ကျောက်သလင်း

ဝီကီပီးဒီးယား မှ
(ဆီလီကာ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ကျောက်သလင်း
Sample of silicon dioxide.jpg
အမည်
IUPAC name
Silicon dioxide
အခြားအမည်များ
Quartz

Silica
Silicic oxide
Silicon(IV) oxide
Crystalline silica
Pure Silica

Silicea
အမှတ်အသားများ
CAS Number
7631-86-9 YesY
ChEBI CHEBI:30563 YesY
ChemSpider 22683 YesY
EC Number 231-545-4
Gmelin Reference
200274
KEGG C16459 N
MeSH Silicon+dioxide
PubChem 24261
RTECS number VV7565000
UNII ETJ7Z6XBU4 YesY
ဂုဏ်သတ္တိများ
SiO2
Molar mass 60.08 g/mol
ရုပ်အဆင်း Transparent solid (Amorphous) White/Whitish Yellow (Powder/Sand)
သိပ်သည်းမှု 2.648 (α-quartz), 2.196 (amorphous) g·cm−3[၁]
အရည်ပျော်မှတ် ၁,၇၁၃ ဒီဂရီ စင်တီဂရိတ် (၃,၁၁၅ ဒီဂရီ ဖာရင်ဟိုက်; ၁,၉၈၆ ကယ်လ်ဗင်) (amorphous)[၁](စာ4.88) to
ရေဆူမှတ် ၂,၉၅၀ ဒီဂရီ စင်တီဂရိတ် (၅,၃၄၀ ဒီဂရီ ဖာရင်ဟိုက်; ၃,၂၂၀ ကယ်လ်ဗင်)[၁]
−29.6·10−6 cm3/mol
အပူ စီးကူးမှု 12 (|| c-axis), 6.8 (⊥ c-axis), 1.4 (am.) W/(m⋅K)[၁](စာ12.213)
1.544 (o), 1.553 (e)[၁](စာ4.143)
အန္တရာယ်
NFPA 704

NFPA 704.svg

0
0
0
 
US health exposure limits (NIOSH):
PEL (Permissible)
TWA 20 mppcf (80 mg/m3/%SiO2) (amorphous)[၂]
REL (Recommended)
TWA 6 mg/m3 (amorphous)[၂]
Ca TWA 0.05 mg/m3[၃]
IDLH (Immediate danger)
3000 mg/m3 (amorphous)[၂]
Ca [25 mg/m3 (cristobalite, tridymite); 50 mg/m3 (quartz)][၃]
ဆက်စပ် ဒြပ်ပေါင်းများ
ဆက်စပ်သော diones
ကာဗွန်ဒိုင်အောက်ဆိုဒ်

Germanium dioxide
Tin dioxide
Lead dioxide

ဆက်စပ် ဒြပ်ပေါင်းများ
ဆီလီကွန် မိုနောက်ဆိုဒ်

ဆီလီကွန် ဆာလဖိတ်

သာမိုဓာတုဗေဒ
42 J·mol−1·K−1[၄]
−911 kJ·mol−1[၄]
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
N verify (what is YesYN ?)
Infobox references

ကျောက်သလင်း (Silicon dioxide) သည် အတွေ့ရများသော တွင်းထွက် ပစ္စည်းတစ်မျိုး ဖြစ်သည်။ မှန်ကွဲ မှန်စများနှင့် တူသောကြောင့် အလွယ်တကူပင် မှတ်မိနိုင်သည်။ သဲကျောက်များတွင်လည်း သလင်းပွင့်များ အနေနှင့် တွေ့ရတတ်၏။ ကျောက်သလင်း သည် ကမ္ဘာ့မြေလွှာတွင် အများအပြား တွေ့ရသော အောက်ဆီဂျင်ဒြပ်စင်နှင့် ဆီလီကွန်ဒြပ်စင်တို့ ပေါင်းစပ်ဖွဲ့စည်း ထားသော ပစ္စည်းဖြစ်သောကြောင့် ဓါတုဗေဒအလိုအားဖြင့် ဆီလီကွန်ဒိုင်အောက်ဆိုက်ဟု ခေါ်သည်။ သဲများသည် များသောအားဖြင့် ကျောက် သလင်းများမှ ရေစား၍သော်၎င်း၊ ပဲ့ထွက်၍သော်၎င်း ဖြစ်ပေါ်လာ၏။ ကျောက်သလင်းသည် မှန်ကို ခြစ်နိုင်လောက်အောင် မာ၏။ သို့သော် နီလာနှင့် စိန်တို့လောက်ကား မမာချေ။ ကျောက်သလင်းသည် မီးခတ်ကျောက်၊ နဂါးသွဲ့ကျောက်၊ မဟူရာကျောက် စသောကျောက်များတွင် အလွန်သေးသော ခရစ္စတယ်ကလေးများအဖြစ်ဖြင့် ပါဝင်သည်။ ကျောက်သလင်းသည် အလွန်အသုံးဝင်၏။ ကျောက် သလင်းမှ ဖြစ်သော သဲနှင့် သဲကျောက်များကို ကော်ပတ်စက္ကူ၊ အရောင်တင် အမှုန့်၊ အပူခံပစ္စည်း၊ ဓားသွေးကျောက် စသည် တို့ ပြုလုပ်အသုံးပြုကြသည်။ ဝင်ရိုးဗယ်ရင်သေးသေး လိုအပ် သည့် ကိရိယာများအတွက်လည်း အသုံးပြုကြသည်။ မှန်နှင့် မခြားအောင် ကြည်လင်၍ အလင်းပေါက်သည့် သဘာဝ ကျောက်သလင်းကို ကျောက်မျက်ရတနာအဖြစ်ဖြင့် ဝတ်ဆင်ကြ၍ ရေဒီယို၊ တယ်လီဗေးရှင်းနှင့် ရေဒါများတွင် လှိုင်းညှိ ကိရိယာအဖြစ်ဖြင့် အသုံးပြုကြသည်။ အရည်ကျိုပြီးသား ကျောက်သလင်းသည် အပူအအေးကြောင့် ကားထွက်ခြင်း ကျုံ့ဝင်ခြင်း မရှိသလောက် ဖြစ်၏။ သို့ဖြစ်ရကား အပူအအေးကြောင့် အရွယ်မပြောင်းနိုင်သော မှန်များ၊ မှန်ဘီလူးများ ပြုလုပ်ရာ၌ များစွာအသုံးဝင်သည်။ အပူဒဏ်ကို အလွန်ခံနိုင်သောကြောင့် ရုပ်ရှင်ပြစက် မှန်ဘီလူးများ ပြုလုပ် ရာ၌လည်း အသုံးပြုကြ၏။ ကျောက်သလင်းသည် ရေတွင်ဖြစ်စေ၊ အက်ဆစ် တွင်ဖြစ်စေ ပျော်ဝင်ခြင်းမရှိသောကြောင့် ဓာတ်ခွဲခန်းသုံး ဖန်ကျုများ ပြုလုပ်ရာ၌လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ကျောက်သလင်းကို စေတီတော်စိန်ဖူးများ ပြုလုပ်ရာ၌လည်း အသုံးပြုရာ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်၌ စိန်ဖူးကို မိုးကုတ်မြို့မှရရှိသော ကျောက်သလင်း ဖြင့် ပြုလုပ်သည်ဟု သိရသည်။ ထိုစိန်ဖူးကြီးသည် အချိန် ၂ ပိသာ၊ လုံးပတ် ၁၅ လက်မ၊ အချင်း ၅ လက်မ၊ အမြင့် ၁၈ လက်မရှိသည်။ သီဟိုဠ်ကျွန်းရှိ မဟာစေတီတော်မှ စိန်ဖူးကို လည်း မိုးကုတ်ထွက်ကျောက်သလင်းဖြင့် ပြုလုပ်၍ လှူဒါန်း ထားလေသည်။

ကျောက်သလင်းကို ဂေါ်တံဟုလည်း ခေါ်သည်။ ကျောက်သလင်းတွင် အမျိုးပေါင်းများစွာ ရှိသည်။ အချို့မှာ ၆ ထောင့်ပုံသဏ္ဌာန် ခရစ္စတယ်ကလေးများ ဖြစ်၍ အချို့က အတုံးလိုက် ရှိတတ်သည်။

ခရမ်းကျောက်သည် အရောင်ရှိသော ကျောက်သလင်း များတွင် အလွန်ထင်ရှား၏။ အခြားအမျိုးများမှာ ထပ်တရာတု၊ စလင်းနီနှင့် စလင်းညို စသည်တို့ ဖြစ်သည်။ ကျောက်သလင်း ကို မြန်မာနိုင်ငံ၌ မြစ်ကြီးနားခရိုင်၊ ကာမိုင်းမြို့မြောက်ဖက် မိုင် ၂ဝ ခန့်တွင် အခြားကျောက်များနှင့် ရော၍ တွေ့ရသည်။ ဂေါ်မိတ်နှင့် ဂေါ်မုတ်သည် ကျောက်သလင်းနှင့်ရော၍ တွေ့ရတတ်သော ကျောက်မျိုးများ ဖြစ်သည်။ ဂေါ်မုတ်သည် ဂေါ်မိတ်အနီမျိုး ဖြစ်လေသည်။[၅]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ (2011) CRC Handbook of Chemistry and Physics, 92nd, Boca Raton, FL: CRC Press. ISBN 1439855110 
  2. ၂.၀ ၂.၁ ၂.၂ NIOSH Pocket Guide to Chemical Hazards #0552။ National Institute for Occupational Safety and Health (NIOSH)။
  3. ၃.၀ ၃.၁ NIOSH Pocket Guide to Chemical Hazards #0682။ National Institute for Occupational Safety and Health (NIOSH)။
  4. ၄.၀ ၄.၁ Zumdahl, Steven S. (2009). Chemical Principles 6th Ed.. Houghton Mifflin Company, A22. ISBN 978-0-618-94690-7 
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)