ဆူးလေပင်

ဝီကီပီးဒီးယား မှ

ရုက္ခဗေဒအလိုအားဖြင့် ဆူးလေပင်ကို 'တရိုင်ဗျူလပ် တာရက်စတြစ်'ဟု ခေါ်သည်။ မျိုးရင်းမှာ 'ဇိုင်ဂိုဖိုင်လေးစီအီး' ဖြစ်သည်။ ထိုအပင်သည် လမ်းဘေးနှင့်လယ်မြေယာမြေများတွင် တွေ့ရတတ်သော တစ်နှစ်ခံ သို့မဟုတ် နှစ်ကြာခံ ပေါင်းပင်မျိုး ဖြစ်သည်။ အမွေးထူသည်။ မြေပေါ်တွင်လဲ၍ ပေါက်တတ် သည်။ အရွက်များသည် ငှက်မွေးသဏ္ဌာန် ဆိုင်ပေါက်တတ်၍ တစ်ရွက်နှင့် တစ်ရွက်မတူကြပေ။ စက်တင်ဘာလမှ မတ်လ အတွင်း အပွင့်ပွင့်၏။ ဝါသော ပွင့်ဖတ်များရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)