မာတိကာသို့ ခုန်သွားရန်

ဆီးနှင်းခဲ (၂၀၁၇ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
ဆီးနှင်းခဲ
Film poster
အခြေခံအချက်အလက်
ဒါရိုက်တာဆာရူနာစ် ဘာရ်တာစ်
စာရေးသူဆာရူနာစ် ဘာရ်တာစ်
အန်နာ ကိုဟန်ယန်နာအီ
သရုပ်ဆောင်မန်တာစ် ဂျန်စီယာအုစကာစ်
လီဂျာ မာက်နာဗီစယူးတဲ
ဗနတ်စာ ပါရာဒစ်
ဝယ်ရိုနီကာ ရိုဆာတီ
အန်ဒရာဇတ်ဂ်ျ ချာရာ
ဓာတ်ပုံအိတ်ဗီဒတစ် ဒိုစကတ်စ်
တည်းဖြတ်ဒိုအူနီယာ ဆီချိုဗ်
ကြာမြင့်ချိန်
90 minutes
နိုင်ငံလစ်သူယေးနီးယား
ပြင်သစ်
ယူကရိန်း
ပိုလန်
ဘာသာစကားလစ်သူယေးနီးယန်း
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၂၅ မေ ၂၀၁၇ (၂၀၁၇-၀၅-၂၅) (ကိန်း)
  • ၁၈ ဩဂုတ် ၂၀၁၇ (၂၀၁၇-၀၈-၁၈) (Lithuania)
ရောင်းရငွေ$37,081[]

ဆီးနှင်းခဲ (လစ်သူရေးနီးယား: Šerkšnas) သည် ဒါရိုက်တာ ဆာရူနာစ် ဘာရ်တာစ် ရိုက်ကူးပြီး ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် ဒရာမာရုပ်ရှင်တစ်ပုဒ်ဖြစ်သည်။ ၂၀၁၇ ကိန်းရုပ်ရှင်ပွဲတော်၏ Directors' Fortnight ကဏ္ဍအတွင်း ရုံတင်ပြသခဲ့သည်။[][] အကြိမ် (၉၀) မြောက် အကယ်ဒမီဆုချီးမြှင့်ပွဲ၌ အကောင်းဆုံး နိုင်ငံခြားစကားပြောရုပ်ရှင်ဆုအတွက် လစ်သူယေးနီးယားနိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်ခံရသည်။[][]

ဇာတ်လမ်း

[ပြင်ဆင်ရန်]

လစ်သူယေးနီးယား လူငယ် ရိုကာစ်သည် သူ၏ချစ်သူ အင်ဂါနှင့်အတူ ဒွန်ဘတ်စ်စစ်ပွဲကြားက ယူကရိန်းနိုင်ငံဆီသို့ လူမှုကူညီရေးကားဖြင့် ထွက်လာကြရာ ထိုနေရာရှိ စစ်ပွဲသတင်းထောက်များအနက် တစ်ဦးနှင့် ဆုံမိကြသည်။[]

သရုပ်ဆောင်များနှင့် ဇာတ်ကောင်များ

[ပြင်ဆင်ရန်]
  • ရိုကာစ် အဖြစ် မန်တာစ် ဂျန်စီယာအုစကာစ်
  • အင်ဂါ အဖြစ် လီဂျာ မာက်နာဗီစယူးတဲ
  • ဗနတ်စာ ပါရာဒစ်
  • ဝယ်ရိုနီကာ ရိုဆာတီ
  • အန်ဒရာဇတ်ဂ်ျ ချာရာ

ထုတ်လုပ်ရေး

[ပြင်ဆင်ရန်]

ယူကရိန်းနိုင်ငံ ရှေ့တန်းတပ်မြို့များဖြစ်သည့် ကူရာခိုဗာ၊ မာရင်ကာ၊ ကရာစနိုဟိုရစ်ဗ်ကာမြို့များတွင် သွားရောက်ရိုက်ကူးထားသည်။[] အချို့ ဇာတ်ဝင်ခန်းများကို ရှေ့တန်းစစ်မြေပြင်နှင့် မီတာ ၂၀၀ မှ ၃၀၀ အကွာအထိ သွားရောက်ရိုက်ကူးရသည်။[] ကီးယက်မြို့၊ ဒနီပရိုမြို့များအပြင် ပိုလန်နိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံများတွင်ပါ ရိုက်ကူးထားခြင်းဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Šerkšnas (Frost) 9 September 2017 တွင် ပြန်စစ်ပြီး။
  2. Fortnight 2017: The 49th Directors' Fortnight Selection Quinzaine des Réalisateurs 18 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 February 2022 တွင် ပြန်စစ်ပြီး။
  3. Elsa Keslassy (19 April 2016)။ Cannes: Juliette Binoche-Gerard Depardieu Drama to Kick Off Directors Fortnight Variety 20 April 2017 တွင် ပြန်စစ်ပြီး။
  4. Šarūno Barto kino filmas "Šerkšnas" pretenduoja į prestižinį "Oskaro" apdovanojimą londoniete (8 September 2017)။ 26 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2017 တွင် ပြန်စစ်ပြီး။
  5. Kozlov၊ Vladimir (9 September 2017)။ Oscars: Lithuania Selects 'Frost' for Foreign-Language Category The Hollywood Reporter 10 September 2017 တွင် ပြန်စစ်ပြီး။
  6. 1 2 3 4 Film about Russia’s war in Ukraine receives standing ovation in Cannes, Kyiv Post (26 May 2017)

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]