ဆူးပုပ်ကြီး
Senegalia pennata | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးရင်းသေး: | Mimosoideae |
မျိုးဇာတ်: | Acacieae |
မျိုးစု: | Senegalia |
မျိုးစိတ်: | S. pennata
|
ဒွိနာမ | |
Senegalia pennata (L.) Maslin
| |
Synonyms | |
|
ဆူးပုတ်ကြီးပင် သို့မဟုတ် ဆူးရစ်ပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'အကေးရှား ပင်နာတာ (Acacia pennata) ' ဟု ခေါ်သည်။ မျိုးရင်းမှာ 'လီဂူမီနိုး စီအီးLeguminosae Jussieu ' ဖြစ်သည်။ ဆူးရစ်ပင်သည် ဆူးများရှိသော ချုံပင်ကြီးမျိုးဖြစ်သည်။ နွယ်၍ တက်တတ်သည်။ အရွက်အနံ့မှာပြင်း၍ ထိုအနံ့ဖြင့် ဆူးရစ်မှန်း သိသာသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပွင့်သည်။ သီးတောင့်များသည် ၄ လက်မမှ ၈ လက်မအထိ ရှိသည်။ အရွက်သည် ဆေးဖက်ဝင်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ရသည်။ ဆူးရစ်ကို ဆူးပုပ်ကြီးဟူ၍လည်း ခေါ်သည်။
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]နွယ်ပင်မျိုးဖြစ်၍ ပင်စည်အသားမာသည်။ အခေါက်ပါးသည်။ တစ်ပင်လုံး ဆူးများရှိ၏။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၃၀-၆၀ စုံ ထိပါရှိသည်။ ရွက်မြွှာများ အလွန်သေးငယ်ပြီး ရှည်မျောမျောပုံ ရှိ၏။ ခပ်စိပ်စိပ် မျက်နှာချင်းဆိုင် ထွက်သည်။(ရှားရွက်နှင့် သဏ္ဌာန်တူသည်။) ရွက်ညှာရင်း ဖောင်းပြီး ရွက်ညှာကျောဘက်တွင် ဆူးရှိ၏။
အပွင့်
[ပြင်ဆင်ရန်]ပန်းပွင့်သည် အဖြူရောင် သို့မဟုတ် ဖြူဝါရောင် ရှိသည်။ နယုန်လမှ ဝါခေါင်လအထိ ပွင့်သည်။
အသီး
[ပြင်ဆင်ရန်]အသီးတောင့် ခပ်ပြားပြား ဖြစ်ပြီး ဖြောင့်မတ်သည်။ အသီးအက်ကြောင်း ထင်ရှားသည်။ အစေ့ အဝါရောင် သို့မဟုတ် အညိုရောင်ရှိသည်။ အစေ့ ၈-၁၂ စေ့ထိ ပါသည်။ တန်ဆောင်မုန်း လမှ ပြာသိုလအတွင်း အသီး ရင့်မှည့်သည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
[ပြင်ဆင်ရန်]အရွက်၊ အမြစ်။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျ ပေါက်ရောက်သော်လည်း ခြံဝင်းများ အတွင်း၌ စားပင်အလို့ငှာ အသင့်အတင့် စိုက်ပျိုးကြသည်။
အသုံးဝင်ပုံ အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများအလိုအရ ဆူးပုပ်ကြီးသည် ခါး၏၊ ဖန်၏၊ သွေးဖောက်ပြန်ခြင်း၊ လေသည်းခြေနှင့် ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ မီးယပ်ရောဂါ၌ မြွေဆိပ်နှင့်တူသော သွေးကို ကြေစေ၏။
အသုံးပြုပုံ
[ပြင်ဆင်ရန်]အရွက်ကို ပြုတ်၍ သော်လည်းကောင်း ကြက်ဥ ဘဲဥနှင့် ရောနှော ကြော်၍သော်လည်းကောင်း သုံးဆောင်နိုင်သည်။ မြန်မာပြည်တွင် ပဲဟင်းချိုတွင် ထည့်၍ ချက်သည်ကိုလည်းတွေ့ရသည်။ ၁ ။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။ ၂။ အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကို လည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။ ၃။ အစာမကြေရောဂါ၊ သွားဖုံးမှ သွေးယိုစီးခြင်း ရောဂါများ အတွက်လည်း သုံး၏။[၁]