ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ
ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ | |
---|---|
၂၀၁၅ ခုနှစ်က ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျ | |
မွေးဖွား | အီဗန်နို ဖရန်ကစ်ဗ်စ်၊ ယူကရိန်းနိုင်ငံ | ၁၇ နိုဝင်ဘာ၊ ၁၉၈၂
အလုပ်အကိုင် | ဘာသာပြန်စာရေးဆရာ |
ဆိုဖီယာ ယူရီယစ်ဗနာ အန်ဒရူကိုဗစ်ခ်ျ (ယူကရိန်း: Софі́я Ю́ріївна Андрухо́вич, ၁၉၈၂၊ နိုဝင်ဘာ ၁၇ ဖွား) သည် ယူကရိန်းလူမျိုး ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်သည်။ ခင်ပွန်းဖြစ်သူ အန်ဒရီယာ ဗွန်ဒါရ်သည်လည်း စာရေးဆရာတစ်ဦးပင်ဖြစ်သည်။
ဘဝနှင့် ဆောင်ရွက်ချက်များ
[ပြင်ဆင်ရန်]ဆိုဖီယာ အန်ဒရူကိုဗစ်ခ်ျကို ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၊ အီဗန်နို ဖရန်ကစ်ဗ်စ်မြို့၌ မွေးဖွားသည်။ ဖခင်ဖြစ်သူမှာ စာရေးဆရာ ယူရီ အန်ဒရူကိုဗစ်ခ်ျဖြစ်သည်။ စာရေးဆရာ အန်ဒရီယာ ဗွန်ဒါရ်နှင့် လက်ထပ်ပြီး ၂၀၀၈ ခုနှစ် မတ်လ ၁၀ ရက်တွင် ဗာရ်ဗာရာဟူသော သမီးတစ်ယောက် မွေးဖွားသည်။
အန်ဒရူကိုဗစ်ခ်ျသည် လစဉ်ထုတ်စာစောင် Chetver ၏ လက်ထောက်တည်းဖြတ်သူဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် သူ၏ဝတ္ထု Felix Austria သည် ဘီဘီစီ ယူကရိန်း၏ ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးစာအုပ်အဖြစ် ရွေးချယ်ခံရသည်။[၁] ၂၀၂၁ ခုနှစ် မတ်လတွင် အမျိုးသမီးအနုပညာရှင်ဆု (စာပေ) ရရှိခဲ့သည်။[၂]
ပြုစုထုတ်ဝေမှုများ
[ပြင်ဆင်ရန်]စကားပြေ
[ပြင်ဆင်ရန်]- Літо Мілени (ကီးယက်၊ ၂၀၀၂)
- Старі люди (အီဗန်နို ဖရန်ကစ်ဗ်စ်၊ ၂၀၀၃)
- Жінки їхніх чоловіків (အီဗန်နို ဖရန်ကစ်ဗ်စ်၊ ၂၀၀၅)
- Сьомга (ကီယက်၊ ၂၀၀၇)
- Фелікс Австрія, English: Felix Austria (လဗစ်ဗ်၊ ၂၀၁၄).
ဘာသာပြန်
[ပြင်ဆင်ရန်]- မနွဲလာ ဂရတ်ကိုစကာ၏ Європейка (ပိုလန်ဘာသာစကားမှ)
- ဂျေကေရိုးလင်း၏ Гаррі Поттер і келих вогню (ဗစ်တော်ရ် မိုရိုဇိုဗ်နှင့်တွဲဖက်၍ အင်္ဂလိပ်ဘာသာစကားမှ)
ကိုးကား
[ပြင်ဆင်ရန်]References
[ပြင်ဆင်ရန်]- ↑ "BBC Ukrainian Book of the Year 2014 and Book of the Decade winners named"၊ The Financial၊ 13 December 2014။
- ↑ Winners of Women in Arts Award 2021 announced။ Ukrinform (15 March 2021)။ 16 May 2021 တွင် ပြန်စစ်ပြီး။