ဆောင်တော်ကူးပန်းပင်

ဝီကီပီးဒီးယား မှ
ဆောင်တော်ကူး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Convolvulaceae
မျိုးစု: Porana
မျိုးစိတ်:
P. volubilis
ဒွိနာမ
Porana volubilis

'ဆောင်တော်ကူးပန်းပင်သည် 'ကွန်ဗော်ဗျုလေစီအီး' မျိုးရင်း တွင်ပါဝင်၍၊ ယင်းကို သိပ္ပံအမည်အားဖြင့် ပိုရာနာ ပန်နီကျူ လေးတား'ဟု ခေါ်သည်။ အပင်မှာ သစ်ပင်ကြီးများကို နွယ်တက်သော ချုံပင်မျိုးဖြစ်သည်။ အသီးများသီး၍အပွင့်ပွင့်သည်။ အရွက်မှာ ညောင်ရွက်ပုံသဏ္ဌာန်ရှိ၍၊ ရွက်ညှာပါသည်။ အသီးမာ၍ မအက်ကွဲတတ်ချေ။ ယင်း၌ အစေ့တစ်စေ့သာ ရှိသည်။ ပန်းအရောင်မှာ ဖြူသည်။ အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း ပွင့်တတ်သည်။ ပန်းပွင့်ချိန်၌ သစ်ပင်ထိပ်တွင် ပန်းပွင့်များ ဝေဆာလျက်ရှိသည်။

ဆောင်တော်ကူးပန်းပင်များကို ယမုနာမြစ်အရှေ့ဘက် ပေ ၄၅ဝဝ ထိ မြင့်သော ဒေသများတွင်လည်းကောင်း၊ အာသံနယ်၊ ခါဆီနှင့် နာဂတောင်တန်းဒေသ၊ ဗီဟားနယ်၊ အိန္ဒိယအလယ်ပိုင်းနှင့် အထက်မြန်မာနိုင်ငံတို့ တွင်လည်းကောင်း တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)