ဆီနှင့်အဆီခဲ
ဆီနှင့် အဆီခဲ
[ပြင်ဆင်ရန်]စက်ယန္တရားများသည် ဓာတ်ဆီ ရေနံဆီတို့ရှိမှ ပူနွေးလာ ၍ လှုပ်ရှားနိုင်ကြသည်။ ထိုနည်းအတူ လူကိုယ်ခန္ဓာစက်ကြီး သည်လည်း ဆီနှင့်အဆီခဲတို့ရှိမှ ပူနွေးလာ၍ လှုပ်ရှားနိုင်ကြ သည်။ ဆီနှင့် အဆီခဲတို့မှာ ကာဗိုဟိုက် ဒရိတ်ဓာတ်ထက်ပိုမို၍ ခန္ဓာကိုယ်အာ အပူဓာတ်ပေးစွမ်းနိုင်သည်။
ယင်းတို့သည် ကိုယ်ခန္ဓာ သွားလာလှုပ်ရှားမှုအတွက် အင်
အားကို ရရှိစေရန်သာ အသုံးဝင်သည်မဟုတ်ချေ။ စက်မှုလက်မှု
လုပ်ငန်းဆောင်တာများ၌လည်း များစွာအသုံးဝင်လေသည်။
ဟင်းသီးဟင်းရွက်၊ အသီးအနှံများမှ ထုတ်ယူရရှိသော
ဆီနှင့် ကျွဲနွား၊ ဝက်၊ ဆိတ်စသည့် တိရစ္ဆာန်များမှ ရရှိသော
အဆီခဲများမှာ ဓာတုဗေဒနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရှုလျှင်၊
ယင်းတို့၌ပါဝင်သော ဓာတ်သတ္တိများမှာ အတူတူလိုပင်ဖြစ်သည်
ကိုတွေ့ရသည်။ သို့ရာတွင် အဆီခဲမှာ ဖာရင်ဟိုက် ၆၇ ဒီဂရီ၌
ခဲသွားတတ်၍၊ ဆီမှာမူကား ထိုဒီဂရီချိန်၌ အရည်အဖြစ်တည်ရှိ
နေသေးသည်ကို တွေ့ရသည်။
အသီးအရွက်တို့မှ ရရှိသော အဆီများမှာ နှမ်းဆီ၊ မြေပဲ ဆီ၊ အုန်းဆီ၊ သံလွင်ဆီ၊ ဝါစေ့ဆီ၊ ကြက်ဆူဆီ၊ ဘိန်းစေ့ဆီ စသည်တို့ဖြစ်ကြသည်။ ထိုဆီများမှာ အထူးစီမံပြုလုပ်ထားသော စက်တွင် အသီးအစေ့တို့ကိုကြိတ်၍ ဆီကို ည|စ်ထုတ်ယူရသည်။ အချို့ဆီသည် အဝတ်၊ စက္ကူတို့အပေါ်၌ကျလျှင် စွန်း၍ကျန်ခဲ့ တတ်သည်။ အချို့မှာကား၊ လျင်မြန်စွာ သွေ့ခြောက်တတ်သည်။ ထိုသို့ လျင်မြန်စွာ သွေ့ခြောက်တတ်သော ဆီအမျိုးအစားမှာ ထိုဆီထုတ်ယူသောအပင်၊ အရွက်၊ အပွင့်တို့၏ အနံ့ကို ချုပ်ယူ ထားနိုင်သဖြင့် ရေမွှေးနှင့် ဆေးဝါးများတွင် အနံ့ထည့်ရန် အတွက် အသုံးပြုကြသည်။
အချို့ဆီများသည် လေထိလျှင် အောက်ဆီဂျင်ကို စုတ်ယူ ၍ လျင်မြန်စွာခြောက်သွေ့သွားသဖြင့် ထိုဆီသုတ်လိမ်းထား သော မျက်နှာပြင်သည် တင်းပြောင်လျက် ကျန်ခဲ့သည်။ ဘီသွာ ဆီမှာ ထိုသဘောမျိုးရှိ၍၊ ယင်းကို သင်္ဘောဆေး၊ အရောင်တင် ဆေးတို့၌ ထည့်သွင်း၍ အသုံးပြုကြသည်။ ဖယောင်ပုဆိုးလုပ် ငန်းများ ၌လည်း အသုံးပြုကြသည်။
အချို့ဆီများသည် အောက်ဆီဂျင်စုတ်ယူခြင်းနည်းသည်။ ထို့ကြောင့် လျင်မြန်စွာမခြောက်သွေ့ဘဲ၊ လေထိလျှင် တစ်ဖြည်း ဖြည်း အရောင်ပျက်၍ အနံ့လည်းတစ်မျိုးဖြစ်လာသည်။ သံလွင် ဆီ၊ ဝါစေ့ဆီ၊ ဆိုယာပဲခေါ် ပဲငပိဆီများသည်ကား ထိုကဲ့သို့ သော ဆီမျိုးဖြစ်သည်။ ထိုဆီမျိုးကို စားသုံးရန် အတွက်၎င်း၊ ဆပ်ပြာ ချက်ရန်အတွက်၎င်း အသုံးပြုကြသည်။ နှမ်းဆီနှင့် မြေပဲဆီများကို စားသုံးရန်အတွက်သာအသုံးများသည်။ အုန်းဆီ ကို ဆေးဝါးအတွက်၎င်း၊ အလှကုန်ပစ္စည်းများ အတွက်၎င်း၊ ဆပ်ပြာလုပ်ငန်းအတွက်၎င်း အသုံးပြု ကြသည့်ပြင်၊ အချို့က စားသုံးရန်အတွက်လည်း အသုံးပြုကြသည်။ ကြက်ဆူဆီကို စက်ဆီအဖြစ်၎င်း၊ ဆေးဝါးအဖြစ်၎င်း၊ ဆပ်ပြာလုပ်ရန်အတွက် ၎င်း အသုံးချကြသည်။
အသီးအနှံများမှ ဆီည|စ်ထုတ်ယူလိုက်ပြီးနောက် ကျန် သောနှမ်းဖတ်များသည် သစ်ပင်ပန်းပင် စိုက်ပျိုးရန်အတွက် ကောင်းမွန်သော မြေဩဇာများဖြစ်သည်။ ထို့ပြင် ကျွဲနွား တိရစ္ဆာန်တို့အတွက် အလွန်ကောင်း မွန်သောအစားအစာလည်း ဖြစ်ပေသည်။
တိရစ္ဆာန်မှရရှိသော အဆီများမှာ ထောပတ်၊ အမဲဆီ၊ ငါး ကြီးဆီ၊ အခြားငါးအမျိုးမျိုးမှအဆီ၊ ဝက်ဆီတို့ ဖြစ်သည်။ ထို အဆီများအနက် ထောပတ်မှလွဲလျှင် ဝက်ဆီမှာ အသုံးအဝင်ဆုံး ဖြစ်သည်။ အမဲဆီသည် ကျွဲနွား သိုးဆိတ်တို့မှ ရရှိသောအဆီခဲ ဖြစ်၍၊ မာဂျရင်းခေါ် ထောပတ်တုပြုလုပ်ရာ၌ အသုံးဝင်လေ သည်။
သားငါးတိရစ္ဆာန်တို့မှ အဆီခဲကို ထုတ်ယူပုံမှာ အဆီရှိ
သော အပိုင်းကို ခုတ်ထစ်ဖြတ်တောက်၍ ရေထည့်ထာသော
သံစည်ကြီးများတွင်ထည့်ရသည်။ ထို့နောက် အပူတိုက်ပေး၍၊
ပူလာသောအခါ၌ အဆီသည်အပေါ်သို့တက်လာ၏။ ထိုအဆီ
ကို ခပ်ယူရသည်။ စားသုံးရန်အတွက် အဆီခဲများကို ဂရုစိုက်၍
သန့်ရှင်းစွာ ပြုလုပ်ရလေသည်။
အဆီခဲများသည် အဝတ်စက္ကူတို့ အပေါ်၌ ကျလျှင်လျင်
မြန်စွာ မခြောက်ဘဲ၊ အစွန်းထင်၍ကျန်ခဲ့သည်။ အမျိုးအစား
ညံ့သော ဆီများကို ဆပ်ပြာလုပ်ငန်းများ၌ အသုံးချသည်။
ဆီနှင့် အဆီခဲတို့သည် ရေနှင့် မရောစပ်နိုင်ကြသော်လည်း
အရက်၊ အီသာတို့နှင့်မူ ရောစပ်နိုင်၏။
လူတို့၏ အရေပြားပေါ်တွင် အဆီခဲကလေးများရှိသည်။
ထိုအဆီခဲများကြောင့်သာ အရေပြားနှင့် အမွေးကလေးများသည်
လိုအပ်သော ဆီကိုရနိုင်ကြသည်။ သို့မဟုတ်ပါက ခြောက်သွေ့
လျက်ရှိပေမည်။ ထိုအဆီခဲကလေးများကြောင့်လည်း လူတို့၏
အရေပြားသည် ချောမွတ် ပျော့ပျောင်းလျက် ရှိ နေနိုင်ပေသည်။
တိရစ္ဆာန်နှင့် အပင်တို့မှရသော အဆီသည် အခဲသော်လည်းကောင်း၊
အရည်သော်လည်းကောင်းဖြစ်သည်။ တိရစ္ဆာန်အားလုံး၌ မဟုတ်စေကာမူ၊
တိရစ္ဆာန်အများ၌ အဆီသည်အခဲဖြစ်၏။ ထိုအဆီများတွင်
ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်များပါရှိသည်။ ထို
အဆီခဲ သို့မဟုတ် အဆီရည်ကို လေထဲ၌တာရှည်ပစ်ထားက
ပျက်စီးသွားတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အဆီရှိ ဒြဗ်စင်များ
သည် ပြိုကွဲသွား၍ အဆီအက်ဆစ်သည် ဓာတ်သဘောအရ
ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)