့်ထွက်တတ်သည် ဟုဖော်ပြသည် ။
အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင် အပင်ငယ်မျိုးဖြစ်သည် အရွက်နားများကွဲသည် အမြစ်သည်ပိုးတီကောင်နှင့်တူ၏ဟုဖော်ပြသည်။ လေသလိပ်နိုင်၏ အစာမကြေ လေပြည့်ရောဂါ ကြို့ထိုးခြင်း ပန်းနာရင်ကျပ်ကို ပျောက်စေသည်။ ဆေးပိုးတီအပေါ်ခွံကိုခွာ ဆားရည်တစ်ညစိမ် အခြောက်လှမ်းအမှုန့်ပြု ပျားရည်နှင့်ယက်လျင် အနာမီးလျှံနာ အနာစို အနာစိမ်းပျောက်၏ဟုဖော်ပြသည်။ ဆရာဦးကောင်းညွန့်+ ဒေါက်တာအောင်နိုင် ပရဆေးပင်နှင့်ပရဆေးပစ္စည်းအဘိဓာန်တွင် ဆေးပိုးတီဥသည် သည်းခြေရွင်ဆေး ဝမ်းနှုပ်ဆေးအဖြစ်သုံးရသည်။ ဥသည်ချိုသောအရသာအနည်းငယ်ရှိ၍အနည်းငယ်စူးရှထက်မြက်သောအနံ့ရှိသည်။ အရွက်နှင့်ရော၍ သလိပ်ရွင်ဆေး အားတိုးဆေး သွေးညှိဆေးအဖြစ်သုံးရ၏ဟုဖော်ပြပါသည်။ ရှုတော်မူတွင် ဆေးပိုးတီသည် လေသလိပ်နိုင်၏ဟုပြသည်။ ဆရာမောင်ယဉ်နွယ်၏မြန်မာ့လျှို့ဝှက်ဆေးဝါး တွင် ဝမ်းသက်စေ၏ တစ်ချက်တိုး ကျန်တာ အရှင်နာဂသိမ်နှင့်တူ၏။