ဆေကီ တာကာကာဇု

ဝီကီပီးဒီးယား မှ
ဆေကီ တာကာကာဇု

ဆေကီ တာကာကာဇု (၁၆၄၂ - ၁၇၀၈) သည် နယူတန်၊ လိုက်ဗနစ်တို့နှင့်ခေတ်ပြိုင် ဂျပန်သင်္ချာပညာရှင် ဖြစ်သည်။ မညီညာသောထုပုံများ၏ ထုထည်ရှာနည်းများ၊ မျဉ်းကွေးများဖြင့် ဘောင်ခတ်ထားသောပုံများ၏ ဧရိယာရှာနည်းများကို တီထွင်ခဲ့သည်။ ထိုအချိန်က ဂျပန်လူမျိုးတို့သည် ယနေ့ခေတ်သုံး အာရေဗျကိန်းဂဏန်းများထက် ပိုမိုရှုပ်ထွေးခက်ခဲသည့် တရုတ်ကိန်းဂဏန်းများကို အသုံးပြုခဲ့ကြသည်။ ထို့ပြင် ဂျပန်လူမျိုးတို့သည် ရှေးခေတ်တရုတ်ပြည်တွင် စတင်ပေါ်ပေါက်ခဲ့သော ဆန်ဂီခေါ် ကိရိယာတစ်မျိုးကိုလည်း အသုံးပြုခဲ့ကြသည်။ ရှေးခေတ်ဂျပန်လူမျိုးတို့၏ သင်္ချာပညာကို ဝါဆန်ဟု ခေါ်သည်။ အနောက်တိုင်းသင်္ချာပညာရပ်များ ဂျပန်ပြည်တွင်းသို့ စတင်ဝင်ရောက်ပျံ့နှံ့လာသည့် ၁၉ ရာစုကုန်ဆုံးချိန်တိုင်အောင် ဝါဆန်ပညာရပ်သည် ထင်ရှားခဲ့သည်။ ဆေကီသည် ထင်ရှားကျော်ကြားသည့် ဂျပန်သင်္ချာပညာရှင်ကြီးများအနက် တစ်ဦးဖြစ်သည်။

အကိုးအကား[ပြင်ဆင်ရန်]

ကလေးသူငယ်များအတွက် သုတရတနာသိုက်၊ သင်္ချာ။ ပကြိမ်။ ဩဂုတ် ၁၉၈၄။ ပညာရေးဝန်ကြီးဌာန။