ဆီနာဘန်းမီးတောင်

ဝီကီပီးဒီးယား မှ
ဆီနာဘန်းမီးတောင်
Gunung Sinabung (အင်ဒိုနီးရှား)
Deleng Sinabung (Karo)
၂၀၁၀ တွင် တွေ့ရသော ဆီနာဘန်း
အမြင့်ဆုံးအမှတ်
အမြင့်၂,၄၆၀ m (၈,၀၇၀ ft)[၁]
ပေါ်လွင်မှု၁,၁၃၃ m (၃,၇၁၇ ft) Edit this on Wikidata
Isolation၂၈.၄၃ km (၁၇.၆၇ mi) Edit this on Wikidata
စာရင်းသွင်းခြင်းRibu
ကိုဩဒိနိတ်3°10′12″N 98°23′31″E / 3.17°N 98.392°E / 3.17; 98.392ကိုဩဒိနိတ်: 3°10′12″N 98°23′31″E / 3.17°N 98.392°E / 3.17; 98.392
ပထဝီဝင်
ဘူမိဗေဒ
ကျောက်သားသက်တမ်းPleistocene
တောင်အမျိုးအစားStratovolcano
Volcanic arc/beltSunda Arc
နောက်ဆုံး ပေါက်ကွဲမှု၂၀၁၃ မှ ၂၀၁၅ (ongoing)

ဆီနာဘန်းမီးတောင် (Mount Sinabung) သည် အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းတွင် တည်ရှိသည်။

ပေါက်ကွဲမှုများ[ပြင်ဆင်ရန်]

၂၀၁၀[ပြင်ဆင်ရန်]

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတောင်ပိုင်းရှိ ဆီနာဘန်းမီးတောင်ကြီးသည် နှစ်ပေါင်း ၄၀၀ ကျော်ငြိမ်သက်နေပြီးနောက် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့သည်။ နောက်နေ့တွင်လည်း ဒုတိယအကြိမ်ထပ်မံပေါက်ကွဲပြန်သည်။ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် တတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ရာ မီးတောင်ပြာပူများလေထုထဲသို့ သုံးကီလိုမီတာအမြင့်အထိ ပြင်းထန်စွာ မှုတ်ထုတ်ခဲ့သည်။ ရက်သတ္တတစ်ပတ်အတွင်းဆက်တိုက်ပေါက်ကွဲခဲ့သော မီးတောင်ကြီး၏အန္တရာယ်မှ လွတ်ကင်းရန် ဒေသခံပြည်သူများဝေးရာသို့ပြောင်းရွှေ့ကြရသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ငါးမိုင်အကွာအဝေးအထိ မြေငလျင်တုန်ခါမှုဖြစ်သည်။ မီးတောင်အနီးရှိ ကျေးရွာမှ စိုက်ခင်းများ၊ လူနေအိမ်များပေါ်သို့ မီးတောင်ပြာများကျရောက်ဖုံးအုပ်ခဲ့သည်။ မီးတောင်မှ မှုတ်ထုတ်လိုက်သောအငွေ့များထဲရှိ ဆာလ်ဖာဓာတ်ငွေ့နံ့များကို ပတ်ဝန်းကျင်မှ ရှူရှိုက်ခံစားကြရသည်။ သိပ်သည်းသော မီးခိုးလုံးများကြောင့် ကောင်းကင်၌ပင် မှုန်ဝါးမှုကို ဖြစ်ပေါ်စေသည်။ ထိုဒေသတစ်ဝိုက်ရ ပြည်တွင်းလေကြောင်းပျံသန်းမှုအချို့ကို ရုပ်သိမ်းခဲ့ရကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် အချိန်မရွေးပေါက်ကွဲနိုင်သော မီးတောင်များစွာရှိသေးသည်။ ယခုနှစ်ဩဂုတ်လ ၆ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းဆူလောဝကျွန်းတန်းပေါ်ရှိ ကာရန်ဂျီတန်မီးတောင် ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ချော်ရည်များနှင့်ပြာပူများသည် မီးတောင်ဆင်ခြေလျှောတစ်လျှောက် ဒလဟောစီးဆင်းခဲ့သည်။ အနောက်ဘက်ဆင်ခြေလျှောရှိ ကျေးရွာမှ လူနေအိမ်ခုနစ်လုံးပျက်စီး၍ လူလေးဦးသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားသည်။

ပေါက်ကွဲရခြင်း အကြောင်းရင်း[ပြင်ဆင်ရန်]

ဤမီးတောင်ပေါက်ကွဲရခြင်းအကြောင်းကို ပညာရှင်များက ပြောကြားရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မီးတောင်ဝက ချော်ပိတ်မြေများ ရေနှင့်ပျော်ကာဖွင့်ဖောက်သကဲ့သို့ဖြစ်ပြီးပေါက်ကွဲခြင်းဖြစ် ရသည်ဟုဆိုသည်။ မီးတောင်ပေါက်ကွဲမှုကြောင့်အပူချိန် ဒီဂရီဖာရင်ဟိုက် ၁ç၁၁၀ ရှိသော ဓာတ်ငွေ့မီးတောင်ပြာများကို မှုတ်ထုတ်ခဲ့ပြီး တိမ်တိုက်ထဲသို့ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကြီးမားသော မီးတောင်ပေါက်ကွဲမှု မှတ်တမ်းများအရ အများဆုံး ပေါက်ကွဲမှုဖြစ်ပေါ်သည့်နိုင်ငံဟု ဆိုရမည်ဖြစ်သည်။ ၁၇၀၀ ပြည့်လွန်နှစ်မှအစပြု၍ ကြီးမားသော မီးတောင်ပေါက်ကွဲမှု ၃၁ ကြိမ်ဖြစ်ပွားခဲ့သည့်အနက် အင်ဒိုနီးရှား၊ ချီလီ၊ အီတလီနှင့်မက္ကဆီကိုနိုင်ငံများတွင် သုံးကြိမ် စီဖြစ်ပွားခဲ့သည်။ ယင်းတို့အနက် ၂၀၀၀ပြည့်လွန်နှစ်များအတွင်း အများဆုံးမီးတောင်ပေါက်ကွဲသည့်နိုင်ငံ သည် အင်ဒိုနီးရှားနိုင်ငံပင်ဖြစ်သည်။ ၂၀၀၄၊ ၂၀၀၇နှင့် ၂၀၀၈ခုနှစ်တို့တွင်ဖြစ်ပွားခဲ့ခြင်းနှင့်စာလျှင် ယခု၂၀၁၀ပြည့် နှစ်တွင် ဖြစ်ပွားသော အင်ဒိုနီးရှားနိုင်ငံမှ မီးတောင်ပေါက်ကွဲမှုများသည် ကြီးမားသည့် ပေါက်ကွဲမှုများဟု မဆိုနိုင်သော်လည်း ဤသို့မီးတောင်ပေါက်ကွဲမှု အသေးစားများမှာလည်း အင်ဒိုနီးရှားက စံချိန်တင်ထားလေသည်။

ကမ္ဘာ့ပထဝီအနေအထားအရ အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းများသည် ကမ္ဘာ့မီးတောင်များတန်းစီ ပေါ်ပေါက်ခဲ့ရာလမ်းကြောင်းတစ်လျှောက်လိုက်၍ ရေးဆွဲထားသော မီးအကွင်းလမ်းသည် ကမ္ဘာ့မြေပုံ၌ မြန်မာအက္ခရာ 'ဏ' ပုံစံနှင့်တူသည်။ တောင်အမေရိကတိုက် တောင်ဘက်အစွန်းဆုံးရှိ ချီလီနိုင်ငံ၏ တောင်စွန်းမှ စတင်သောအဆိုပါ မီးအကွင်းလမ်းကြောင်းသည် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေမှ အပေါ်မြောက်ဘက်သို့တက်လာပြီး မြောက်အမေရိကတိုက် အနောက်ဘက်ကမ်းခြေအတိုင်း တက်သွားသည်။ အလက်စကားကျွန်းဆွယ်မှ ဘားရင်းပင်လယ်ကိုဖြတ်ကျော်ပြီး အာရှတိုက် ကမ်ချတ်ကားကျွန်းဆွယ် အရှေ့ဘက် ကမ်းခြေမှ ဂျပန်နိုင်ငံအတိုင်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဆင်းကာ ဖိလစ်ပိုင်မှအောက်ပိုင်းရှိ အင်ဒိုနီးရှားနိုင်ငံ နယူးဂီနီကိုကျော်ပြီး အရှေ့ဘက်ကွေ့ကာ နယူးဇီလန်နိုင်ငံသို့ ဆက်သွားသည်။ ထိုမှ အနောက်ဘက်ပြန်လာပြီး အင်ဒိုနီးရှားရှိ အင်ဒိုနီးရှား ဂျာဗား၊ ဆူမတြားကျွန်းများကိုဖြတ်ကာ မြန်မာနိုင်ငံ မုတ္တမပင်လယ်အော်မှ နိုင်ငံတွင်းကို စစ်ကိုင်းမြို့အနီးမှ ဖြတ်ကျော်သည်။ တရုတ်နိုင်ငံ အနောက်တောင်ဘက်မှ အိန္ဒိယနိုင်ငံမြောက်ဘက်ကိုဖြတ်၍ ကက်ရှမီးယားဒေသကိုကျော်ပြီး အာဖဂန်၊ အီရန်၊ တူရကီနိုင်ငံများမှ ဥရောပကိုဝင်သည်။ ထိုမှ အီတလီနိုင်ငံကို ဖြတ်ကာ စပိန်နိုင်ငံတောင်ဘက်စွန်း ကျွန်းဆွယ်ကမ်းခြေအရောက်တွင် ပြီးဆုံးသည်။

လွန်ခဲ့သောနှစ်သန်း ၅၀၀ ကျော်မှစ၍ ကမ္ဘာပေါ်တွင် မီးတောင်ပေါင်း ၅၄၀ ခန့် ပေါက်ကွဲသည့်အနက် ၇၅ ရာခိုင်နှုန်းမှာ အဆိုပါ မီးအကွင်းလမ်းကြောင်းပေါ်ရှိဒေသများက မီးတောင်ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု ပညာရှင်များကဆိုသည်။ မီးအကွင်းလမ်းကြောင်းရှိနေရာအတော်များများတွင် ရှေးကတည်းက ထင်ရှားကြီးမားသော မီးတောင်ပေါက်ကွဲမှုများရှိခဲ့သည်။ ထို့နောက် မီးငြိမ်းတောင်များအဖြစ် နှစ်ပေါင်းများစွာ မပေါက်ကွဲတော့ဘဲ ငြိမ်သက်နေသည့် မီးတောင်များရှိသကဲ့သို့ မကြာမကြာထပေါက်နေသော သက်ဝင်လှုပ်ရှားနေသည့် မီးတောင်များလည်းရှိသည်။ မီးငြိမ်းတောင်အဖြစ် ထင်ရှားသော မီးတောင်များအနက် ဂျပန်နိုင်ငံမှ ဖူဂျီတောင်သည် အထင်ရှားဆုံးဖြစ်သည်။ မှတ်တမ်းများအရ ဖူဂျီတောင်သည် ၁၇၀၈ ခုနှစ်တွင် နောက်ဆုံးပေါက်ကွဲပြီးနောက် ယနေ့တိုင် ငြိမ်သက်နေသော မီးငြိမ်းတောင်ဖြစ်သည်။ မှတ်တမ်းမှတ်ရာအတိအကျမရှိသော်လည်း မြန်မာနိုင်ငံတွင်လည်း ပုပ္ပါးတောင်ကြီးသည် ရှေးနှစ်ပေါင်းများစွာက ပေါက်ကွဲခဲ့ဖူးသည်ဟုယူဆကြသည်။ ပုပ္ပါးတောင် ပေါက်ကွဲမှုကြောင့် ဧရာဝတီမြစ်ကြီးပင် တစ်ဆစ်ချိုးလမ်းကြောင်းပြောင်းချိုးကွေ့ခဲ့ရသည်ဟု အဆိုရှိသည်။ အလားတူမကွေးတိုင်းဒေသကြီးရှိ နဂါးပွက်တောင်မှာလည်း မီးငြိမ်းတောင်ဟု အထင်ရှိကြသည်။ မြန်မာနိုင်ငံတွင် ရှေးအခါက မီးတောင်များပေါက်ကွဲခဲ့သည်မှာအမှန်ပင်ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘူမိဗေဒပညာရှင်များ ရေးဆွဲထားသည့် ကမ္ဘာ့မီးအကွင်းလမ်းကြောင်းသည် မြန်မာနိုင်ငံမှ ဖြတ်သွားသည်ကို ဖော်ပြထားသောကြောင့်ဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Sinabung။ Smithsonian Institution။ 2006-12-18 တွင် ပြန်စစ်ပြီး။
  2. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)