ဆီမီယန် တောင်တန်း အမျိုးသားဥယျာဉ်
| ဆီမီယန် အမျိုးသားဥယျာဉ်* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | သဘာဝ |
| ရွေးချယ်သည့်စံနှုန်း | vii, x |
| ကိုးကား | 9 |
| ဒေသ** | အာဖရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၇၈ (ဒုတိယအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဆီမီယန်တောင်တန်း အမျိုးသားဥယျာဉ် သည် အီသီယိုးပီးယားနိုင်ငံ ရှိ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ အမ်ဟာရာဒေသရှိ ဆီမီယံမြောက်ပိုင်း ဂွန်ဒါဇုံ အတွင်း တည်ရှိသည်။ ၎င်း၏ နယ်မြေသည် ဆီမီယံတောင်တန်းများ ပါဝင်ပြီး အီသီယိုးပီးယားနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ် ရပ်စ်ဒါရှန် လည်း ပါဝင်သည်။
ထိုဒေသသည် မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်ရသော သတ္တဝါမျိုးစိတ် အများအပြား နေထိုင်ရာဖြစ်ပြီး အီသီယိုးပီးယားဝံပုလွေ နှင့် ကမ္ဘာပေါ်ရှိ အခြား မည်သည့် နေရာတွင်မှ မရှိသော ဝါလီယာ အိုင်ဘက်စ် အမည်ရှိ ဆိတ်ရိုင်းတို့လည်း ရှိသည်။ ဂျယ်လာဒါ ဘာဘွန်းမျောက်မျိုးနှင့် ကဲရကယ်တောကြောင် တို့ကိုလည်း ဆီမီယန်တောင်ကုန်းများတွင် တွေ့ရသည်။ ထိုဥယျာဉ်အတွင်း ငှက်အမျိုးပေါင်း ၅၀ ကျော်နေထိုင်ကြပြီး နှစ်သက်စဖွယ် လမ်မာဂေယာခေါ် မုတ်ဆိတ်မွေးပါလင်းတမျိုးလည်း ရှိပြီး ထိုလင်းတမှာ အတောင်ဖြန့်လိုက်ပါက ၁၀ပေ (၃ မီတာ) မျှ ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ WordTravels Ethiopia Travel Guide 1 December 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Retrieved on June 22, 2008