ဆိုင်းရင်းမြို့ ၊ လစ်ဗျားနိုင်ငံ

ဝီကီပီးဒီးယား မှ
ဆိုင်းရင်း ရှေးဟောင်းသုတေသနနယ်မြေ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  လစ်ဗျား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii, vi
ကိုးကား ၁၉၀
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဆိုင်းရင်းမြို့ သည် ရှေးခေတ်ဂရိ နှင့် ရောမ မြို့တော်တစ်ခုဖြစ်ပြီး ယနေ့ခေတ် လစ်ဗျားနိုင်ငံ ရှာဟတ် အနီးတွင် တည်ရှိသည်။ ၎င်းသည် ဒေသအတွင်းရှိ ဂရိမြို့တော် ၅ ခုတွင် ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော မြို့ဖြစ်သည်။ ထိုမြို့ကို အစွဲပြု၍ လစ်ဗျားအရှေ့ပိုင်းအား ဆိုင်းရင်နိုင်ကာ ဟု ခေါ်ဆိုခဲ့သည်မှာ ယနေ့ထက်တိုင် နာမည်တွင်ခဲ့သည်။ ရှေးခေတ် ဆိုင်းရင်းမြေအောက်ဂူသင်္ချိုင်း အနီးတွင် တည်ရှိသည်။

ဆိုင်းရင်းမြို့သည် ဂျီဘဲလ် အက်ကဒါ ကုန်းမြင့် အတွင်းရှိ စိမ်းစိုသော တောင်ကြားတစ်ခုတွင် တည်ရှိသည်။ ထိုမြို့အား ကိုင်ရီ ရေပူစမ်းကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်း ဖြစ်ပြီး ဂရိတို့မှ အပိုလိုနတ်မင်းနှင့် သက်ဆိုင်သည့် မြင့်မြတ်သော နေရာ အဖြစ်သတ်မှတ်ကြသည်။ ဆိုကရေးတီး ၏ တပည့်တစ်ဦးဖြစ်သော အရစ္စတီးပတ်စ် ဘီစီ ၄ ရာစုတွင် တည်ထောင်ခဲ့သည့် ဆိုင်းရင်းနိတ် အတွေးအခေါ်ကျောင်း တည်ရှိရာ နေရာလည်း ဖြစ်သည်။ အာဖရိက၏ အေသင်မြို့ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ [၁][၂][၃][၄]


ကိုးကား[ပြင်ဆင်ရန်]