ဆေဂိုဗီယာမြို့
ဆေဂိုဗီယာ Segovia | |||
---|---|---|---|
စည်ပင်သာယာနယ်နိမိတ် | |||
| |||
နိုင်ငံ | စပိန်နိုင်ငံ | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ကပ်စတိုင်းနှင့် လီယွန် | ||
ခရိုင် | ဆေဂိုဗီယာ |
ဆေဂိုဗီယာမြို့ သည် စပိန်နိုင်ငံရှိ မြို့တော်တစ်ခုဖြစ်ပြီး ကပ်စတိုင်းနှင့် လီယွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းတွင် တည်ရှိသည်။ ၎င်းသည် ဆေဂိုဗီယာခရိုင်၏ မြို့တော်နှင့် လူဦးရေ အများဆုံး စည်ပင်သာယာနယ်နိမိတ် ဖြစ်သည်။
ဆေဂိုဗီယာမြို့သည် အတွင်းပိုင်း ကုန်းမြေမြင့်တွင် တည်ရှိပြီး ဆစ်စတီးမား အလယ်တောင်တန်း၏ မြောက်ဘက်ကုန်းစောင်းတွင် တည်ရှိကာ အဲရက်စမာမြစ်ကြောင်း ၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။
မြို့တော်သည် သမိုင်းဝင် အဆောက်အဦးများကြောင့် ထင်ရှားပြီး အဓိက ထင်ရှားသည့် အဆောက်အဦး ၃ ခု ရှိသည်။ ၎င်းတို့မှာ မြို့လယ်ခေါင်ရှိ ရောမခေတ် ရေသဘ်တံတား၊ ကက်သီဒရယ် ဘုရားရှိခိုးကျောင်း (ဥရောပတွင် ဂေါသစ်ပုံစံဖြင့် နောက်ဆုံးတည်ဆောက်ခဲ့သော ဘုရားကျောင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။) နှင့် ရဲတိုက်တို့ဖြစ်ပြီး ရဲတိုက်မှာ ဝေါ့ဒစ်စနေး ကုမ္ပဏီ၏ စင်ဒရဲလား ရဲတိုက်အတွက် နမူနာယူထားသော ပုံစံဖြစ်သည်။ ဆေဂိုဗီယာမြို့လယ်ခေါင်အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၈၅ တွင် စာရင်းထည့်သွင်းခဲ့သည်။